မြန်မာနိုင်ငံတွင် အဂ္ဂိရတ်ပညာနှင့် ပတ်သက်ပြီး ထင်ရှားသူ တစ်ယောက်ရှိခဲ့ဖူးသည်။ ထိုသူမှာပုဂံခေတ်ကထင်ပေါ်ခဲ့သော ရှင်အဇ္ဇေဂေါဏပင်ဖြစ်သည်။ ရှင်အဇ္ဇေဂေါဏ၏ မူရင်းဘွဲ့အမည်မှာ ရှင်မထီးဟုခေါ်
သည်။ ထိုဆရာတော်သည် သူ၏ဓာတ်လုံးတန်ခိုးဖြင့် ပုဂံပြည်တွင် မုဆိုးမပါဘုရားတည်နိုင်အောင် စွမ်း
ဆောင်နိုင်ခဲ့သည်။ မြန်မာနှစ် ၅၂၉ခုနှစ်တွင် ပုဂံထီးနန်းကို နရသူမင်းမှထီးနန်းစိုးစံလေရာ ဆရာတော်သည်
ထွက်ရပ်ပေါက် လုပ်ငန်းအောင်မြင်ရန်အတွတ် နရသူမင်းထံတွင်အလှုခံခဲ့သည်။ နရသူမင်းလည်းအကျိုးကို
မျော်ကိုးပြီးဆရာတော်ကို လိုအပ်သမျှ ရွှေ၊ ငွေတို့ အားလှုဒါန်းခဲ့သည်။ သို့ သော်ဆရာတော်မှာပြဒါးမအောင်
မြင်သောကြောင့် နရသူမင်းမှာအမျက်ရှပြီး ဆရာတော်၏ မျက်လုံးအစုံကို ထိုးဖောက်ပစ်ရန်အမိန့်ပေးလိုက်
သည်။
မျက်လုံးမရှိတော့သော ဆရာတော်သည် သူ၏ပြဒါးလုံးကို စိတ်နာလှသောကြောင့် ကျောင်းနေ
သူတော်ကိုခေါ်ကာ ပြဒါးလုံးအား မစင်တွင်း ထဲသို့ စွန့်ပစ်ခိုင်းခဲ့သည်။ သူတော်လည်းပြဒါးလုံးအား မစင်တွင်း
ထဲသို့ စွန့်ပစ်လေရာ ပြဒါးလုံးမှာ မစင်တွင်ထဲတွင်အရောင်တဖျပ်ဖျပ် ထတောက်ချေသည်။ ထိုအကြောင်းကို
ဆရာတော်ကို ပြန်ပြောပြရာ ဆရာတော်သည် မိမိပြဒါးအောင်ပြီမှန်းသိလေသည်။ ထိုကြောင့် သူတော်ကို
ဈေးသို့ လွတ်ပြီးရရာမျက်လုံးတစ်စုံကို ၀ယ်ခိုင်းသည်။ သူတော်ဈေးမှပြန်လာသောအခါ လိုချင်သောမျက်လုံးအစုံကိုမရဘဲ ဆိတ်မျက်လုံး တစ်လုံးနှင့် နွားမျက်လုံးတစ်လုံးကိုသာရရှိခဲ့သည်။ ဆရာတော်လည်း ရရှိသည်
မျက်လုံးအစုံကိုယူကာ မိမိ၏ မျက်စိအိမ်အတွင်းသို့ ဖိသိပ်သွင်းပြီးလျှင် ဆယ်ယူသန့်စင်ထားသော ပြဒါးလုံး
ဖြင့်ပွတ်သပ်ချေသည်။ ထိုအခါ ဆရာတော်၏ မျက်လုံးမှာ ချက်ချင်း ပြန်ကောင်းလာခဲ့သည်။ သို့ သော်
မျတ်လုံးများကမူ တစ်ဖတ်နှင့်တစ်ဖတ်တူညီမူမရရှိခဲ့ပေ။ ထိုကြောင့် ပုဂံသားတို့ သည် ဆရာတော်၏မတူညီ
သောမျက်လုံး အစုံကိုအစွဲပြုပြီး ရှင်အဇ္ဇေဂေါဏ (ဆိတ်၊ နွား )ဟုခေါ်ဝေါ်ကြကုန်သည်။
ထိုဆရာတော်သည် အညွှန်းတွင် ပြဒါးလုံးအား မစင်ကျွေးရမည်နည်းကို အယူလွှဲပြီးပြဒါးလုံးအား အပုပ်
ရည်များသာ ကျွေးခဲ့သောကြောင့် ပြဒါးမှာမအောင်မြင်ခဲ့ခြင်းပင်ဖြစ်ပေသည်။ ထိုနောက် ဆရာတော်၏ပြဒါး
အစွမ်းဖြင့် ပုဂံသူပုဂံသားတို့ မှာချမ်းသာလာကြပြီး မုဆိုးမပါဘုရားတည်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။
Credit : http://minsetwai.blogspot.co.uk/2014/09/blog-post.html?m=0
No comments:
Post a Comment