♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 30, 2016

" ချိုသာယဉ်ကျေးသော ပြောဆိုမှုနှင့် အပြည့်အဝတာဝန်ခံသော ဝန်ဆောင်မများကို ပေးအပ်လာသည့် KBZကို ကျေးဇူးတင်ပါသည် "

21 / 4 / 2016 နေ့က အရေးကြီး ငွေလိုနေတာနဲ့ တောင်ကြီးကိုငွေလှမ်းမှာ အဲ့ဒါ ငွေ၁၅၀၀၀၀ တစ်သိန်း
ငါးသောင်းကျပ် ကို ကျွန်တော့ရဲ့ KBZ ATM ကဒ် ထဲ လွဲပေးလိုက်တယ်ဒါနဲ့ ည ၇ နာရီလောက်မှာ ရန်ကုန်
မြန်မာ့အသံဘေးလမ်း 5network ရုံးနားက KBZ ATM စက်မှာ သွားထုတ်ပါတယ် ငွေကထုတ်မရနေဘူး။
လုပ်နေရင်း online ကျ သွားတယ်ထင်တယ်။ ဒုတိယအကြိမ် ထပ် လုပ်တော့လည်းငွေက ထွက်မလာတဲ့အပြင်
ကဒ်ပါ မထွက်လာဘူး cancel ကိုနိုပ်လိုက်တော့ ကဒ်က ပြန်ထွက်လာတယ် ငွေကမထွက်လာဘူး ။ ဒါနဲ့ပြန်
ခဲ့တယ်

22/4/2016 ပေါက်တောဝ ဘဏ်ခွဲမှာ သွား ပြီးထပ်ထုတ်တော့ မရတာနဲ့ စာရင်းစစ်တော့ ငွေက ၁၅၀၀၀၀
မရှိနေဘူး တောင်ကြီးကို လှမ်းဆက်တော့ လည်း ငွေက အဝင်ပြထားတယ် ဒါကြောင့် သူတို့ပေးတဲ့ ဖုန်း ကို ဆက်ပြီးအကြောင်းကြားတော့ လိုအပ်တာလေးတွေကို ချိုသာစွာမေးမြန်းပြီး complain တင်ပေးထားမယ်လို့ဖြေ
ပါတယ်။ သောကြာနေ့ဖြစ်နေတော့ တနင်္လာနေ့မှ ထုတ်ပေးပါတဲ့။ ယဉ်ကျေး စိတ်ရှည်စွာနဲ့ ရှင်းပြပေးခဲ့ပါတယ်။
ဒီလိုနဲ့ တနင်္လာနေ့ 25 / 4 / 2016 မနက်မှာ ကျွန်တော့်ကို ဖုန်းဆက်ပြီး သူတို့ဘက် က ဆောင်ရွက်ပေးနေကြောင်း
အကြောင်းပြန်လာပါတယ်။

ညနေ ၃ နာရီကျော်မှာတော့ ငွေကို ထုတ်ယူ နိုင်ပြီဖြစ်ကြောင်းနဲ့ မထင်မှတ်တဲ့ မှားယွင်းမှုကြောင့် ATM ကဒ် သုံးခြင်းအဆင်မပြေ ဖြစ်ခဲ့ရတာကို စိတ်မရှိဖို့ တောင်းပန်စကား ဆိုပြန်ပါတယ်။ ကျွန်တော်လည်း ကျေးဇူးတင်
ကြောင်း ပြန်လည်ပြောဆိုပြီး ငွေကိုအပြေးလေး ထုတ်ခဲ့ပါတော့တယ်။ ယခုလို အပြိုင်အဆိုင် များနေတဲ့ခေတ်မှ

ကောင်းမွန်သော ဆက်ဆံမှု ချိုသာယဉ်ကျေး သော ပြောဆိုမှု အပြည့်အဝ တာဝန်ခံသော ဝန်ဆောင် မှု များ ကို
ပေးအပ်လာသည့် KBZ ကို ကျေးဇူးတင်ပါသည်။ KBZ ATM ကဒ် ကြောင့် သင် စိတ်အနှောင့်အယှက် မဖြစ်စေရ
ဟုပင် ကျေးဇူးတင်ပြောဆို ချင်ပါတော့သည်။
***
U Tin Maung
တောင်ကြီး


Credit : Tin Maung

No comments:

Subscribe

လာလည်သူများ

free counters