♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 30, 2015

"တစ္ဆေသရဲ လိုက်ရှာသူတွေကြောင့် The Conjuring ဇာတ်ကား ရဲ့ အိမ်ပိုင်ရှင်က တရားစွဲဆိုပေးရန် တောင်းဆို"

 
မိခင်က သရဲပူးခံရပြီး နောက်ဆုံး သူမကို ကယ်နိုင်ခဲ့တဲ့ Annabelle အမည်ရှိ ကြက်သီးဖြန်းဖြန်းထစရာ ကစားစရာ အရုပ်တစ်ခုပါဝင်တဲ့ တစ္ဆေခြောက်တဲ့ အိမ်အကြောင်း ကြောက်လန့်တုန်လှုပ်ဖွယ် ရုပ်ရှင်ဇာတ်ကား The Conjuring ကို မှတ်မိကြပါသလား။ ကျန်ခဲ့တဲ့ ၂ နှစ်အတွင်း စိတ်ထဲ အရိုးစွဲကျန်ရစ်နေစေတဲ့ အချက်ကြောင့် မှတ်မိကောင်းမှတ်မိပါလိမ့်မယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကြောင့် အဲဒီအိမ်ကြီးအတွင်း တကယ့် လက်တွေ့လောက မှာ နေထိုင်သူတွေဟာ အိပ်ရေးပျက်ခဲ့ရပါပြီ။

ဘာကြောင့်လဲဆိုတော့ The Conjuring ရုပ်ရှင်ဇာတ်ကား အားပေးတဲ့ ပရိသတ်အများအပြားဟာတစ္ဆေသရဲတွေ တွေ့ရ
မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ၄င်းအိမ်ဆီကြီးဆီ လာရောက်ကြပြီး  သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့လို့ပဲ ဖြစ်တယ်။ အခု Norma Sutcliffe နဲ့ Gerry Helfrich တို့ဟာ Warner Bros. ကို အတိအကျမရှိတဲ့ ပျက်စီးမှုတွေနဲ့ လုံခြုံရေးစနစ်
တစ်ခုအတွက် တရားစွဲဆိုနေကြပြီဖြစ်ပြီး ရုပ်ရှင် ထုတ်လုပ်သူတွေအနေနဲ့ သူတို့အိမ်လိပ်စာအစစ်အမှန်ကို ကောင်းစွာ ဖုံးကွယ်မထားမိခဲ့ကြောင်း အခိုင်အမာပြောဆိုထားပါတယ်။ Warner Bros. အတွက် တာဝန်ရှိသူတစ်ဦးက ယင်းရိုက်ကွင်း စတိုဒီယိုအနေနဲ့ တရားစွဲဆိုမှု မလုပ်ခဲ့ကြောင်းနဲ့ ဘာတုံ့ပြန်မှုမှ မပေးခဲ့ကြောင်း The Globe ကို ပြောပြသွားခဲ့တယ်။

“အဲဒီရှပ်ရှင်ဇာတ်ကား ထွက်ရှိလာကတည်းက ကျွန်ုပ်တို့ အကြိမ်ကြိမ် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသလို ဝိုင်းမေးတာလည်း
ခံခဲ့ရပါတယ်” လို့ Boston Globe နဲ့ အင်တာဗျူးတစ်ခုမှာ Norma က ပြောဆိုခဲ့ပါတယ်။ “လူတွေက တစ်ချိန်လုံးလာ
ရောက်နေကြတယ်။ ကျန်ခဲ့တဲ့ စနေနေ့က လူတစ်အုပ်စု အိမ်အပြင်ဘက်မှာ ရောက်လာကြလို့ ကျုပ် ရဲကို မနက် ၃ နာရီ ခွဲမှာ ဖုန်းဆက်ခေါ်ခဲ့ရတယ်။ ဒါ တော်တော်ဆိုးဆိုးရွားရွားပါ။ ဒါမျိုးတွေက အဆုံးသတ်မှာ လည်း မဟုတ်ဘူး။ ဆိုလိုတာ
က ကြောက်လို့ ဒီအိမ်ကို ရောင်းဖို့ကြံမယ် ထင်လား” သူမက ဒေါသထွက် ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အဲဒီအိမ်ကြီးအတွင်း တစ္ဆေသရဲ တကယ်ရှိတယ်ဆိုရင် တစ္ဆေသရဲကြောင်း တကယ်စိတ်ပါဝင်စားသူတစ်ယောက်
ယောက်က အိမ်ကြီးကို ဈေးကြီးပေးဝယ်ပြီး နေထိုင်ကောင်း နေထိုင်နိုင်ပါတယ်။

Ref: Cosmopolitan
Credit : http://www.trend.com.mm/2015/10/29/movies-7981

No comments:

Subscribe

လာလည်သူများ

free counters