♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 28, 2016

" အမေနဲ့အဖေက အရိုးခံတွေ သူများဆိုသနားတတ် ယုံလွယ်တတ်နဲ့ အိမ်ဖော်ဆိုတော်တော်ကြောက်နေပြီ "

 
အိမ်ဖော်ကောင်မလေးအမည်က စိုးစိုးဝင်း ပါ ။ လက်ခုပ်ကုန်းမှာနေတယ်။ အသက် ၁၈ နှစ်ပါ။ ပွဲစားနဲ့ 11.4.16 မှာ အိမ်အကူလုပ်ချင်ပါတယ် ကလေးထိန်းတတ်တယ် ထမင်းဟင်းချက်ပါတယ်ဆိုပြီးရောက်လာတယ်။နှစ်လစာ ကြိုထုတ်ပါတယ်။ အိမ်ရောက်တော့ နှစ်နှစ်ကျော် ကလေးတစ်ယောက်သူ့မှာ်ရှိတယ်ဆိုတာသိရတော့ ကလေးနဲ့ ဖြစိပါ့မလားဆိုတော့ကလေးကသူနဲ့နေတာမဟုတ်ဘူး အဖွားနဲ့နေတာတဲ့။ အဲ့ဒါနဲ့ နင်ဘက်ကသေချာလုပ်မှာလားဆိုတော့လုပ်မှာတဲ့။ လောလောဆယ် နှစ်လစာ ယူထားတော့ ဒီနှစ်လတော့ ပီပီပြင်ပြင်လုပ်ရမယ်ပြောလိုက်တယ်။ တစ်ညပဲရှိသေးတယ် 12.4.16 မနက်လည်းကျရော ပွဲစားမိန်းမ က်ုဖုန်းဆက်ပေးပါ အိမ်ပြန်ချင်တယ်ဆိုပြီး ။ ပဲင်္ွားစားကိုဆက်တာ အဲ့ဒီတနေ့လုံးဖုန်းမကိုင်ဘူး။ 13.4.16 မှာ တခြားဖုန်းနဲ့ဆက်မှ ပွဲစားမကကိုင်တယ် ကောင်မလေးကပြန်ချင်တယ် လာပြန်ခေါ်ပါပြောတော့ သင်္ကြန်အတွင်း ကားတွေမထွက်လို့ ခေါ်ဖို့အဆင်မပြေဘူးပြောတယ်။နောက်တော့ ကောင်မလေးကို သူ့အဖေနဲ့ဖုန်းပြောခိုင်းတော့ မခေါ်နိုင်ဘူး ပိုက်ဆံလည်းပြန်ပေးစရာမရှိဘူးဆ်ုပြီးပြောတယ် အိမ်ဖော်ကောင်မလေးက အဲ့ဒါကို အိမ်ရှင်တွေက ထမင်းမချက်တတ်လို့ပြန်ခိုင်းတာဆိုပြီး သူ့အဖေကိုပြောတယ်။ ပထမတော့ ကျွန်မဘာမှမပြောသေးဘူး နောက်တော့ ကလိန်ကကျစ်စကားပြောလာတာနဲ့ လာခေါ်ခိုင်းလိုက်တယ်။ ထမင်းချက်ဖို့နေနေသာသာ ဟင်းအိုးတောင်ကျက်မကျက် မကြည့်တတ်ဘူး ကလေးလည်းမကြည့်တတ်ဘူး ။ တနေ့တနေ့ အိမ်ပြန်ချင်လို့ငိုနေတာနဲ့ ပွဲစားမကိုလာခေါ်ခိုငိးလိုက်တယ် ဘာမှာလည်းမလုပ်ဘူး သင်္ကြန်တတွင်းလုံး အာကုသိုလ်ပွားနေရတာ။ သင်္ကြန်ပြီး 18.4.16 လာခေါ်မယ်ဆိုပြီး ရက်ထပ်ရွှေ့တယ် မခေါ်သေးဘူးဆိုပြီး ကျွန်မလည်း သည်းမခံနိုင်တာနဲ့ 19.4.16 လာခေါ်ပါ ပိုက်ဆံပြန်ပေးပါပြောလိုက်တယ်။ကျွန်မ သင်္ကြန်တတွင်းလုံးသည်းခံပြီးသွားပြီလို့ ။ကောင်မလေးကိုလည်း နင်သင်္ကြန်တတွင်း အေးဆေးနေ င်ုမနေနဲ့ အိမ်ပူတယ် နင်ပြန်ရင် နင့်ကလေးအတွက်အကျီ င်္တွေ ထည့်ပေးလိုက်မယ်ပြောထားတယ်။ လာခေါ်ခါနီးကျတော့ပွဲစားက သူတို့အိမ်က ပိုက်ဆံရှာမရသေးလို့စောင့်ပေးပါတဲ့ သူ့အိမ်နဲ့ပြောတော့ 70000 လောကိပဲရှိလို့တဲ့ ။ပွဲစားက ကြားထဲကနေ သူ့အိမ်ကို အိမ်ရှင်ဖက်က အလုပ်မလုပ်လို့ တပြားမှာမပေးဘူးဆိုပြီးပြောထားတယ်တဲ့။ ကျွန်မလည်း ပွဲစားနဲ့ ကောင်မလေးအမေကို ကျွန်မဖက်ကနေ
တထစ်လျော့တဲ့အနေနဲ့ကောင်မလေးလုပ်တဲ့ရှစ်ရက်စာပေးမဟ်ပြောလိုက်တယ်။ အဲ့တော့ကျန်တဲ့ 87000.ပေးပါပြောလိုက်ပြီး 19.4 16 လာခေါ်ခိုင်းလိုက်တယ်။ လာခေါ်တဲ့ 70000 ပဲပေးတယ်။ကျန်တာ လေးငါးရက်မှ ယူပါဆိုပြီး။ ကျွန်မလည်း စိတ်ရှုပ်တာနဲ့ ရတယ်ဆိုပြီးလာခေါ်ခိုင်းလိုက်တယ်။အဲ့ကောင်မလေးအကျင့်မကောင်းဘူးဆိုတာ ရောက်တဲ့နေ့ကတည်းကသိတယ် ဟင်းခိုးစားတယ်။ ရေချိုးခန်းသန့်ရှင်းရေးလုပ်ဆ်ုတာက်ု တံခါးပိတ်ပြီး လုပ်ချင်ယောင်ဆောင်နေတာတွေ။ ရေပုလင်းတွေဆေး ရေထည့်ဆ်ုတာကို ဘေစင် နားသွားပြီးမဆေးပဲ ရေထည့်တယ် ။ ကျွန်မကြည့်နေတာ သူမသိဘူး မေးမှနင်မဆေးဘူးမဟုတ်လားဆိုမှပြန်ဆေးတယ်။ကျွန်မမှာ သင်္ကြန်တတွင်းလုံးကြည့်နေရတယ် ပြနါပို့လို့လည်းမရဆ်ုတော့။မပြန်ခင်သုံးရက်အလိုကတည်းက ကလေးအင်္ကျီတွေပျောက်တယ်ဆိုပြီး အမေနဲ့ရှာနေတာ။သူသိတယ်။ ပြန်ခါနီးကျမှ ပွဲစားအရှေ့မှာ အိတ် စစ်မယ်ဆိုတော့ ပွဲစားက ပြလိုက် ဒါပြန်ခါနီးလုပ်နေကျတဲ့ ။အဲ့အချိန်ထိ ကောင်မလေးကသူ့ အဝတ်တွေကိုပုံမပျက်ထုတ်ပြတယ် ။ကျွန်မလည်း နင်ဖယ် ငါကိုယ်တိုင်စစ်မယ်ဆိုပြီးယူစစ်တော့ သူ့ထမီ ကြားထဲမှာ ပျောက်နေတဲ့ ကလေးအင်္ကျီတွေနဲ့ Baby oil တောင်ပါလိုက်သေးတယ် ခိုးထားတာ။ မှန်တချပ်ကော။ သူ့ပိုက်ဆံယူထားတာလည်းကိုကသိနေတာ့ နင်မှန်မှန်ပြော ဘာယူထားသေးလဲဆိုတော့ မယူဘူးတဲ့ ဓါတ်ပုံရိုက်လိုက်မှ နင့်ကိုငါရဲစခန်းပို့မယ် ငါ့ပိုက်ဆံ နှစ်ထောင်ပျောက်တယ်ဆိုမှဝန်ခံတယ်။ကျွန်မကိုသူရောက်ပြီး သုံးရက်မြောက်နေ့မှာ နေ့ခင်းအပြင်ထွက်ချင်လို့ ကလိန်ကျတယ် ။ သူ ဂွမ်းထုပ်သွားဝယ်ချင်လို့တဲ့ ကျွန်မက သူ့အကြောင်းသိနေတော့ ငါ့မှရှိတယ်ရော့ဆျုပြီးပေးလိုက်တယ်။ ပြန်တဲ့အချိန်ထိ အဲ့ဂွမ်းထုပ်က တခုမလျော့ဘူး ကျွန်မပေးတဲ့အတ်ုင်းပဲ။ တပတ်အတွင်းတော်တော်ခိုးထားတာ။ ဒါပေမဲ့ကျွန်မသူယူထားတာတွေပေးလိုက်ပါတယ် ရော့နင့်ကလေးအတွက်ဆိုပြီး ။ပွဲစားမကသူ့အဖေကိုဖုန်းဆက်တယ် ကျွန်မလည်းပြောလိုက်တယ် ရှင်တှိုသမီးခိုးထားတယ်လို့ ကျွန်မထပ်လျော့ပေးမယ် ရဲစခန်းမပို့ဘူးကျန်တဲ့ ပိုက်ဆံကို အခု 23.4.16 ပေးပါဆိုပြီး။လမ်းရောက်တော့ပွဲစားမကိုပြောတယ်တဲ့ သူယူတာမဟုတ်ဘူး အိမ်ကအမေက ကျွန်မသိအောင်သူ့ကိုပေးတာတဲ့။ပိုက်ဆံကိုလည် အိမ်ကအမေက ကျွန်မမသိအောင် မုန့်ဖိုးပေးတာဆိုပြီး သူ့အိမ်ကိုအဲ့လိုပြောပေးပါဆ်ုပြီး ကလိမ်ကျတာ။ကျွန်မ မှာအသည်းတွေယားလိုက်တာ။ အိမ်မှာတော့ သားအမိနှစ်ယောက် သူ့ရှေ့မှာပဲ အကျီ င်္ င်္တွေပျောက်လို့ရှာလိုက်ရတာ။ တော်သေးတယ်ပဲပြောရမယ် သင်္ကြန်တတွင်းလုံး အလုပ်ပိတ်လို့ ကျွန်မအိမ်မှာရှိနေလို့ မဟုတ်ရင်တော့ မတွေးရဲစရာပဲ။ ကို့ ကလေးကိုတောင်တခုခုလုပ်နိုင်တယ်။ အိမ်က အမေနဲ့အဖေက အရိုးခံတွေ သူများဆိုသနားတတ် ယုံလွယ်တတ်နဲ့ အိမ်ဖော်ဆိုတော်တော်ကြောက်နေပြီ
ကောင်းတဲ့သူလည်းရှိမှာပါ။ကျွန်မတို့ပဲကံမကောင်းလို့ဒါမျိုး
တွေကြုံတယ်ပဲသဘောထားလိုက်ပါတယ်။ွ အခုတင်လိုက်တာကလည်း အားလုံးသတိထားနိုင်အောင်ပါ။

 
 

 



Credit : Lei Thinzar

No comments:

Subscribe

လာလည်သူများ

free counters