♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 8, 2015

" ဘုရားသခင်ထံမှ အာရုံရ၍ တည်ဆောက် ထားသော ကြက်ဖပုံ ဝတ်ပြုကျောင်းတော် "


 

အင်ဒိုနီးရှား တောအုပ်ကြီးထဲ တွင် ဖုန်းကွယ်ထားသော အရာတစ် ခု ရှိနေပါသည်။ ယင်းမှာ အခြား မဟုတ်။ ကြက်ဖပုံစံ တည်ဆောက် ထားသည့် ဝတ်ပြု ကျာင်းတော် ကြီးတစ်ဆောင်ပင် ဖြစ်လေသည်။
 ဒေသခံလူတို့၏ အခေါ်အရGereja Ayam (ကြက်ဖကျောင်း တော်) ဟု အမည်ရသည့် အဆိုပါ ဝတ်ပြုကျောင်းတော်ကြီး သည် Magelang ဒေသရှိ Rhema တောင်ကုန်းပေါ်တွင် တည်ရှိကာ ကမ္ဘာ တစ်လွှားမှ ဓာတ်ပုံ ဝါသနာ ရှင်များနှင့် ကမ္ဘာလှည့် ခရီးသွား များ နှစ်စဉ်လာရောက် လည်ပတ်ကြ သော နေရာ တစ်ခုလည်းဖြစ်သည်။

အဆိုပါ ဝတ်ပြုကျောင်းတော် ကြီးကို ဂျကာတာတွင် အလုပ် လုပ်နေသည့် ဒန်နီရယ် အလန်ဂျာ ဆိုသူက ဘုရားသခင် ထံမှ ”ဝတ်ပြု ကျောင်း” တစ်ခု တည်ဆောက်ရန် အမိန့်တော် ကို အာရုံခံ ရရှိသဖြင့် တည်ဆောက် ခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး ဘုရား သခင်က ၄င်းအား ခိုနှင့် အလားသဏ္ဌာန်တူသောဝတ် ပြုကျောင်းဖြစ်ရမည်ဟု အာရုံထဲ တွင်မိန့်ဆိုကြောင်း ထိုသူက ပြော သည်။

”လူတွေက ကျွန်တော့်ကို ဘုရားကျောင်း တစ်ခု ဆောက်ထား တယ်လို့ ထင်ရင် ထင်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က ခရစ်ယာန် ဘာသာဝင် တစ်ယောက် ဖြစ်နေတာကိုး။ ဒါပေမဲ့
ကျွန်တော် ဆောက်ထားတာ ဘုရားကျောင်း မဟုတ်ဘူး။ ဆုတောင်းဖို့ အ ဆောက် အအုံ တစ်ခုပါ”ဟု ဒန်နီ ရယ်က ဆိုသည်။


ထိုသို့ အာရုံရပြီးနောက် ၁၆ နှစ်ကြာသည့်အခါ ဒန်နီရယ်သည်  သူ့အမျိုးသမီး ၏ မိသားစုများ ရှိရာ Magelang သို့ သွားရောက် လည် ပတ်ရာမှ ၄င်း အိပ်မက်ထဲက နေ ရာ ရှုခင်းများနှင့် ထပ်တူကျသော အဆိုပါ ဆုတောင်းရန် အဆောက် အအုံ ဆောက်မည့် နေရာကို ရှာ ဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်မှ စ၍ ဒန်နီရယ် သည် ကျောင်းဆောက်ရန် ငွေများ ရှာဖွေစုဆောင်းခဲ့သည်။ ထို့ပြင် ဒေသခံတွင်း မြေပိုင်ရှင် များကလည်း စတုရန်း မီတာ ၃ဝဝဝ ကျယ်သော ယင်းမြေကို လှူဒါန်းခဲ့ပြီး ရူပီးငွေ နှစ်သန်းခန့် အကုန်အကျ ခံကာ လေးနှစ်ကျော် တည်ဆောက်ခဲ့လေ သည်။
 
Daniel Alamsjah, 67, built the structure in 1990 after he had a vision from God to build a 'prayer house' atop a hill


 
ဘုရားကျောင်း အတွင်းပိုင်းပုံ
KTZO
Ref:DailyMail


Credit : http://popularmyanmar.com/afpopular/archives/1701

No comments:

Subscribe

လာလည်သူများ

free counters