♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 6, 2015

" ပုလေး နောက်ကို လိုက်သွားတော့မှာလား ခင်ရယ် ..ဒီမောင်မှာ ရင်ကျိုးရချေရဲ့ ..အဟင့် "

zach-and-tori-wedding-2

KTZO
ပို့တ်လန်း-အော်ရီဂွန်၊ ဇူလိုင် ၂၇
လူတိုင်းလူတိုင်း အချစ်နှင့်ထိတွေ့ဖူးကြသလို လူတိုင်း ကြား ဖူးကြသည်မှာလည်း ”အချစ်မှာ မျက်စိမရှိ”
ဟူ၍သာ။ သို့ရာတွင် ယခု အ ပတ်အတွင်း အမေရိကန် ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ကမ်းခြေတစ်နေရာတွင် ပြုလုပ်ခဲ့သည့် မင်္ဂလာလက်ထပ်ပွဲ တစ်ခု ကတော့ ”အချစ်မှာ အရပ်မရှိ”ဟု ဆိုနေသယောင်ယောင်။ Little People, Big World  တီဗီဇာတ်လမ်းတွဲ၏ သရုပ်ဆောင်မင်းသား  Zach Roloff နှင့် သူ၏အဖော် Tori Patton တို့သည် ခင်မင်ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းအချို့နှင့်အတူ နှစ်ဖက်မိသား စုများစုံ ရာရှေ့ တွင် ယခုကဲ့သို့ အကျဉ်းရုံး လက်ထပ်ခဲ့ကြပြီး မီဒီ ယာစာမျက်နှာများထက်တွင် ၎င်းတို့၏ မင်္ဂလာသတင်းသည် တစ်မုဟုတ်ချင်း ပျံ့နှံ့ကျော်ကြားလာခဲ့သည်။
အကြောင်းမှာ သတို့သား Roloff သည် အသက် ၅၃ နှစ်အရွယ် လူပုကလေးတစ်ဦးဖြစ်ပြီး သတို့သမီးမှာမူ
အသက် ၂၅ နှစ် အရွယ် ချောမောလှပသည့် ပုံမှန်မိန်းမပျိုလေးတစ်ဦးဖြစ်နေခြင်း ကြောင့်ပင်။ Roloff နှင့် Tori  တို့သည် ၂ဝ၁၄ ခုနှစ် ဧပြီလက ပင် စေ့စပ်ခဲ့ကြပြီး ပြီးခဲ့သည့် စနေနေ့ က ယခုကဲ့သို့လက်ထပ်ခဲ့ကြခြင်းဖြစ်ကာ
Tori  နှင့် မတွေ့ခင် Roloff တွင် ယခင်အိမ်ထောင်နှင့် ကလေး လေးယောက်ရှိခဲ့သည်။
Ref:UPI


No comments:

Subscribe

လာလည်သူများ

free counters