♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 7, 2015

" နှစ် ၃၀၀ သက်တမ်းရှိ ရွေငွေရတနာများကို ဖလိုရီဒါပင်လယ်မှာ နစ်မြှပ်နေတဲ့ နာမည်ကျော် သင်္ဘောပျက်တစ်စီးမှ တွေ့ရှိ "

 
ဖလိုရီဒါပြည်နယ် Fort Pierce မြို့ ရေတိမ်ဆိပ်ကမ်းတစ်ခုမှ စပိန်ဘုရင်ပြုလုပ်ခဲ့တဲ့ ထူဆန်းတဲ့ရွှေဒင်္ဂါးပြားများ အပါအ၀င် ဒေါ်လာ ၁ သန်းကျော်တန်တဲ့လက်လုပ်ရွှေထည်များကို သမိုင်းဝင်သဘောင်္ပျက် ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့မှ တွေ့ရှိရခဲ့ပါတယ်လို့ပြောကြားလိုက်ပါတယ်။

Queens Jewels ၊ LLC (ရတနာဘု ရင်မများ၊ LLC) မှ  1715 ရတနာသိုက်သင်္ဘောကို ပြုပြင်ထိန်းသိမ်းဖို့ အမိန့်ရထားပါတယ်။ အဲဒီသင်္ဘောဟာ ဖလိုရီဒါ ပြည်နယ် ရတနာသိုက်ကမ်းရိုးတန်းမှာ ၁၇၁၅ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ နစ်မြှပ်ခဲ့ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၃၀၀ ရှိခဲ့ပါပြီ။ အဆိုပါကုမ္ပဏီပြောကြားချက်အရ အဲဒီလက်လုပ်ရွှေထည်ပစ္စည်းများကို အနောက် အုန်းတော ကမ်းခြေ (West Palm Beach) မြောက်ဘက် မိုင် ၃၀ ခန့်အကွာ ၁၅ ပေအနက်ရှိတဲ့ ပင်လယ်ရေထဲမှ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ရွှေဒင်္ဂါး ၅၁ ပြားနှင့် ပေ ၄၀ အရှည်ရွှေဆွဲကြိုးများကို တွေ့ရှိခဲ့ပါတယ်လို့ ၄င်းတို့ကပြော ကြားပါတယ်။

ရွှေဒင်္ဂါးပြားများ၏ဖေါ်ပြပါတန်ဖိုးသည် အများအပြားရှိပြီး 17 Eight Escudos ၊ 22 Two Escudos နှင့် 12 One escudos တို့ ပါဝင်ပါတယ်။ 1715 သင်္ဘောဟာ သမိုင်းတွင်ကြေကွဲဝမ်းနည်းစရာအကောင်းဆုံး သင်္ဘောတစ်စီးဖြစ်တယ် လို့ ယူဆထားပါတယ်။ သင်္ဘော ၁၁ စင်းအား ကမ္ဘာသစ်မှ ရတနာများဖြည့်ပြီး
စပိန်နိုင်ငံသို့ ပြန်လာခဲ့ရာ လုံးဝ-မရောက်ရှိခဲ့ပေ။ အဆိုပါ သင်္ဘောများသည် ကူဘား(Cuba) နိုင်ငံ လှပတဲ့ Havana မြို့မှ ဇူလိုင်လ ၂၄ ရက်နေ့မှာ ထွက်ခွာလာပြီး ယခု ဖလိုရီဒါပြည်နယ် ရတနာသိုက်ကမ်းရိုးတန်းဟု ခေါ်ဆိုကြတဲ့ ကန်းရိုးတမ်းမှာ ၁၇၁၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ ဟာရီကိန်းမုန်တိုင်းကြောင်း နစ်မြှပ်ပျက်စီးခဲ့ရပါတယ်လို့ အဆိုပါ ကုမ္ပဏီပြောကြားချက်အရ သိရပါတယ်။

Queens Jewels (ရတနာဘုရင်မများ) ဟာ ကမ္ဘာ့အကျော်ကြားဆုံး ရတနာသိုက်သမား Mel Fisher ရဲ့ အမွေအနှစ်သင်္ဘောကို အမေရိကန် ရေတပ်သင်္ဘော ပြုပြင်ထန်းသိမ်းစောင့်ရှောက်ရေးမှ ရရှိခဲ့ပါတယ်။ ပူးတွဲ ကန်ထရိုက်တာတစ်ခု ဖြစ်တဲ့ Schmitt Family ကုမ္ပဏီမှ ခန့်မှန်းခြေဒေါ်လာ သန်း ၄၀၀ တန်တဲ့ ရတနာသိုက်ရဲ့ နိဂုံးချိန်ရောက်ရှိလာပါပြီဟု ယုံကြည်နေပါတယ်။ အခုလိုရှာဖွေနေခြင်းဟာ ငွေကြေးတန်ဖိုးအရမဟုတ်ဘဲ သမိုင်းမှတ်တိုင်တစ်ရပ်အနေဖြင့် အရမ်းအရေးကြီးတယ်လို့ 1715 သင်္ဘော- Queens Jewels ၊ LLC (ရတနာဘုရင်မများ) ရဲ့ပိုင်ရှင် Brent Brisben ကပြောကြားခဲ့ပါတယ်။

ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်တစ်ခုမှာ သမိုင်းတစ်ခုရဲ့ဖြစ်ရပ်ကို လေ့လာသင်ယူပြီး အဲဒါကို သမိုင်းအဆက်ဆက် တိုင်အောင် ထိန်းသိမ်းစောင့်ရှောက်ရမယ်။ ဒီတစ်ပတ်ရဲ့ ရှာဖွေတွေ့ရှိမှုများက ကျွန်တော်တို့ကို အဲဒီအမှန်တရားများ ရှာဖွေဖော်ထုတ်မှုဆီသို့ ခေါ်ဆောင်နေပါတယ်။
Ref:cbsnews

Credit : http://www.trend.com.mm/2015/07/28/news-7292

No comments:

Subscribe

လာလည်သူများ

free counters