♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 29, 2016

" အရေးပေါ်ကျန်းမာရေးကြောင့် ဖျော်ဖြေပွဲတွေ ရပ်နားလိုက်ရတဲ့ ဖြူဖြူကျော်သိန်း "

 
ခါးနာနေသောကြောင့် အာရှတော်ဝင်ဆေးခန်းတွင်ဆေး ကုသမှုခံယူနေသည့် ဖြူဖြူကျော် သိန်းက မေလလယ်မှသာ
 ဖျော် ဖြေပွဲများ ပြန်လည်သီဆိုမည်ဟု ပြောသည်။
‘‘ခါးနာတာက လွန်ခဲ့တဲ့ ၈ နှစ် နာဂစ်ဖြစ်တဲ့အချိန်ကတည်း ကဖြစ်ဖူးတယ်။ ဒါက အခန့်မသင့် ရင်ဖြစ်တတ်တယ်လေ။ ကိုယ်က ခရီးတွေသွားတာများတယ်။ နား  ချိန်ကမရှိဘူး။ နောက်ပြီး ဒေါက် ဖိနပ်နဲ့ တောက်လျှောက်ကတာ တွေရှိတယ်။ သင်္ကြန်တွင်းတုန်းက လည်း water ပါတီရေပါတီလုပ်ရ သေးတော့ အကုန်လုံးစုပြီးခံရတာ ပေါ့’’ဟု ၎င်းကပြောသည်။
အာရှတော်ဝင်ဆေးရုံတွင် ဧပြီ ၂၀ရက်ကတည်းက တက် ရောက်ခဲ့ခြင်းဖြစ်ပြီး တစ်ပတ်ခန့် ဆေးရုံတက်ရမည်ဟု ၎င်းကဆို သည်။
‘‘လောလောဆယ်တော့ ရန် ကုန်ရော၊ နယ်ပွဲရော ပွဲဖျက်လိုက် ရတာ ဆယ်ပွဲလောက်တော့ရှိ တယ်။ ပွဲလုပ်တဲ့ သူတွေနဲ့ ပရိ သတ်တွေက ကျန်းမာရေးအ တွက်ဆိုတော့ နားလည်ပေးကြတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဖြူဖြူက ကိုယ့်အနုပညာသက်တမ်း ၁၃နှစ်မှာ တော်ရုံနဲ့ပွဲဖျက်တဲ့လူမ ဟုတ်ဘူး။ အရေးပေါ် ကျန်းမာ ရေးအခြေအနေကြောင့်သာ ပွဲ
ဖျက်ရတာ’’ဟု ၎င်းကပြောသည်။
ဧပြီ ၂၂ရက်တွင် ကျရောက် ခဲ့သော မွေးနေ့၌မူ ၎င်း၏ ပရိသတ် များကဆေးရုံသို့ လာရောက် ၍ Supriseမွေးနေ့ပြုလုပ်ပေးခဲ့ကြ ပြီး ၎င်းကိုယ်တိုင်လည်းမွေးနေ့အ လှူများပြုလုပ်ဖြစ်ကြောင်း ၎င်း ကပြောသည်။

Credit : http://www.7daydaily.com/story/63190

No comments:

Subscribe

လာလည်သူများ

free counters