♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 6, 2015

" ကမ္ဘာ့ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး တောင်တန်းများ "


၁။ အန်နာပူရနာ (နီပေါ)
ANNAPURNA, Central Nepal (26,545 ft.)
အန်နာပူရနာ တောင်ဟာကမ္ဘာပေါ်မှာဒသမမြောက်အမြင့်ဆုံးနဲ့အန္တရာယ်အကြီးမားဆုံး တောင်တစ်ခု ဖြစ်ပါတယ်။

နီပေါနိုင်ငံ မြောက်အလယ်ပိုင်းမှာ ရှိတဲ့ ဟိမဝန္တာ တောင်တန်းတွေမှာ တည်ရှိပါတယ်။ အမြင့်ပေ ၈ဝ၉၁ မီတာ (၂၆၅၄၅ ပေ) ရှိပါတယ်။ ဒီတောင်ကို တက်ရောက်မယ် ဆိုရင် သေဆုံးမှုနှုန်း ၄၁ ရာခိုင်နှုန်း ရှိပြီး ကမ္ဘာပေါ်မှာ အကျွမ်းကျင်ဆုံး တောင်တက်သမားတွေတောင် မမျှော်မှန်းနိုင်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင် ရတတ်ပါတယ်။ အန်နာပူရနာ ဆိုတဲ့ အဓိပ္ပာယ်ကတော့ သက္ကတ ဘာသာဖြစ်ပြီး အဓိပ္ပာယ် ကတော့ ကောက်သစ်ပေါ်ချိန်

နတ်ဘုရားမ ဖြစ်ပါတယ်။ ဒီတောင်ကို တက်ချင်ရင်တော့ သတိကြီးကြီး ထားရမှာ ဖြစ်ပါတယ်။



၂။ နန်ဂါပါဘတ် (ပါကစ္စတန်)
NANGA PARBAT, Gilgit-Batistan (26,657 ft.)
နန်ဂါပါဘတ် တောင်ဟာ ပါကစ္စတန်နိုင်ငံမှာ ဒုတိယ အမြင့်မားဆုံး တောင်ဖြစ်ပြီး ကမ္ဘာပေါ်မှာ နဝမမြောက် အမြင့်ဆုံး ဖြစ်ပါတယ်။ ပါကစ္စတန် မြောက်ပိုင်းမှာရှိတဲ့ ဟိမဝန္တာ တောင်တန်းတွေမှာ တည်ရှိပါတယ်။ အမြင့်ပေ ၈၁၂၆ မီတာ တည်ရှိပြီး လူသတ်တောင် သို့မဟုတ် သရဲတောင် လို့လည်း ခေါ်ဝေါ်ကြပါတယ်။ ကမ္ဘာပေါ်မှာ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး တောင်တွေထဲက တစ်ခုဖြစ်ပြီး ထိခိုက်သေဆုံးမှု မှတ်တမ်း တွေအများအပြား ရှိခဲ့ပါတယ်။ သေဆုံးမှုနှုန်း ၁ဝဝ မှာ ၅ ဒသမ ၅ ဦး ရှိနေပါတယ်။ ရေခဲနံရံတွေဟာ ကြည့်ရှုလို့ ကောင်းပေမယ့် တောင်တက်သမားတွေ အတွက် မလွယ်ကူပါဘူး။ မတ်စောက်တဲ့ ဆင်ခြေလျှော တွေနဲ့ ရေခဲတောင်တွေ တည်ရှိပါတယ်။
                                                                              


၃။ ကေတူး (ပါကစ္စတန်)
K2, border of Pakistan and China (28,251 ft.)
ကေတူးတောင်ဟာ ပါကစ္စတန်နိုင်ငံမှာ အမြင့်မားဆုံး ဖြစ်ပြီး ကမ္ဘာပေါ်မှာ နောက်ထပ် ကြောက်မက်ဖွယ်ရာ အကောင်းဆုံး တောင်တစ်လုံးလည်း ဖြစ်ပါတယ်။ အမြင့် ၂၈၂၅၁ ပေ ရှိပါတယ်။ ရုတ်တရက် ပြောင်းလဲ တတ်တဲ့ ရာသီဥတု၊ အဆိုးရွားဆုံး နှင်းကျတဲ့ အခြေအနေတွေနဲ့ ပြင်းထန်တဲ့ မုန်တိုင်းတွေ ကြုံတွေ့ရ နိုင်ပါတယ်။ ဒါကြောင့်လည်း ကေတူးတောင်ဟာ တောင်တက်သမားတွေ အတွက် အန္တရာယ်ရှိပြီး စိန်ခေါ်မှု ပြင်းထန်တဲ့ တောင်တစ်လုံးလို့ ဆိုရမှာပါ။ သေဆုံးမှုနှုန်း ၂၃ ဒသမ ၂ ရာခိုင်နှုန်း ရှိပြီး ဒီတောင်ကို  တက်ရောက်တဲ့ လူလေးဦးမှာ တစ်ဦး သေဆုံးတယ်လို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။



Credit : ( http://www.myawady.net.mm/incredibleworld/abnormalities/item/39535-2014-04-01-12-18-47 )

No comments:

Subscribe

လာလည်သူများ

free counters