၁။ ဒီကိစ္စကို ရပ်ပစ်မယ့်အကြောင်း ကတိပေးပါ။ ကိုယ်သွားတွေ့နေတဲ့သူကို လုံးဝမတွေ့တော့ဘူးဆိုတာပါ ထည့်ပြောပါ။
ကိုယ့်ချစ်သူရဲ့ ခွင့်လွှတ်မှုကို ရစေဖို့ သူမကို ကတိပေးဖို့ လိုပါလိမ့်မယ်။ သေချာကတိပေးအပ်လိုက်ပါ။ ကတိထဲမှာသူမနောက်ကွယ်ကနေသွားသွားတွေ့နေတဲ့အခြားတစ်ယောက်နဲ့လုံးဝအဆက်အသွယ်ဖြတ်လိုက်
မယ့်အကြောင့် သေချာပြောပြပါ။
၂။ ကိုယ့်ချစ်သူရဲ့ မေးခွန်းမှန်သမျှကို ဖြေပါ။
ခုလို ဖြစ်လာပြီဆိုရင် ကိုယ့်ချစ်သူအနေနဲ့သိချင်တာတွေ ရှိပါလိမ့်မယ်။ ဘယ်အချိန်ကတည်းကလဲ။ ဘယ်လောက်ကြာပြီလဲ။ ဘယ်လိုတွေ့တာလဲ စတဲ့ မေးခွန်းတွေအားလုံးကို ဖြေပါ။
၃။ ကိုယ့်ချစ်သူကို အရင်လို ဂရုစိုက်ပါ။ မစိုက်ခဲ့ရင် ပိုစိုက်ပါ။
ချစ်သူက သစ္စာဖောက်သွားရင် ဘယ်သူမဆို နာကျင်ခံစားရမှာပါ။ ဒီတော့ သူမရဲ့ဝေဒနာတွေ လျော့ပါးသက်သာသွားအောင် သင်လုပ်ပေးဖို့ လိုပါတယ်။
၎။ ကိုယ့်ချစ်သူကို စကားတွေပြောပါ၊ ဘယ်လောက်အချိန်ကြာကြာ သူပြောတာ နားထောင်ပေးဖို့လည်း မမေ့ပါနဲ့။
ချစ်သူကောင်မလေး နာကျင်ခံစားနေရတာတွေ အမြန်ပျောက်အောင် တွန်းအားပေးတာမျိုး လုပ်မယ့် အစားသူမနဲ့အတူ အချိန်တွေ ကုန်ဆုံးရင်း ကိုယ့်အပြစ်တွေကို ၀န်ခံလိုက်ပါ။ သူမပြောချင်တာတွေ အားလုံးကိုလည်း စိတ်ရှည်လက်ရှည် နားထောင်ပေးပါ။ အရင်လို အခြေအနေပြန်ရဖို့ ဘယ်လောက်ကြာကြာ သင့်ဘက်က စောင့်ဆိုင်းရပါလိမ့်မယ်။
၅။ တာဝန်ယူပါ။
ကိုယ့်လက်တွဲဖော်ကို သစ္စာဖောက်တဲ့သူ ဖြစ်တဲ့အတွက် သင်ဘယ်လောက် စိတ်မကောင်းဖြစ်တယ်၊ နောင်တရနေတယ်ဆိုတာမျိုးကို သူမကို ပေးသိပါ။ နောက်တစ်ခါ ဒီလိုမျိုး မဖြစ်တော့ဘူးဆိုတာ ပြောပြပြီး ကိုယ့်ကတိစကားကို ကိုယ်တာဝန်ယူပါ။
Ref:yourtango
Credit : http://www.trend.com.mm/2015/07/28/relationships-7286
No comments:
Post a Comment