♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 30, 2016

" သေခြင်းတရားကို အန်တုနုပျိုနိုင်မယ့် နည်းလမ်း ၅ မျိုး "


သေခြင်းတရားနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ နေနိုင်စေမယ့် နည်းလမ်းတွေကို သိပ္ပံနည်းကျ လေ့လာမှုတွေက အောက်ပါ အတိုင်း လေ့လာ ဖော်ထုတ် ခဲ့ပါတယ်။

(၁) မြင့်မားသော အရပ်တွင် နေထိုင်ပါ
ဆွစ်ဇာလန် နိုင်ငံက လူတွေကို လေ့လာမှု တစ်ရပ် အရ အမြင့်ပိုင်း အရပ်ဒေသမှာ နေထိုင်တဲ့ သူတွေက မြေပြန့်မှာ နေသူတွေ ထက် နှလုံးသွေးကြော ဆိုင်ရာ ရောဂါနဲ့ သေဆုံးနိုင်ခြေ ၂၂ ရာခိုင်နှုန်း ပိုလျော့နည်းကြောင်း သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ခရမ်းလွန် ရောင်ခြည် အေနဲ့ ပို ထိတွေ့မှုကြောင့် ဗီတာမင် ဒီ ပိုရတာကလည်း အကျိုးကျေးဇူး တစ်ရပ် ဖြစ်ပါ လိမ့်မယ်။ ဗီတာမင်ဒီ လျော့နည်းတာက အရိုး ရောဂါတွေနဲ့ နှလုံးရောဂါ တို့ကို ဖြစ်စေ နိုင်တယ် လို့ သြစတြေးလျနဲ့ နယူးဇီလန် တက္ကသိုလ်ရဲ့ လေ့လာမှု အရ သိရပါတယ်။
လုပ်သင့်တာက
လူအများစုဟာ တစ်နေ့မှာ ဗီတာမင်ဒီ ၁ဝဝဝ အိုင်ယူ ရရှိသင့် ပါတယ်။ ဒါကြောင့် ဗီတာမင်ဒီ ပါတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါးနဲ့ မက်ကရယ်ငါး တို့ကို စားပေးသင့် ပါတယ်။ ဒါ့အပြင် နံနက် ၁ဝနာရီ မတိုင်ခင် နဲ့ ညနေ သုံးနာရီ ကျော်ချိန် တွေမှာ ထွက်တဲ့ နေခြည်နုနုကို ခံယူပေးပါ။

(၂) ပေါင်းသင်း ဆက်ဆံရေး ခိုင်မြဲအောင် တည်ဆောက်ပါ
ဘရိုင်ဟမ် လူငယ် တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ရပ် အရ ခိုင်မာတဲ့ ပေါင်းသင်း ဆက်ဆံရေး ရှိတာက ပုံမှန် သက်တမ်းထက် အသက် ၃ ဒသမ ၇ နှစ်ခန့် ပိုနေရ စေတယ် လို့ သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ပေါင်းသင်း ဆက်ဆံရေးရဲ့ ထောက်ပံ့မှု အင်အားကြောင့် ခုခံအား စနစ်ရဲ့ လုပ်ငန်း ဆောင်တာတွေကို ပိုကောင်း စေတာ ဖြစ်တယ်လို့ လေ့လာသူက ဆိုပါတယ်။ ထိုက်တန်တဲ့ ပေါင်းသင်း ဆက်ဆံရေး ဖြစ်အောင်
သူငယ်ချင်းကောင်းတွေကို ရွေးချယ် ပေါင်းသင့် ပါတယ်။
လုပ်သင့်တာက
သင်ရဲ့ ပေါင်းသင်း ဆက်ဆံရေး စက်ဝန်းကို ချဲ့ထွင်ပါ။ သူငယ်ချင်းတွေကို ဖုန်းခေါ်တာ၊ အီးမေး ပို့တာတွေ လုပ်ပါ။

(၃) သွားပုံမှန် တိုက်ပါ
တစ်နေ့မှာ နှစ်ကြိမ်ထက် နည်းပြီး သွားတိုက်တဲ့ သူတွေက တစ်နေ့မှာ သုံးကြိမ် သွားတိုက်သူတွေ ထက် နှလုံးရောဂါနဲ့ ဆေးရုံ တက်ရနိုင်ခြေ ဒါမှမဟုတ် သေဆုံးနိုင်ခြေ ၇ဝ ရာခိုင်နှုန်း ပိုများတယ်လို့ လန်ဒန် ကောလိပ်ရဲ့ လေ့လာမှု အရ သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေက သွေးကြောထဲကို ဝင်သွားနိုင်ပြီး သွေးကြောတွေ ထဲမှာ သွေးခဲ ပိတ်ဆို့မှုတွေ ဖြစ်နိုင်ပါတယ်။
လုပ်သင့်တာက
ခံတွင်းထဲက ဘက်တီးရီးယားပိုးတွေ ကင်းစေဖို့ သွားကို နံနက်စာ စားပြီး တစ်ကြိမ်နဲ့ ညအိပ်ရာ ဝင်ခါနီး တစ်ကြိမ် မှန်မှန် တိုက်ပေးပါ။ သွားကြား ပွတ်ကြိုး ထိုးပေးပါ။

(၄) သန့်ရှင်း လတ်ဆတ်သော လေကို ရှူသွင်းပါ
လေကောင်းလေသန့် ရတဲ့ နေရာတွေမှာ နေတဲ့ သူတွေက တခြားသူတွေထက် အသက် တစ်နှစ် ပိုရှည်ရှည် နေရလေ့ ရှိတယ်လို့ နယူးအင်္ဂလန် ဂျာနယ်ရဲ့ လေ့လာမှု တစ်ရပ် အရ သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ညစ်ပတ်တဲ့ လေတွေက ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းမှု ဖြစ်စေတဲ့ ဖုန်မှုန့်မွှား သေးသေးလေးတွေကို သယ်ဆောင် လာပါတယ်။ ဒါကြောင့် ညစ်ပတ်တဲ့ လေကို ရှူရှိုက်ရင် ခန္ဓာကိုယ်တွင်းမှာ ရောင်ရမ်းမှု ဖြစ်ရတာပါ။
လုပ်သင့်တာက
ယာဉ်ကြော ပိတ်ဆို့တဲ့ နေရာမှာ မနေပါနဲ့။ လေ့ကျင့်ခန်း လုပ်တဲ့ အခါ လေထု ညစ်ညမ်းမှု များတဲ့ နေရာတွေမှာ မလုပ်သင့်ပါ။ လေကောင်း လေသန့် ရတဲ့ နေရာတွေမှာ အသက်ပြင်းပြင်း ရှူတာက အဆုတ် ကျန်းမာရေး ကောင်းစေ ပါတယ်။

(၅) သင့် အသက်ကို လက်ခံပါ
ကိုယ်ရဲ့ လက်ရှိ အသက်ကို လက်ခံပြီး ဆင်ခြင် နေထိုင်တဲ့ သူတွေက လက်ရှိ အသက်ကို လက်မခံသူတွေထက် ပျမ်းမျှအားဖြင့် အသက် နှစ်နှစ် ပိုရှည်ကြောင်း ဘာလင်စိတ် ပညာရှင်တွေရဲ့ လေ့လာမှု အရ သိရပါတယ်။
ဘာကြောင့် အကျိုးကျေးဇူး ရှိတာလဲ
ကိုယ့် အသက်အရွယ်ကို လက်ခံတဲ့ သူတွေက ကိုယ့် အသက်အရွယ်နဲ့ သင့်တော်တဲ့ အနေအထိုင်၊ အပြုအမူနဲ့ အစားအသောက်တွေကို လိုက်နာ နေထိုင် ကြတာကြောင့် ကျန်းမာရေး ကောင်းကြတာ ဖြစ်တယ်လို့ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်ရဲ့ လေ့လာသူတွေက ဆိုပါတယ်။

လုပ်သင့်တာက
အသက်ကြီးလာတဲ့ အခါ ကိုယ့်ထက် အသက်ငယ်တဲ့ သူတွေနဲ့ နှိုင်းယှဉ် မနေပါနဲ့။ ပိုပြီး စိတ်ဓာတ် ကျရ ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် ငယ်တယ်လို့ အတင်း သတ်မှတ်ပြီး ငယ်တဲ့ အရွယ်တွေ လုပ်တဲ့ အလုပ်တွေကို လိုက်လုပ်ဖို့ မသင့်ပါဘူး။

Credit : Newmyanmarpyi
Credit : http://www.searchmyanmar.com/link/comment/cid/53206/domain/myanmarlatestnews.com

No comments:

Subscribe

လာလည်သူများ

free counters