♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 5, 2015

" ပဲတီပဲကို ပဲပင်ပေါက် အလွယ်တကူ ဖောက်စားကြပါစို့လားဟင် "

 
အသုံးပြုရမယ့် ပစ္စည်းများ
1) ပဲတီပဲ
2) ရေသန့် ဘူးလွတ် ( လေးထာင့်ဘူး)
3) အမွှေးတိုင် (သို့) ဗူးကို မီးအပူပေးဖောက်ရန် သံချောင်း
၎) ခဲတံချွန်ဒါးပါး
5) ရေ

ပြုလုပ်ပုံ
 

ပုံ1) လေ;ထောင့်ရေသန့် ဗူးကို သန့် စင်အောင်ဆေးပါ
 

ပုံ2) အမွှေးတိုင်မီးထွန်းပြီး ရေသန့် ဗူး တစ်တဖက်ခြမ်းကို အပေါက် တန်းစီဖေါက်ပါ (သံအပူပေးပြီးလည်းဖေါက်နိုင်ပါတယ်)။ ဗူးအကြီးအသေးပေါ်မူတည်ပြီး 10 ပေါက်အထိဖေါက်နိုင်ပါတယ်။ လောင်းတဲ့ရေတွေ စီးဆင်းဖို့ အတွက်ဖြစ်ပါတယ်

 
ပုံ3) အပေါက်ဖေါက်ထားတဲ့ ဖက်နဲ့  ဆန့် ကျင်ဘက် အခြမ်းကို အဖုံးအပွင့်အပိတ်လုပ်နိုင်တဲ့ အပေါက် ကျယ်ကို ပုံမှာပြထားတဲ့အတိုင်းဖေါက်ပါ။
 
ပုံ4) အဖုံးပုံအပေါက်ဖေါက်ထားတဲ့ဗူးပုံဖြစ်ပါတယ်။
 
ပုံ5) ဆူပြီးသား ရေပူပူ တစ်ခွက်ကို ရေအေး ၃ ခွက်နဲ့ ရောစပ်ပြီး ပဲတီပဲကို 8 နာရီခန့် စိမ်ထားပါ။ ပြီးရင် ပုံမှာပြထားတဲ့အတိုင်း ဗူးထဲကို ထည့်ပါ။ အနည်းအများကတော့ ဗူးအပေါ်မူတည်ပြီးထည့်နိုင်ပါတယ်
 
ပုံ6) 3 နာရီခြားတခါ ရေတစ်ခါလောင်းပြီး အလင်းမ၀င်အောင် တခုခုနဲ့ အုပ်ထားပါ။ မနက်စောစောကနေ ညအိပ်ရာမ၀င်ခင်အထိရေလောင်းပေးပါ
 
ပုံ7) ၃ နေ့ ၂ ည (နာရီ 60 ) ခန့် အကြာ ပဲတီပင်ပေါက် တွေရနိုင်ပြီဖြစ်ပါတယ်။
 
ပုံ8) သဘာဝ ပဲတီပင်ပေါက်ဖြစ်တဲ့အတွက် ဈေးထဲက အပင်အားတိုးဆေးသုံးထားတဲ့ ပဲတီပင်ပေါက်လို တော့ ဖွံ့ မှာမဟုတ်ပါ။
 
 
 
Credit : WinMyint Winmit

No comments:

Subscribe

လာလည်သူများ

free counters