♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 28, 2016

" အင်းလေးရေခန်းလို့ ရိုက်ကူးရက်ရွှေ့လိုက်ရတဲ့ဇာတ်ကား "

ဇာတ်ကားထုတ်လုပ်သူ ဒေါ်ဝါ၀ါဝင်းရွှေကိုတွေ့ရစဉ် (ဓာတ်ပုံ-စိုင်းဇော်)
‘လရောင်ဖြာတဲ့အင်း လေးမှာ’ရုပ်ရှင်ကားကို ဧပြီအ တွင်း အင်းလေးဒေသ၌ ရိုက်ကူး ရန် စီစဉ်ထားသော်လည်း ရေ နည်းနေ၍ အောက်တိုဘာသို့ ရွှေ့ ထားကြောင်း သရုပ်ဆောင် ဒါရိုက်တာ ဝါဝါဝင်းရွှေက ပြောသည်။
‘‘အင်းလေးမှာရိုက်မယ့်နေ ရာတွေမှာ ရေနည်းနေတာကြောင့် အောက်တိုဘာကို ရွှေ့လိုက်ပါ တယ်။ မင်းသား၊ မင်းသမီး အ ပြောင်းအလဲတော့မရှိပါဘူး’’ဟု ယင်းဇာတ်ကား၏ ထုတ်လုပ်သူ ဒေါ်ဝါဝါဝင်းရွှေက ပြောသည်။
ဒေါ်ဝါဝါဝင်းရွှေသည် ကျန်း မာရေးအခြေအနေအရ ဧပြီတွင် အင်းလေးဒေသသို့ သွားရောက် ရန် စီစဉ်ထားသောကြောင့် ယင်း အချိန်၌ ရုပ်ရှင်ရိုက်ကူးရန် စီစဉ်ခဲ့ ခြင်းဖြစ်သည်ဟု ‘လရောင်ဖြာတဲ့ အင်းလေးမှာ’ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးသည့်အခမ်းအ နားတွင် ပြောကြားခဲ့သည်။
‘‘ဇာတ်အိမ်က ဒရာမာသက် သက်တော့မဟုတ်ဘူး။ အဓိက က ၅၂၈ သွယ်မေတ္တာနဲ့ ၁၅၀၀မေတ္တာတွဲနေတာပေါ့။ ဒီကားမှာ နေတိုးက နှစ်ကိုယ်ခွဲဖြစ်မယ်။ ညီအစ်ကိုနှစ်ယောက်၊ တစ်ကိုယ်က တစ်ကိုယ်ကို ဂရုစိုက်ခြင်း ချစ်ခြင်းမေတ္တာပေါ့။ ဒီဘက်ကလည်း ဝတ်မှုံရွှေရည်နဲ့ ဝါဇင်က မောင်နှမနှစ်ယောက်ရဲ့ မေတ္တာပေါ့။ အဲဒီကြားမှာ ၁၅၀၀ ဝင်လာတယ်။ကြည်နူးစရာ၊ ထိတ်လန့်စရာလေးတွေလည်းပါတယ်။ နောက်ဆုံးက ဒရာမာနဲ့သိမ်းလိုက်မယ်’’ဟု ယင်းရုပ်ရှင်ဇာတ်ကား၏ ဇာတ်လမ်းကို  ဝါဝါဝင်းရွှေက  ပြော သည်။ ‘လရောင်ဖြာတဲ့အင်းလေး မှာ’ ရုပ်ရှင်ဇာတ်ကားကို ဝါဝါဝင်း ရွှေထုတ်လုပ်ရေးက စီစဉ်ရိုက်ကူး ထုတ်လုပ်မည်ဖြစ်ပြီး နေတိုး၊ ဝါဇင်နှင့် ဝတ်မှုံရွှေရည်တို့ အဓိက
ပါဝင်သရုပ်ဆောင်မည်ဖြစ်ကာ သရုပ်ဆောင်ဝါဝါဝင်းရွှေက အနု ပညာအကြံပေးအဖြစ် ပါဝင်မည် ဖြစ်သည်။
‘‘ရာသီဥတုပူပြင်းလို့ တခြား အနုပညာလှုပ်ရှားမှုတွေလုပ်ဖို့ တော့မရှိသေးပါဘူး။ ဇာတ်တွေ တော့ ရှာနေတယ်’’ဟု ဝါဝါဝင်း ရွှေက ပြောသည်။

Credit: http://www.7daydaily.com/story/62934

No comments:

Subscribe

လာလည်သူများ

free counters