♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 28, 2015

"လှပတဲ့ မျက်နှာပြင်လေးပေါ်မှ မှဲ့ခြောက် အန္တရာယ် ကင်းဝေးစေဖို့ "

 
မျက်နှာပေါ်က မှဲ့ခြောက်တွေကြောင့် အရမ်းကို စိတ်ညစ်နေ ရပါသလား။ မှဲ့ခြောက်တွေဆိုတာ ချွေးပေါက် ပိတ်ခြင်းနဲ့ အဆီပြန်ခြင်းတို့ကြောင့် အဖြစ်များတတ်တယ်လို့ သုတေသီတွေက ဆိုပါတယ်။ အဆီပြန်တတ်တဲ့ အသားအရေ ပိုင်ရှင်တွေမှာ အဖြစ်များပြီး အဓိကတော့ နှာခေါင်းနဲ့ မျက်နှာပြင်တဝိုက်မှာ တွေ့ရတတ်ပါတယ်။ ဒီမှဲ့ခြောက်တွေဟာ ဝက်ခြံဖြစ်ပွားစေဖို့ အစပြုတာလို့လည်း ပြောလို့ရပါတယ်။ မှဲ့ခြောက်ကို ဖြစ်ပွားစေတဲ့ အဓိကအကြောင်းအရင်းတွေကတော့

၁။ စိတ်ဖိစီးမှုများခြင်း။

 ၂။ ဟော်မုန်းအပြောင်းအလဲ ဖြစ်ခြင်း။

၃။ မျိုးရိုးလိုက် ဖြစ်တတ်ခြင်း။

၎။ အသားအရေ မသန့်ရှင်းခြင်း။

 ၅။ မိမိနဲ့ မတည့်တဲ့ မိတ်ကပ်များ အသုံးပြုမိခြင်း။

 ၆။ ဆေးလိပ်သောက်ခြင်း။

၇။ အရက်သေစာ သောက်စားခြင်း။
 ၈။ ကော်ဖီ အလွန်အကျွံ သောက်သုံးခြင်း တို့ ပဲ ဖြစ်ပါတယ်။

 အောက်ဖက်မှာ ပေးထားတဲ့ နည်းလမ်းလေးတွေကတော့ မှဲ့ခြောက်ဖြစ်ခြင်းကို သဘာဝ ဓာတုပစ္စည်းတွေမသုံဘဲ သဘာဝအတိုင်း သက်သာပျောက်ကင်းစေတဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။

 ၁။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ အဆိပ်အတောက်ကင်းစေတဲ့ ဓါတ်တစ်မျိုး ပါဝင်တာကြောင့် မှဲ့ခြောက်တွေကို အလျှင်မြန်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ ခရမ်ချဉ်သီးကို အလွှာပါးလေးတွေလှီးပြီး အိပ်ယာမဝင်ခင် မှဲ့ခြောက်ရှိတဲ့ နေရာပေါ်မှာ တင်ပြီး အိပ်ပေးပါ။ နောက်တစ်နေ့မနက်ကျမှ ရေသန့်သန့်လေးနဲ့ မျက်နှာသစ်လိုက်ပါ။

၂။ လီမွန်

လီမွန်ရည်ကလည်း မှဲ့ခြောက်ကို ကုသဖို့ သင့်တော်တဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ လီမွန်ရည်အနည်းငယ်ကို ပန်းကန်လုံးထဲမှာ ညှစ်ပြီး ဆားအနည်းငယ်နဲ့ ရောမွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာကိုသန့်စင်အောင် သစ်ပြီး လီမွန်ရည် ကို မျက်နှာ တစ်လျှောက် သုတ်လိမ်းပေးပါ။ မိနစ် (၂ဝ) လောက်ကြာမှ ရေနွေးလေးနဲ့ မျက်နှာ သစ်ပေးပါ။

၃။ သွားတိုက်ဆေး

 သွားတိုက်ဆေး အနည်းငယ်ကို မှဲ့ခြောက်ပေါ်မှာ (၂၅) မိနစ်လောက် လိမ်းထားပြီး ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးခြင်းကို နှစ်ပတ်လောက် ဆက်တိုက် လုပ်ပေးပါက မျက်နှာပေါ်မှာ ရှိတဲ့ မှဲ့ခြောက်တွေကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

 ၄။ ပျားရည်

 ပျားရည်မှာ အဆိပ်အတောက်ပြေစေတဲ့ ဓါတ်တစ်မျိုးပါဝင်တာကြောင့် မျက်နှာအဆီပြန်ခြင်းနဲ့ မှဲ့ခြောက်ဖြစ်ခြင်းတွေကို သက်သာပျောက်ကင်းစေပါတယ်။ ပျားရည်ကို မျက်နှာပေါ်မှာ မှဲ့ခြောက်ရှိတဲ့ နေရာတွေမှာ သုတ်လိမ်းပေးပါ။ (၁၅) မိနစ်လောက်နေမှ ရေနွေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။

၅။ ကြက်ဥ အကာ

 ကြက်ဥ အကာဟာ မှဲ့ခြောက်ကုသရာမှာ အစွမ်းထက်တဲ့ ဆေးနည်းတစ်ခုဖြစ်ပါတယ်။ ကြက်ဥ (၂) လုံးကိုဖောက် အကာကို ပန်းကန်ထဲမှာ ဖောက်ထည့်ပြီး ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက်နဲ့ ရောမွှေလိုက်ပါ။ ပြီးရင်တော့ မှဲ့ခြောက်ရှိတဲ့နေရာတွေမှာ သုတ်လိမ်းပေးပါ။ မိနစ်(၃၀) လောက် ကြာတဲ့အခါ ရေနွေးနွေးလေးနဲ့ မျက်နှာကို ဆေးကြောလိုက်ပါ။ ဒါဆိုရင်တော့ မျက်နှာပေါ်က မှဲ့ခြောက်တွေ အတွက် စိတ်အေးသွားရပါပြီ။ အထက်ပါနည်းလမ်းလေးတွေက မှဲ့ခြောက် ကြောင့် စိတ်ညစ်နေတဲ့ ဂန္ထဝင်ရဲ့ ညီမငယ်လေးတွေအတွက် အသုံးဝင်စေဖို့ မျှော်လင့်ပါတယ်။ အကယ်၍ အသုံးတည့်ခဲ့မယ်ဆို သူငယ်ချင်းတွေ အတွက်လည်း မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

Credit : gandawin
Credit : http://www.shwechitthu.com/2015/10/blog-post_686.html

No comments:

Subscribe

လာလည်သူများ

free counters