♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 25, 2016

" သူလက်ထပ်ခွင့်တောင်းတော့မယ်ဆိုတာ သိနိုင်တဲ့အချက် (၆)ချက် "

မိန်းကလေးတိုင်း မျှော်လင့်ကြတာတစ်ခုက ကိုယ့်ချစ်သူက ကိုယ့်ကို လက်ထပ်ခွင့်တောင်းမယ့်အချိန်လေးဖြစ်မှာပါ။ အဲ့လိုအခိုက်အတန့်လေးကို ပိုင်ဆိုင်ခွင့်ရဖို့ နီးစပ်နေပြီလားဆိုတာ အကဲခတ်ချင်သူတွေအတွက် ခန့်မှန်းလို့ရနိုင်ပါတယ်။

၁။ လျှို့ဝှက်လာတယ်။

စိတ်ပူစရာကောင်းတဲ့အမူအရာမျိုးတွေမတွေ့ရဘဲ သီးသီးသန့်သန့်နဲ့ လျှို့ဝှက်ကြံစည်နေတာမျိုးလေးတွေ တွေ့လာရတယ်။

၂။ ငွေရေးကြေးရေးနည်းနည်းပိုစိစစ်လာတယ်။

လက်ထပ်ခွင့်တောင်းပြီးလို့ လက်ခံလိုက်ရင် အိမ်ထောင်တစ်ခုကိုထူထောင်ရတော့မှာလေ... အဲဒီတော့ ငွေရေးကြေးရေးပိုင်းလေးတွေ စိစစ်လာတာ၊ စည်းကမ်းရှိလာတာလေးတွေရှိလာမယ်။

၃။ ကိုယ်ဈေးဝယ်ထွက်တဲ့အခါမှာ သူကလည်းသီးသန့်ဈေးဝယ်ထွက်တယ်။

အရင်ကအတူတူလျှောက်သွား၊ လျှောက်စား၊ ဈေးတူတူဝယ်ရင် အခု သူ့ဘာသာ ရှော့ပင်းမောတွေ၊ စင်တာတွေကိုသွားချင်နေမယ်။

၎။ ကိုယ့်မိဘတွေ၊ သူငယ်ချင်းတွေက သူနဲ့ဆက်သွယ်မှုရှိလာတယ်။

သူကလက်ထပ်ခွင့်တောင်းဖို့ အကူအညီလိုမှာကျိန်းသေတယ်။ အဲ့တော့ ကိုယ့်အကြောင်းသိတဲ့မိတ်ဆွေသူငယ်ချင်းတွေ၊
မိဘဆွေမျိုးတွေကို သူဆက်သွယ်သလို သူ့ကိုလည်း ကျန်တဲ့သူတွေက တိတ်တခိုးဖြစ်ဖြစ်၊ မသိမသာဖြစ်ဖြစ် ဆက်သွယ်အကြံပေးလာကြမယ်။

Credit:Du Wun
Credit : http://www.shwechitthu.com/2016/04/blog-post_375.html

No comments:

Subscribe

လာလည်သူများ

free counters