အသားအရေပြသနာတွေ ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။ ဒီတော့ တစ်ဦးနဲ့တစ်ဦး ဘယ်တော့မှ လဲမသုံးသင့်တဲ့ အလှကုန်တွေကို ပြောပြပေးချင်ပါတယ်။
၁။မျက်လုံးနားတစ်ဝိုက်လိမ်းပေးရတဲ့ မိတ်ကပ် (eye makeup)
မျက်လုံးဆိုတာ ဘက်တီးရီးယားတွေ ၀င်လို့အကောင်းဆုံးနဲ့ အလွယ်ကူးဆုံးမို့ သူတစ်ပါးရဲ့ eye makeup ကိုယူမသုံးဖို့ အကြံပေးချင်ပါတယ်။ မျက်လုံးနားတစ်ဝိုက်က အသားအရေဟာ ပါးပြီးနူးညံ့လွန်းတဲ့အပြင် အခြားနေရာက အရေပြားတွေလို ဘက်တီးရီးယားကို ကာကွယ်မှု မပေးနိုင်တာကြောင့်ပါ။
၂။ဘရိတ်ဓား (သို့) ဂျုတ်
သွေးကတဆင့် ကူးစက်တတ်တဲ့ HIV ရောဂါပိုးတွေဟာ တကယ်ကို ကြောက်စရာပါ။ ဒီတော့ ဘယ်လောက်ပဲ ကိုယ့်သူငယ်ချင်းနဲ့ ခင်ခင် ဘရိတ်ဓားတွေ၊ ဂျုတ်လိုမျိုး အရာတွေကိုတော့ မျှဝေမသုံးသင့်ပါဘူး။
၃။မိတ်ကပ်ဘရက်ရှပ်များ
အရေပြားနဲ့ ပတ်သက်တဲ့ ပြသနာတွေ၊ အထူးသဖြင့် Allergic ဖြစ်တတ်တဲ့သူတွေဟာ ခုလို အလှကုန်တွေကို ဝေမျှသုံးစွဲဖို့ လုံးဝမတွေးသင့်တာပါ။ ပါးနီလေးဆိုးမှာမို့ ဘရက်ရှ်လေး ခဏလောက်လို့ လာငှားရင်လည်း အားနာနာနဲ့ပဲ ငြင်းလိုက်ပါ။ ကိုယ်လည်း ဖြစ်နိုင်ရင် သူများဆီက မငှားပါနဲ့။ သူ့ဆီက ဘက်တီးရီးယားတွေ ကိုယ့်ဆီရောက်လာနိုင်တယ်ဆိုတာ သတိရပါ။
၎။နှုတ်ခမ်းနီ
တစ်ခါတစ်လေ လူတစ်ယောက်ရဲ့ နှုတ်ခမ်းမှာ အနာဖြစ်နေတာ၊ အပူနာဖြစ်နေတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီတော့ infection ၀င်တာမျိုးတွေ ဖြစ်တတ်တာမို့ တတ်နိုင်ရင် သူများကို ကိုယ့်နှုတ်ခမ်းနီ ပေးမဆိုတာ အကောင်းဆုံးပါ။
Ref:cosmopolitan.com
Credit : trend myanmar
ဒါလေးတွေလည်းသတိထားပေါ့ကွယ်...
ကျမကတော့ ကိုယ့်ဒါးနှင့်ကိုယ် မုတ်ဆိတ်ရိတ်နေကျလေ...ခ်ခ်ခ်..
ဘီးလည်းသွား မရှဲနှင့်ဦး...တော်ကြာဗောက်တို့..သန်းတို့တွေရှိနေရင် ဘယ့်နှင့်လုပ်မလဲ..
ကောင်မတွေရေ..နာ့ကို ဘာလုပ်နေတာလဲ....ကိုပေါက်စီနှင့် တိုင်မှာနော်...ဟိဟိ
No comments:
Post a Comment