♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 30, 2016

" ကမ္ဘာမှာ သြဇာအလွှမ်းမိုးဆုံး အမျိုးသမီးများ "

 
ကမ္ဘာ့သက်တမ်းအရှည်ဆုံး သြဇာရှိနိုင်ငံရေး မဂ္ဂဇင်းတစ်ခု ဖြစ်သည့် တိုင်းမ်မဂ္ဂဇင်းက ၂၀၁၆ အတွက် ကမ္ဘာမှာ သြဇာ လွှမ်းမိုးမှု အရှိဆုံးသူများကို ရွေး ချယ်ရာမှာ အမျိုးသမီးအတော် များများလည်း ပါဝင်ပါသည်။ သူ တို့သည် ကမ္ဘာတစ်လွှား သတင်း တွေအပေါ်မှာ၊ အင်တာနက်ပေါ် မှာ လူတွေသန်းချီအမြဲအာရုံစိုက် လိုက်ရှာကြည့်ရသော၊ သြဇာကြီး လှသော နိုင်ငံ့ခေါင်းဆောင်များ၊ လုပ်ငန်းရှင်များ၊ အနုပညာရှင်နှင့် အတတ်ပညာရှင် အမျိုးသမီးများ ဖြစ်ကြသည်။
သည်အမျိုးသမီးများထဲမှ ထူးခြားသော အမျိုးသမီးများကို တင်ပြရပါလျှင် အောက်ပါအမျိုး သမီးများပင်ဖြစ်ပါလိမ့်မည်။

ခရစ္စတင်းလာဂါဒီ (သို့မဟုတ်) ကမ္ဘာ့စီးပွားရေးကို စောင့်ကြပ်နေ သူ
ကမ္ဘာမှာ သြဇာလွှမ်းမိုးမှု အများဆုံး ခေါင်းဆောင်များကို ရွေးရာမှာ ထိပ်တန်းနံပါတ် (၁) နေရာမှာ ရှိသူမှာ အမျိုးသမီးဖြစ် ပါသည်။ သူသည် ကမ္ဘာ့စီးပွားရေး ကို စောင့်ကြပ်နေသူအဖြစ် တင် စားခေါ်ကြသည့် အိုင်အမ်အက်ဖ် ခေါ် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ ၏ ဥက္ကဋ္ဌ ခရစ္စတင်းလာဂါဒီ ဖြစ် ပါသည်။ ကမ္ဘာကြီး၏ စီးပွားရေး အတွက် အိုင်အမ်အက်ဖ်ခေါ် ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ လောက် အရေးပါသော အဖွဲ့အ စည်းမျိုးမရှိပါ။ သည်အဖွဲ့အ စည်း၏ ဆုံးဖြတ်ချက်များသည် ကမ္ဘာပေါ်က လူဦးရေသန်းထောင် ချီကို အကျိုးသက်ရောက်မှုရှိသည့် အတွက် သည်အဖွဲ့အစည်း၏ ခေါင်းဆောင်သည် ထူးချွန်ထက် မြက်သော လူတစ်ယောက်ဖြစ်ရ မည်ဖြစ်ပါသည်။
ခရစ္စတင်းလာဂါဒီသည် မြင့် မားသော စံနှုန်းများနှင့် ကိုက်ညီ သူဖြစ်သည်။ အိုင်အမ်အက်ဖ် အ ဖွဲ့ကြီး အကျပ်အတည်းရောက်နေ သည့် ၂၀၁၁ မှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ အဖွဲ့ဝင်အဖြစ်ပါသည့်သည် အဖွဲ့အစည်းကို သူက တာဝန်ယူ လုပ်ခဲ့ခြင်းဖြစ်သည်။ သူသည် ပြင်သစ်နိုင်ငံ၏ ဘဏ္ဍာရေးဝန် ကြီးဖြစ်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးငွေ ကြေးဆိုင်ရာ အဖွဲ့အစည်းကို အ ဓိကနေရာက ဦးဆောင်သည့် ပထမဦးဆုံး အမျိုးသမီးဖြစ်သည်။
ဥရောပတိုက်က ဂရိစီးပွား ရေးအကျပ်အတည်းမှာလည်း သူ က အဓိကနေရာကနေ ဖြေရှင်းခဲ့ သူဖြစ်သည်။ ထို့အပြင် ကျား၊မ တန်းတူညီမျှရေး၊ ၀င်ငွေမညီမျှမှု နှင့် အီဘိုလာကဲ့သို့ လူထုကျန်းမာ ရေးပြဿနာများကို သူကအလေး ထားခဲ့ခြင်းဖြင့်
အိုင်အမ်အက်ဖ် အဖွဲ့အစည်းကို ပိုပြီး လူသားဆန် လာစေသည်။

အမေရိကန်အမျိုးသမီးစစ်ဗိုလ် ချုပ်ကြီး လော်ရီရော်ဘင်ဆန်
အမျိုးသမီးစစ်သားများသည် စစ်တပ်မှာ အမှုထမ်းနိုင်သော် လည်း စစ်မြေပြင်တိုက်ပွဲများမှာ ပါဝင်တိုက်ခိုက်ခြင်းကို ကန့်သတ် ခံထားရပါသည်။ ၁၉၉၂ အထိ အမေရိကန်ပြည်ထောင်စုမှာ ကြယ်လေးပွင့်အဆင့် အမျိုးသမီး စစ်အရာရှိ မရှိခဲ့ပါ။
သို့သော် ယခုအချိန်မှာတော့ အနေအထားများ ပြောင်းလဲလာ ပါသည်။ အမေရိကန်လေတပ်က အမျိုးသမီး ဗိုလ်ချုပ်ကြီး လော်ရီ ရော်ဘင်ဆန်ကို သမ္မတအိုဘား မားက မြောက်အမေရိကစစ်မျက် နှာတိုက်ပွဲများအတွက် ကြီးကြပ် ကွပ်ကဲရမည့် ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးပေးရန် မတ်လကအဆိုပြု လိုက်ပါသည်။ လွှတ်တော်မှ အ တည်ပြုပြီးပါက လော်ရီရော်ဘင် ဆန်သည် မြောက်အမေရိကစစ် နယ်မြေမှာ အမျိုးသား စစ်ဗိုလ်  ထောင်ချီကို စစ်မြေပြင်မှာ တိုက် ပွဲဝင်ရာ၌ အမိန့်ပေးအုပ်ချုပ်ရ မည့် အမျိုးသမီးစစ်ဗိုလ်ချုပ်ကြီး ဖြစ်လာပါတော့မည်။
မြောက်အမေရိကစစ်မျက် နှာနယ်မြေသည် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်ခံ ရမှုအပြီးမှာ အမေရိကန်ပြည် ထောင်စု၏ လုံခြုံရေးအတွက် ဖန် တီးလိုက်သော စစ်နယ်မြေဖြစ်ပါ သည်။
သည်စစ်မျက်နှာကနေ အ မေရိကန်နိုင်ငံအား တိုက်ခိုက်လာ မှုများကို ကာကွယ်နိုင်မည်ဖြစ် သည်။
အမျိုးသမီးစစ်ဗိုလ်ချုပ်ကြီး လော်ရီရော်ဘင်ဆန်ကို ထိုရာထူး မှာထားဖို့ အဆိုပြုရွေးချယ်မှုသည် သူ၏ အရည်အချင်းနှင့် စစ်ရေး စွမ်းရည်ကို လေးစားယုံကြည်မှု ကြောင့်ဖြစ်၏။ လွန်စွာဂုဏ်ယူဖို့ ကောင်းသည့် ရာထူးဖြစ်ပါသည်။

တရုတ်အမျိုးသမီး ဒီဇိုင်နာဂိုဖေ
တရုတ်အမျိုးသမီး ဒီဇိုင်နာ ဂိုဖေသည် တရုတ်နိုင်ငံသာမက ဟောလိဝုဒ်ရုပ်ရှင်မင်းသမီးများ အထိပါ အသိအမှတ်ပြုရသည့် ဖက်ရှင်ဒီဇိုင်နာဖြစ်၏။ နိုင်ငံတ ကာ ဖက်ရှင်ရေစီးအပေါ် သြဇာ ကြီးသည့် ဖက်ရှင်ဒီဇိုင်နာတစ်ဦး လည်းဖြစ်ပါသည်။ သူသည် တရုတ်နိုင်ငံက နာမည်ကျော် ကြားသူများအတွက် ၀တ်စုံဒီဇိုင်း များကို ဖန်တီးနေသည်မှာ အနှစ် ၂၀ ရှိပြီဖြစ်ပါသည်။ တရုတ်နိုင်ငံ က သူ၏ဖက်ရှင်များ ကျော်ကြား မှုကြောင့် ဟောလိဝုဒ်မင်းသမီး ရီဟာနာပင်သူ့ဆီသို့ ချဉ်းကပ်လာ ရသည်။ ဂိုဖေက ရီဟာနာကိုမည် သူမည်ဝါမှန်းပင် မသိပါ။
ဝတ်စုံဒီဇိုင်းကျွမ်းကျင်သူတို့ က ဂိုဖေ၏ ဖက်ရှင်ဒီဇိုင်းသည် အနုပညာတစ်ခုဖြစ်သည်ဟု ဆို ကြသည်။ ဂိုဖေသည် မင်းသမီး ရီဟာနာအတွက် ၀တ်စုံကို ၂ နှစ် ကျော် အချိန်ယူဖန်တီးခဲ့သည်။
ယခုအခါ ဂိုဖေ၏ လက်ရာ များသည် ပဲရစ်မြို့မှာ၊ အမေရိ ကန်ဖက်ရှင်မဂ္ဂဇင်းများ၏ မျက် နှာဖုံးများမှာ နေရာယူထားသည်။ လက်ရှိဖက်ရှင်ဒီဇိုင်း ရေစီးမှာ လည်း သူ့အငွေ့အသက်များက စိုးမိုးထားသည်။ ထို့ကြောင့် အ ရှေ့ကဖြစ်စေ၊ အနောက်တိုင်းက ဖြစ်စေ၊ ဘယ်ဒေသကပင်ဖြစ်ပါ စေ ဂိုဖေ၏ဖက်ရှင်သည် အားလုံး ကို ညှို့ယူနိုင်စွမ်းရှိပါသည်။

ဒေါက်တာလော်ရာအက်ဆာမန် နှင့် ဒေါက်တာ ရှယ်လီဟွမ်
သည်အမျိုးသမီး ကင်ဆာ ရောဂါအထူးကုနှစ်ဦးသည် ကိုယ် ရေးကိုယ်တာဆန်သော စမ်းသပ် သုတေသနဟု ပြောရမည့် ဘ၀ တူအမျိုးသမီးများအတွက်ရောဂါ ကုထုံးသစ်ကို သုတေသနပြု တီ ထွင်ခဲ့ကြသူများဖြစ်၏။ အမျိုးသ မီးထုကို ဒုက္ခပေးနေသော ရင် သားကင်ဆာကုထုံးသစ်ကို ဆန်း သစ်တီထွင်ခဲ့ကြသူများဖြစ် သည်။
များသောအားဖြင့် ရင်သား ကင်ဆာကုသမှုများ ခေတ်မီနေ ပြီဆိုသော်လည်း ခွဲစိတ်ရခြင်း၊ ဓာတ်ကင်ခြင်းများဖြင့် နာကျင်မှု များသော ကုထုံးများဖြစ်သည်။ သို့သော် ယခုအမျိုးသမီးကင်ဆာ အထူးကု နှစ်ဦး၏ ကုသမှုစနစ် သည် လက်ရှိရင်သားကင်ဆာ ရောဂါကုထုံးများထက် အဆများ စွာ လူနာတွေကို နာကျင်မှုများမ ပါဘဲ သက်သာရာရစေမည်ဖြစ်ပါ သည်။ သူတို့၏သုတေသနကြောင့် နောင်အနာဂတ်မှာ အမျိုးသမီး ရင်သားကင်ဆာ ဝေဒနာသည် များသည် နာကျင်မှုများမရှိဘဲ ကုသနိုင်တော့မည်ဖြစ်ပါသည်။

ဘောလိဝုဒ်မင်းသမီး ပရီယန်ကာ ချိုပရာ
မယ်ကမ္ဘာဟောင်း မင်းသမီး ပရီယန်ကာ ချိုပရာသည် အိန္ဒိယ နိုင်ငံ ဘောလိဝုဒ်ရုပ်ရှင်လောက ၏ ထိပ်တန်းမင်းသမီး
တစ်ဦးဖြစ် သည်။ ရုပ်ရှင်ကား ၅၀ ခန့် ရိုက် ကူးထားပြီး ထူးချွန်ဆုတံဆိပ်တွေ အများကြီးရထားသူဖြစ်၏။
သည်မျှနှင့် ပရီယန်ကာချို ပရာက မကျေနပ်သေးပါ။ ၂၀၁၅ မှာ အမေရိကန်ရုပ်သံဇာတ်လမ်း တွဲဖြစ်သော Quantico မှာအဓိက ဇာတ်ဆောင်အဖြစ် ပါဝင်သရုပ် ဆောင်ခဲ့သည်။ Quantico ဇာတ် လမ်းတွဲ၌ သရုပ်ဆောင်မှုကြောင့် ပရီယန်ကာသည် လူကြိုက်အ များဆုံး တီဗီဇာတ်လမ်းတွဲသစ် သရုပ်ဆောင်မင်းသမီးအဖြစ် ဆု ရရှိခဲ့သည်။ ကမ္ဘာတစ်ဝန်းမှာ သူ့ ပရိသတ်များရှိ၏။
သူသည် အလုပ်ကြိုးစားသူ တစ်ဦးဟု နာမည်ကြီးသည်။ဟော လိဝုဒ်ရုပ်ရှင်လောကတွင် သူ သည် အသိအမှတ်ပြုနေရာပေးမှု ရခဲ့သည်။ ယခုနှစ်အော်စကာဆု ပေးပွဲမှာလည်း သူ့ကို ဆုချီးမြှင့် ပေးရန် ဖိတ်ခေါ်ခြင်းခံရသည်။ အော်စကာပွဲသို့ တက်လာသော ပရီယန်ကာ၏အလှနှင့် ဖက်ရှင် သည် အနောက်တိုင်းမင်းသမီး များကို အသာလေးယှဉ်နိုင်သည် ကို အများက အသိအမှတ်ပြုခဲ့ရ သည်။
ကိုးကား - တိုင်းမ်မဂ္ဂဇင်း


Credit : http://www.7daydaily.com/story/62932

No comments:

Subscribe

လာလည်သူများ

free counters