♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 26, 2016

" ယောက်ျားလေးတွေကြွေလေ့ရှိတဲ့ ကောင်မလေးတွေရဲ့အမူအရာ(၆)မျိုး "

တစ်ခါတလေ မိန်းကလေးတွေဟာ အမှတ်တမဲ့ အပြုအမူလေးတွေ ပြုမူလေ့ရှိပြီး အဲဒီအပြုအမူလေးတွေကနေ တစ်ဆင့် ယောက်ျားလေးတွေဟာ မထင်မှတ်ထားပါဘဲ ချစ်သွားနိုင်ပါတယ်။ အမှတ်တမဲ့အပြုအမူလေးတွေထဲ မှာ နမော်နမဲ့ပြုမူလိုက်မိတာလေးတွေလည်း ပါတတ်ပါတယ်။ ဒီတော့ ဘယ်လို အပြုအမူမျိုးဟာ သင့်ကို ကြွေ စေနိုင်သလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

1. သင့်ဆံပင်တွေ ရမ်းခါမိတဲ့အခါ သီချင်းတောင် ရှိသေးတယ်။ ညနေခင်းရဲ့ လေပြည်ထဲမှာ … မင်း ဆံနွယ်တွေ အတောင်ပံ ဖြန့်တဲ့အခါ … ဘာ ညာ သာရကာ-ဆိုတာမျိုးပေါ့။ အဲဒီလို ဆံပင်တွေ ရမ်းခါမိတဲ့အခါမျိုးမှာ ကောင်လေးတွေက သင့်ကို ကြွေနိုင် ပါတယ်။

2. သင့်ရဲ့ ရေမွှေးနံ့၊ ရှန်ပူနံ့၊ ခန္ဓာကိုယ်ကနေ သင်းသင်းလေး မွှေးတဲ့ရနံ့လေးတွေ လူတွေ အနေနီးတဲ့အခါ ဒီလူက ချွေးနံ့ဆိုးတယ်၊ ဒီလူကတော့ ချွေးနံ့ပြင်းတယ်၊ ဒီလူကတော့ အနံ့ညင်သာ တယ်-စသဖြင့် နှာခေါင်းကနေ ဆုံးဖြတ်ကြပါတယ်။ ဒီလိုပါဘဲ။ သင့်ရဲ့ ရေမွှေးနံ့၊ ခေါင်းလျှော်ရည်နံ့၊ ကိုယ်သင်း နံ့လေးတွေဟာလည်း အမျိုးသားတွေကို ချစ်လာအောင် ဆွဲဆောင်ရာမှာ အကူအညီပေးပါတယ်။

3. မျက်လုံးမှိတ်တဲ့အခါ တစ်ခါတလေ သင် မျက်လုံးလေး မှိတ်တာဖွင့်တာလေးဟာ နိုင်ငံခြားဇာတ်ကားတွေထဲက ဇာတ်လိုက်မင်းသမီး လို နမ်းခါနီး မျက်လုံးပိတ်တဲ့ ပုံစံမျိုးနဲ့ သွားတူနေတတ်တာတို့၊ အဲဒီလို အခြေအနေနဲ့ ခပ်ဆင်ဆင် တူနေတာတို့ ဆိုရင်လည်း သင့်ကို ကောင်လေးက ခိုက်သွားနိုင်ပါတယ်။

4. နှုတ်ခမ်းကို ကိုက်တဲ့အပြုအမူ/ လျှာနဲ့သပ်တဲ့ အပြုအမူ မိန်းကလေးတွေရဲ့ နှင်းဆီနှုပ်ခမ်းလေးဟာ ပုံစံအမျိုးမျိုးနဲ့ ဆွဲဆောင်မှုရှိပါတယ်။ ဒီအထဲမှာ နှုမ်းခမ်ကို ကိုက်တဲ့ အပြုအမူနဲ့ လျှာနဲ့သပ်တဲ့ အပြုအမူတွေလည်း ပါဝင်ပါတယ်။ ဘယ်လို လုပ်ရမလဲဆိုတာကိုတော့ ကျွန်တော် အသေးစိတ် အကြံမပေးတော့ပါဘူးနော် …။

5. ရှက်သွေးဖြာခြင်း မိန်းကလေးတစ်ယောက် အလှဆုံးအချိန်ထဲမှာ ရှက်တဲ့အချိန်လည်း ပါဝင်ပါတယ်။ အကြောင်းကတော့ ရှက် တာ တစ်ခုပဲ ဂရုစိုက်နေရလို့- အဲဒီအချိန်မှာ သူမရဲ့ သာမာန်အလှတွေ အပြိုင်းအရိုင်းထကြွပြီး အမျိုးသားတွေ ကို မြှူစွယ်ကြတယ်ဆိုတာ သတိမထားမိကြပါဘူး။

6. ပြောင်စပ်စပ်အမူအယာ မိန်းမတွေဟာ ပြောင်စပ်စပ်အမူအယာလုပ်တဲ့အချိန်မျိုးမှာ ရယ်စရာ မကောင်းဘဲ
ချစ်စရာကောင်းနေတတ် ပါတယ်။ ဒါမျိုး သွားရယ်တဲ့လူကလည်း တော်တော်လေးကို မိန်းမတစ်ယောက်ရဲ့ အလှအပကို မခံစားတတ် တဲ့ မျက်နှာ ခပ်ရူးရူးထဲကပဲ ဖြစ်ပါလိမ့်မယ်။
Source:MyanmarOnlineMedia


Credit : http://www.aungsanlin.com/2016/02/blog-post_717.html

No comments:

Subscribe

လာလည်သူများ

free counters