♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 30, 2015

"ဘတ်စ်ကားဒရိုက်ဘာရဲ့ မျက်နှာကို သေးခွက်နဲ့ ပစ်ပေါက်သွားတဲ့ လူတစ်ယောက် "

 
ဘတ်စ်ကားဒရိုက်ဘာရဲ့ မျက်နှာကို သေးခွက်နဲ့ ပစ်ပေါက်သွားတဲ့ လူတစ်ယောက်ရှိပါတယ်။ သူ့ကို ရဲတွေက နယူးယောက်မြို့မှာ လိုက်လံရှာဖွေနေတယ်လို့ သတင်းရရှိပါတယ်။

Bronx မှာ ၅နှစ်သား ကောင်လေးတစ်ယောက်နဲ့ ကားပေါ်က ဆင်းသွားတဲ့ တစ်ယောက်ကို ရဲတွေက သံသယရှိနေပါတယ်။
ဘတ်စ်ကားဟာ Pelham Bay ဓာတ်ဆီဆိုင်မှာ တွန့်ဆုတ်တွန့်ဆုတ် လုပ်နေတဲ့အတွက် သူဟာ ဒရိုက်ဘာနဲ့ စကားများပြီး ဒရိုက်ဘာရဲ့ မျက်နှာကို သေးခွက်နဲ့ ပစ်ပေါက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ့နောက်တော့ သူဟာ ကောင်လေးနဲ့အတူ ထွက်ပြေးသွားတယ်လို့ ရဲတွေက ပြောပါတယ်။

ဘတ်စ်ကား ဒရိုက်ဘာဟာ မျက်စိနဲ့ မျက်နှာတွေ ကျိန်းစပ်ပြီး ဆေးရုံသွားပြလိုက်ရတယ်လို့ သိရပါတယ်။

Credit:ThitHtoolwin 

Credit : http://www.phothutaw.com/2015/10/blog-post_623.html

No comments:

Subscribe

လာလည်သူများ

free counters