♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 24, 2016

" သင့်မျက်နှာ အရေပြားအတွက် ရေနွေးငွေ့၏ ကောင်းကျိုး "

ရေနွေးပူပူကနေထွက်လာတဲ့ ရေနွေးငွေ့ကို မျက်နှာအပ်ပြီး ရေနွေးငွေ့ ပေါင်းခံပေးတာကြောင့် သင့်အရေပြားမှာ ကောင်ကျိုးများစွာရရှိစေနိုင်တယ်ဆိုတာ သင်သိပါရဲ့လား။
--
ဝက်ခြံကိုတားဆီးပေးတယ်
ရေနွေးငွေ့ပေါင်းခံပေးချိန်မှာ သင့်မျက်နှာပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး မျက်နှာအပေါ်ယံလွှာက အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးလိုက်တာကြောင့် ၀က်ခြံကိုသက်သာစေနိုင်တာပဲဖြစ်ပါတယ်။
မှတ်ချက်။ ။ အရေပြားမှာ ရောဂါပိုးဝင်ရောက်မှုကြောင့်ဖြစ်တဲ့ ၀က်ခြံတွေကို တော့ အရေပြားအထူးကုနဲ့ တိုင်ပင်ဖို့ လိုပါတယ်။
--
ချွေးထွက်များတာကို သက်သာစေတယ်
မျက်နှာပေါ်က ဆဲလ်သေတွေအပြင် အဆိပ်အတောက်တွေကိုပါ ရေနွေးငွေ့က ထုတ်ပေးနိုင်တဲ့အစွမ်းရှိတဲ့အတွက် အရေပြားအတွင်းပိုင်းကိုပါ သန့်ရှင်းစေပြီး ချွေပေါက်တွေကို ပွင့်စေတာကြောင့် ချွေးထွက်များတဲ့ ဖြစ်စဉ်ကိုသက်သာစေနိုင်ပါတယ်။
--
ဝက်ခြံပုန်းတွေကို သက်သာစေတယ်
မျက်နှာပေါ်က ချွေးပေါက်တွေပွင့်စေပြီး မျက်နှာပြင်ပေါ်က အဆီတွေကို သန့်စင်စေတဲ့အတွက် ၀က်ခြံပုန်းတွေကို မဖြစ်စေတော့ပါဘူး။ ၀က်ခြံပုန်းဖြစ်နေတဲ့သူတွေအနေနဲ့လည်း ရေနွေးငွေ့ပေါင်းခံပြီးချိန်မှာ အ၀တ်စနဲ့ ပွတ်တိုက်ပေးရင် ၀က်ခြံပုန်းတွေ အလွယ်တကူထွက်လာပြီး ချောမွေ့သွားစေပါလိမ့်မယ်။
--
သွေးလည်ပတ်မှုကောင်းစေတယ်
ရေနွေးငွေ့ကနေရရှိတဲ့ ခပ်နွေးနွေးအပူငွေ့က သင့်မျက်နှာပေါ်ကိုကျရောက်ချိန်မှာ သင့်ဦးနှောက်ဆီကို အလန်းပေးပြီး သွေးကြောတွေလည်ပတ်စီးဆင်းမှုကို ကောင်းစေနိုင်ပါတယ်။ သွေးလည်ပတ်မှု အားကောင်းစေပြီး အရေပြားအတွင်း အောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေပိုမိုရရှိစေနိုင်ပါတယ်။
--
အရေပြားကို နုပျိုစေတယ်
မျက်နှာပေါ်က ဆဲလ်သေတွေကို နူးနူးညံ့ညံ့ဖယ်ရှားပေးလိုက်တဲ့အတွက် သင့်အရေပြားရဲ့ အခြေခံအဆင့်ကို အားဖြည့်ပေးသလိုဖြစ်စေပြီး အိုမင်းရင့်ရော်မှုတွေကို ဟန့်တားလိုက်သလိုဖြစ်သွားစေပါတယ်။ ၀က်ခြံကင်းပြီး အရေးကြောင်း ကင်းစေတဲ့အတွက် သင့်မျက်နှာအရေပြားကို နုပျိုမှုတွေ ပေးစွမ်းနိုင်မှာဖြစ်တဲ့အတွက် သက်တူရွယ်တူတွေထက်ပိုပြီး နုနေတော့မှာပါ။
--
ပန်းနုရောင်သန်းနေစေတယ်
မျက်နှာပေါ်က အဆီ၊ ဆဲလ်သေနဲ့ အညစ်အကြေးတွေက သင့်မျက်နှာအရေပြားအတွက်တော့ အဆိပ်အတောက်တွေပါပဲ။ ရေနွေးငွေ့ခံပေးတာကြောင့် သင့်မျက်နှာပေါ်က ဆဲလ်သေတွေ၊ ချွေးနဲ့အညစ်အကြေးတွေကို သန့်စင်ပေးလိုက်ပြီး
မျက်နှာပြင်အရေပြားပေါ်က သွေးလည်ပတ်မှုတွေလည်း အားကောင်းစေပါတယ်။ ဒါကြောင့် မျက်နှာအတွက် အဆိပ်အတောက်ဖြစ်စေတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပြီး မျက်နှာကို ပန်းရောင်သန်းနေစေပါတယ်။
Credit to သဲသဲ

No comments:

Subscribe

လာလည်သူများ

free counters