February 1, 2015
" မောင်နီတာ ကြက်မ တစ်ကောင်ဆီက မင်း ဘာတွေရနိုင်မလဲ " အာ့လို ဆရာမလေးဆိုရင် ကိုယ်တို့တော့ နေတိုင်း ကျောင်းတက်မှာ ငိငိငိ
ဆရာမက မောင်နီတာလေးကို ဉာဏ်စမ်းမေးခွန်းတွေ မေးနေပါတယ်။
ဆရာမ - မောင်နီတာ ကြက်မ တစ်ကောင်ဆီက မင်း ဘာတွေရနိုင်မလဲ။
မောင်နီတာ - ကြက်ဥတွေပါ ဆရာမ။
ဆရာမ - အေး ဟုတ်ပြီ။ ဒါဆို နွားတစ်ကောင်ကရော မင်းကို ဘာတွေ ပေးနိုင်မလဲ။
ခဏစဉ်းစားပြီး ...
မောင်နီတာ - အမဲသားဟင်းပါ ဆရာမ။
ဆရာမ - မဆိုးဘူး။ ကဲ ဒါဆို ၀က်မကြီး တစ်ကောင်ဆီကရောကွဲ့။
မစဉ်းစားဘဲ ချက်ချင်းဖြေလိုက်တာက ...
မောင်နီတာ - အိမ်စာတွေပါ ဆရာမ။
Credit :ဖိုးသူတော် (www.phothutaw.com)
Credit : Myanmar.mmtimes
Labels:
ပာာသ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment