♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 3, 2015

အနီရောင်ရှိတဲ့ အသားတွေ စားသုံးခြင်းဟာ အူမကြီး ကင်ဆာရောဂါ ဖြစ်စေနိုင်


သိပ္ပံပညာရှင်တွေဟာ အနီရောင်ရှိတဲ့ အသား တွေကိုစားသုံးခြင်းဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ချေများလာရခြင်း အကြောင်းအရင်းကို သူတို့ ရှာဖွေတွေ့ရှိခဲ့ပြီလို့ ယုံကြည်နေကြပါတယ်။

အသားကင်များ နဲ့ အသားပြားများမှာ အနီရောင်သန်းနေအောင် သုတ်လိမ်းထားတဲ့ ဆိုးဆေးများကိုသာ အပြစ်တင်စရာရှိတယ်လို့ သိပ္ပံ ပညာရှင်တွေက ကြေညာလိုက်ပါတယ်။

ခန္ဓာကိုယ်တစ်လျှောက် အောက်စီဂျင် ကို ပို့ဆောင်ပေးတဲ့  သွေးနီဥ ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Haem ကို အနီရောင်သန်းသော အသားများမှာပိုမိုတွေ့ရတတ်ပါတယ်။ ထို Haem မှာ သံဓါတ်ပါဝင်ပြီး အနီရောင် ကို ဖြစ်ပေါ်စေနိုင်ပါတယ်။


အမဲသား ၊ ၀က်သား ၊ ဆိတ်သား တို့မှာ အများဆုံးတွေ့ရတတ်တဲ့ အနီရောင် သန်းတဲ့ အသားတွေဟာ ကင်ဆာ ဖြစ်နိုင်တယ်ဆိုတာကို လူသားတွေသိခဲ့ကြတာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါပေမယ့် ဘာကြောင့်ဖြစ်ရတာလဲ ဆိုတဲ့ အကြောင်းအရင်း ကိုတော့ ဘယ်သူမှ သက်သေမပြနိုင်သေးပါဘူး။

နယ်သာလန်မှာရှိတဲ့ Utrecht တက္ကသိုလ်က သုတေသီတွေဟာ Haem နဲ့ အူမကြီး ကင်ဆာ ကြားက ဆက်စပ်မှု ကိုလေ့လာဖို့အတွက် ကြွက်တွေကို အနီရောင်သန်းတဲ့ အသားတွေ ကျွေးပြီးလေ့လာခဲ့ကြပါတယ်။ အဲဒီအခါမှတော့ ကြွက်တွေဟာ သူတို့ အူလမ်းကြောင်းတစ်လျှောက်မှာ နာကျင်မှု တွေကို ခံစားခဲ့ကြရပါတယ်။

ဇီဝဗေဒ နည်းလမ်းများအရ အဖြေရှာကြည့်တဲ့အခါမှာတော့ အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ဘက်တီးရီးယားတွေဟာ Haem များကို ဟိုက်ဒရိုဂျင်ဆာလ်ဖိုဒ် များအဖြစ် ပြောင်းလဲပေးလိုက်တာကို သုတေသီတွေကတွေ့ရှိသွားပါတယ်။ ဟိုင်ဒရိုဂျင်ဆာလ်ဖိုဒ် ဆိုတဲ့ ဓါတုဗေဒ ဟာ ကြက်ဥပုပ် လို အနံ့မျိုးရှိပြီး အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ဆဲလ်တွေကို ပျက်စီးစေနိုင်ပါတယ်။

ထို ပျက်စီးမှု တွေကို ပြုပြင်နိုင်ဖို့အတွက် ဆဲလ်တွေဟာလျင်မြန်စွာ ပြန်လည်ရှင်သန်လာရပါတယ်။ ဒါပေမယ့်လည်း ထို ဆဲလ်တွေ လျင်မြန်စွာ ပြန်လည်ရှင်သန်မှုဟာ ကင်ဆာ အကျိတ် တွေကို ဖြစ်ပေါ်လာစေနိုင်တာပဲ ဖြစ်ပါတယ်။  အူမကြီးကင်ဆာရောဂါ ဟာ အဖြစ်အများဆုံး ကင်ဆာ တစ်မျိုးဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ တော့  အကြီးမားဆုံးသော ပြသနာ တစ်ခုဖြစ်နေခဲ့ပါတယ်။ ဗြိတိန်နိုင်ငံမှာ ၁၅ မိနစ်ကို တစ်ယောက်နှုန်းနဲ့ အူမကြီးကင်ဆာရောဂါ ကို ခံစားနေရပြီး တစ်နှစ်ကို လူ အယောက် ၄၀၀၀၀ ခန့်ဟာ နှစ်စဉ် အူမကြီးကင်ဆာရောဂါ ကို ရင်ဆိုင်နေရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)

Ref : Dailymail

No comments:

Subscribe

လာလည်သူများ

free counters