♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 7, 2015

" အလှအပရေးရာမှာ မျက်ခုံးမွေးစိုက်ခြင်း (eyebrow extensions) ဟာ အရင်ကထက် ပိုခေတ်စားလာ "

 
ကယ်လို့များ သင်ဟာ မျက်ခုံးမွှေးပါးပါး၊ ဒါမှမဟုတ် မျက်ခုံးမွှေးတိုတိုပြတ်ပြတ်ကို ပိုင်ဆိုင်ထားတယ်ဆိုရင် နေ့တိုင်းဒီအပိုင်းကို ခြယ်သနေရတာထက် တစ်ချက်တည်း ကိုယ်လိုချင်တဲ့ မျက်ခုံးမွှေးပုံစံမျိုးလေး လိုချင်မိကြမှာပါပဲ။ ခုတော့ ဒီအလှအပ ပြသနာတွေကို ဖြေရှင်းပေးမယ့် အကောင်းဆုံးနည်းလမ်းပေါ်ထွက် လာခဲ့ပါပြီ။
မျက်ခုံးမွှေးကို ပိုမိုလှပအောင် ပိုရှည်ပြီး ကြည့်ကောင်းအောင် စသဖြင့် အမျိုးမျိုး ပြုလုပ်နိုင်ပါပြီ။ ပါးနေတဲ့နေရာတွေကို ဖြည့်ချင်တာပဲဖြစ်ဖြစ်၊ မျက်ခုံးမွှေးကိုအပြည့်လိုချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကျန်းမာရေးအခြေအနေတစ်ရပ် ရပ်ကြောင့် မျက်ခုံးမွှေးတွေ ကျွတ်သွားရတာမျိုးတွေအတွက် ကြည့်ကောင်းပြီး
လှပသွားအောင် ဒီ မျက်ခုံးမွှေး extension ကနေ စွမ်းဆောင်ပေးနိုင်ပါတယ်။
နည်းကတော့ နှစ်နည်းပါ။ တစ်နည်းက မျက်ခုံးမွှေးကိုပဲရှည်အောင်ထပ်ပြီးဆက်လိုက်သလိုပါ။ နောက်တစ်နည်းကတော့ အသားမှာ မျက်ခုံးမွှေးကို စိုက်လိုက်တဲ့သဘောပါ။
မျက်ခုံးမွှေးပုံစံထဲကမှ ဘယ်လိုပုံစံအတိုင်း လုပ်မယ်ဆိုတာကတော့ အလှအပရေးရာပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးရမှာပါ။ လူအများစုစိတ်ဝင်စားကြတာကတော့ မျက်တောင်မွှေးဆက်တာမျိုးနဲ့ မတူတဲ့ အသားထဲထိ အသားအတွက်စိတ်ချရတဲ့ ကော်တစ်မျိုးသုံးပြီး မျက်ခုံးမွှေးစိုက်တာမျိုးလို့ သိရပါတယ်။
 
Ref:yourtango


Credit : http://www.trend.com.mm/2015/08/03/beauty-7328

No comments:

Subscribe

လာလည်သူများ

free counters