♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 27, 2016

"လူမှုရေး မီဒီယာများတွင် သတိပြုရမည့် ထိပ်တန်းလိမ်လည်မှု (၅) မျိုး "

လိမ်လည်သူများသည် လူမှုရေးမီဒီယာ သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်နှင့် ဘဏ္ဍာရေး အချက်အလက်များကို ရယူရန်အတွက် နာမည်ကျော် လူမှုရေးမီဒီယာ ကွန်ရက်များကို ပစ်မှတ်ထားလာ ကြသည်။

Facebook, Twitter, Instagram နှင့် LinkedIn ကဲ့သို့သော လူမှုရေးမီဒီယာကွန်ရက်များ၌ phishing တိုက်ခိုက်မှုပြုလုပ်ရန် ကြိုးပမ်းသည့်အရေအတွက်သည် ပြီးခဲ့သည့်နှစ်တွင် ၁၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လာခဲ့ကြောင်း Proofpoint လုံခြုံရေးကုမ္ပဏီမှ ပညာရှင်များက ပြောကြားသည်။

လိမ်လည်သူများသည် လူမှုရေးမီဒီယာကို အသုံးပြုပြီး လူထောင်ပေါင်းများစွာကို တစ်ပြိုင်နက် ပစ်မှတ်ထားကာ သုံးစွဲသူများအသွင် ဟန်ဆောင်ပြီး အမြတ်ထုတ်လျက်ရှိသည်။

ထို့အတွက်ကြောင့် လူမှုရေးမီဒီယာပေါ်တွင် သတိထားရှောင်လွှဲရမည့် လိမ်လည်မှု (၅) မျိုးကို ဖော်ပြလိုက်ပါသည်။

(၁) Twitter ပေါ်မှ customer service account အတုများ

အွန်လိုင်းဒုစရိုက်သမားများသည် ဘဏ်အချက်အလက်များနှင့် အခြားအရေးကြီးအချက်အလက်များ လိမ်လည်ရယူရန်အတွက် customer service account အတုများ ဖန်တီးကြသည်။ အဆိုပါ account အတုများသည် လုပ်ငန်းသုံး account အစစ်များနှင့် အလွန်တူညီသည်။ သို့ရာတွင် account အစစ်များ၏ နာမည်ကို စာလုံးတစ်လုံးချန်ထားခြင်း၊ underscore ထည့်ထားခြင်း သို့မဟုတ် အခြားကီးဘုတ်အက္ခရာထည့်ထားခြင်းတို့ဖြင့် ဖန်တီးပြုလုပ်ကြသည်။

တစ်စုံတစ်ဦးက ၎င်း၏ဘဏ်သို့ tweet များပေးပို့သည့်အခါ လိမ်လည်သူများက စကားပြောဆိုမှုကို ကြားဖြတ်ရယူပြီး
အဖြေအစစ်အမှန်တစ်ခုအသွင်ဟန်ဆောင်ကာ အကြောင်းပြန်ကြားမှု ပြုလုပ်သည်။


Credit : http://www.lwinpyin.com/2016/04/blog-post_202.html

No comments:

Subscribe

လာလည်သူများ

free counters