♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 5, 2015

" ကျောင်းဆရာလေးတစ်ဦး၏ ကိုယ်တွေ့ ကျတ်ကုန်းက ဖြစ်ရပ်မှန် (ကြောက်တတ်ပါက မဖတ်ပါရန်) "


၁၉၈၅ ခု ဒီဇင်ဘာလထဲတွင်ဖြစ်သည်။အချိန်ကား....ည(၁း၀၀)ကျော်ပေပြီ။ဒီဇင်ဘာလမို့ မြူနှင်းများကား လောကဓါတ် တစ်ခွင်လုံး ပိတ်ဖုန်း နေသည်။ကောင်းကင်မှာ သာနေသည့် လခြမ်း ကွေးလေးကတော့ ဒီဇင်ဘာ ဆောင်းလေပြေနှင့် အတူ မှေးစက်အိပ်ပျော်နေသလိုပင်။ ရံဖန်ရံခါ ညဥ့်ငှက်များ ၊ ပုရစ် အော်သံ ၊ပိုးကောင်းလေးများ အော်သံမှလွဲ ၍လောကကြီးတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက် နေပေသည်ပါကော.....။

ထိုအချိန်၊ထိုကာလနှိုက် အများသူငှာလို မအိပ်စက်နိုင်ပဲ ခိုက်ခိုက်တုံအောင်ချမ်းလွန်းလှသည့် ဒဏ်ကိုအံတုပြီး မီးတုတ်ကိုစီ ကိုင်ကာတောလမ်းလေးအတိုင်း ခရီးပြင်းနှင်နေကြသောလူတစ်စု ကားအဘယ်သူများပါလိမ့်.....။ရှေ့ဆုံးမှလူကြီးကတော့ထိုအဖွဲ့၏ခေါင်ဆောင်ဖြစ်ဟန်တူသည်။
အသက်အရွယ်အားဖြင့်တော့ လေးဆယ်ပါတ်ဝန်းကျင်လောက်ခန့်ရှိမည်...။ထိုလူ၏လက်ထဲတွင်
 တောခုတ်ဓါး

တစ်ချောင်းကိုင်ကာ လမ်းရှင်းရင်းနောက်မှ လူများကို ဦးဆောင်ခေါ်သွားနေခြင်းဖြစ်သည်။သူ၏နောက်ကျေဘက်တွင်လည်း ဒူးလေးတစ်ချောင်းနှင့် မျှားဘူးတစ်ဘူး လွယ်ထားသေး၏။သူနောက်မှာတော့ အသက်၂၈ နှစ်ခန့် လူရွယ်တစ်ယောက်၊။ ရုပ်ရည်မှာ ယောက်ကျားပီသပြီး သန့်ပြန်သည်။သည်လောက် ခရီးကြမ်းသွားလာနေရပါသော်လည်း ထိုလူငယ်၏မျက်နှာမှာ တည်ကြည်လွန်းလှသည်။လက်ထဲမှာလဲ....မီးတုတ်တစ်ဖက်

ဓါးတစ်ဖက်နှင့်။ထိုလူငယ်၏ နောက်မှာတော့ သာမာန်ရွာသားများ ဖြစ်ပုံရ၏။

တိုအချိန် ရှေ့ဆုံမှလူကြီးက....
"ဆရာလေး မောနေပြီလား.....ခဏ နားအုံးမလား"

ရုပ်ရည်သန့် လူငယ်က......

"ရပါတယ်....မုဆိုးကြီး ရယ်....ဆက်သွားကြပါ ။ကျနော်ဘာမှ မဖြစ်ပါဘူး"

"နားချင်ရင် ပြောနော့"

" ဟုတ်ကဲ့ပါ.....မုဆိုးကြီး"

" ဟေ့......သံချောင်း နဲ့ ဖိုးထောင် ...အိပ်တွေကိုသေချာ သယ်နော်...စာအုပ်တွေ မထွက်ကျစေနဲ့....ကြားလား"

ဖိုးထောင် ဆိုသောလူက....

"ဟုတ်ကဲ့ပါ....ဘထွေးသာပေါ ရယ်...။သေချာသယ်လာပါတယ်ဗျ....ဒါကြီးပဲ တစ်လမ်းလုံးပြော နေတော့တာပဲ..."

"ဟ......လခွေး သား ဖိုးထောင်။မပြောလို့ ရမလားဟ...။ဒါက....တို့ရွာက ကလေးတွေနောင်ရေးကောင်းဖို့ ပညာတတ်ကြီးတွေ ဖြစ်လာဖို့ အရေးကွ...။မင်းတို့ငါတို့၇ွာ မှာဘာစာသင်ကျောင်းမှ ရှိတာ မဟုတ်ဘူး..။အစိုးရ ကလည်း ဒီလောက်လမ်းပန်းဆက်သွယ်
ရေးမကောင်းတဲ့ နေရာကို ဘယ်လိုလို့ ဆရာ၊ဆရာမ တွေကိုလွှတ်ပေးမှာလဲ။လွှတ် ရင်ကော....ဘယ်ဆရာ၊ဆရာမ ကလာချင်မှာလဲ။အေးးးးးးးးးဒီလိုစေတနာ့ ဝန်ထမ်းဆရာလေးနဲ့သာ ငါမတွေ့ခဲ့ရင် ငါတို့၇ွာကကလေးတွေ ငါတို့လိုပဲ စာမတတ် ပေမတတ်တွေ
ပဲဖြစ်မှာ။ခုလို အခွင့်ရေးမျိုး နှစ်ခါရမှာမဟုတ်ဘူးကွ နားလည်လား....."

သံချောင်းက....

"ဟုတ်ကဲ့ပါ ...ဘထွေးရာ...။

အော်.....ဒါနဲ့နေပါအုံး...ဘာထွေးကျနော်တို့လာတဲ့ လမ်းကမှန်ကောမှန်ရဲ့လား။ရွာသာတွေကကော
ဘယ်နားက လာစောင့်ကြိုမှာလဲ။"

" နတ်ရေကန် ရွာနားထိလာကြိုကြမှာကွ...။ဒါကဖြတ်လမ်း ဟ...။"

" နတ်ရေကန်ရွာ ရောက်ဖို့လိုသေးလား .....ဘထွေး"

" သိပ်မလိုတော့ဘူးကွ...ကွမ်းတစ်ယာညက်လောက်ဆို ရောက်ပြီ...ကဲကဲဆက်လျှောက်ကြမယ်ဟေ့"

ထိုအချိန်...ရုတ်တရက် တောခွေးအူ သံများထွက်ပေါ်လာ၏။မရှေးမနှောင်းမှာပင် သူတို့၏ရှေ့ဝါးဆယ်ပြန် အကွာတွင် မီးတုတ်ကိုယ်စီကိုင်ထားကြသော လူဆယ်ရောက်ခန့် ခပ်သောလေးသူတို့ရှိရာသို့ လာနေကြ သည်။ ရှေ့ဆုံးမှာတော့ခေါင်းပေါင်း ပေါင်းထာသော အသက် ၅၀ ခန့် လူကြီးတစ်ဦး ကဦးဆောင်၍ လာနေသည်။တစ်ဖြေးဖြေး သူတို့နှင့် နီးကပ်လာလေပြီဖြစ်သည်...။

ဖိုးထောင်က........

"ဘထွေး ဟိုမှာလာနေတာ ကျနော်တို့ ၇ွာသားတွေ မဟုတ်ဘူး...။ဘယ်သူတွေလဲ..၊ဘယ်ရွာကလဲ ဗျ..။"

" ဟ...ငါလည်းဘယ်သိမတုံးကွ....သူတို့ရောက်လာမှ မေးကြည့်ကြတာပေါ့.."

ထိုလူစုသူတို့နားရောက်လာသည်နှင့်တကွ မုဆိုးကြီးသာပေါတို့ လူစုမှာ အလိုလိုနေရင် ဘာဖြစ်မှန်းမသိပါဘဲ ကြက်သီးမွှေးညင်းများရုတ်တရက် ထသွားကြသည်...။ထိုလူများသူတို့နား ရောက်သည်နှင့် မုဆိုးကြီးသာပေါမှ ဦးစွာမေးခွန်း ထုတ်လိုက်သည်....

"ခင်ဗျားတို့က ဘယ်ရွာကလဲ...ကျုပ်တို့ဆီလာတာလား..."

တစ်ဖက်အဖွဲ့မှာ ခေါင်းဆောင်ဖြစ်ဟန်တူသူ လူကြီးက....

" ကျုပ်တို့က မကျည်းတန်းရွာကပါ ..။ကျုပ်က မကျည်းတန်း ရွာ

သူကြီးဦဘအေးပါ...။ခင်ဗျားတို့ အဖွဲကို တွေ့လို့ လာကြည့်
တာပါ။ ခင်ဗျားတို့ကကော ဘယ်ရွာကလဲ ဘယ်ကိုသွားမှာလဲ..."

"ကျုပ်တို့က...ဝါးတဲစုရွာကပါ.....။ကျုပ်တို့ရွာက ကလေးတွေကို စာသင်ပေးမယ့် စေတနာ့ဝန်ထမ်း ကျောင်းဆရာလေးကို မြို့က
နေသွားခေါ်လာတာပါ....."

"အော်......ဝါးတဲစုရွာ ကလား....ဒါဆိုတော်တော် ဝေးသေးတာပေါ့ ။ကျုပ်တို့ ရွာမှာဒီည နားပြီး မနက်ကျမှ ခရီးဆက်ကြပေါ့။ညဖက်ခရီးသွားတာအန္တရာယ်ပေါ ပါဘိသနဲ့ဗျာ...."

" အိမ်း.....အစကတော့ မနက်ဖန်ကျမှ ပြန်လာကြမလို့ပဲ ဗျ...။သို့ပေမယ့် ဆရာလေးက စောစောသွားတော့ စောစောစာသင်လို့
ရတာပေါ့ဆိုလို့ အားချင်းထွက်လာရတာ ကလား။.ကျုပ်တို့ ချည်းဆိုရင် တောထဲမှာပဲ ညအိပ်တယ်...။ဆရာလေးက မြို့သားဆိုဆိုတော့ကာ တောထဲအိပ်လို့ရမယ်မထင်လို့ ညလုံးပေါက် လျှောက်လာကြတာ...။"

"ဟာ...ဆရာလေးကို အားနာဖို့ကောင်းလိုက်တာဗျာ...။ကဲကဲ အားလုံးလည်းခရီးပန်းလာကြ ရောပေါ့...ကျုပ်တို့၇ွာမှာပဲ ညအိပ်
လိုက်ကြပေါ့....နော့။ကျုပ်တို့ ၇ွာမှာလဲ ဇာတ်ပွဲ ရှိတယ်ဗျ...။နောက်ပြီး ဒီနားဝန်းကျင်မှာ ကျက်ကုန်း ရှိတယ်ဗျို့ ...။မတော်ကျက်တွေနဲ့ တွေ့မှာစိုးလို့ ကျုပ်တို့က လာကြိုကြတာ..."

ကျက်ကုန်းဆိုသည်နှင့် ဖိုးထောင်နှင့်သံချောင်းမှာ ကျားကိုတွေ့လိုက်သောခွေးကလေးလို ကြောက်ဒူးများတုန်လာကြပြီး ဘေးဘီဝဲယာ ပြူးတိကြောင်တောင်လိုက်ကြည့်နေကြသည်...။ဆရာလေး ကိုထွန်းဝေ မှာကား...မြို့သားမို့...ဘာမှမသိပေ....။မုဆိုးကြီးကတော့အေးဆေးပင်......။ကျက်ကုန်း ဆိုတာဘာမှန်းမသိသော ဆရာလေးက ဦးဘအေးကို..........
 ဦးလေး....ကျက်ကုန်းဆိုတာ ဘာလဲဟင်..."

" ကျက်ကုန်း......ဆိုတာ.....က........."

"ကျက်ကုန်းဆိုတာက....အင်း....ဒီမှာပြောလို့တော့ မကောင်းပေဘူး...အာလုံးရွာကို လိုက်ခဲ့ကြပါ။..ကျုပ် အိမ်မှာပဲ တည်းလိုက်ကြ။မနက်ကျ မှ ခရီးဆက်ကြပေါ.။ဘယ်လိုလဲ...မိတ်ဆွေတို့....။"

ထိုလူကြီး ၏ဖိတ်ခေါ်မှုကို လိုက်သင့် မလိုက်သင့်ကားတစ်ဦးတစ်ယောက်ထဲ ဆုံးဖြတ်လို့မရပေ....။သံချောင်း၊ဖိုးထောင် တို့ကိုထည့်တွက်စရာ မလို ။ သူတို့က တောထဲ တောင်ထဲ ကြီးပြင်းလာကြသူများသာ။ဆရာလေးမှာကား မြို့သားလည်းဖြစ်ပြန် လူပုံကလည်း မောပန်းနွမ်းလျှနေသည်မှာ အသိသာ။သူ့စိတ် အမှန်တိုင်းဆိုတော့ မလိုက်လိုလှပေ...။ငြင်းပြန်လျှင်လည်း ...........။

"ဟူး.........................." မုဆိုကြီး သက်ပြင်းကို လေးတွဲစွာ ချလိုက်သည်။ အားလုံး ကလည်း နားချင်နေပုံပင်......။မုဆိုးကြီးကဆရာလေးကို..

" ဆရာလေး...ဘယ်လို သဘောရလဲ..."

"အင်း...အမှန်ပြောရ ရင်တော့ နားချင်လှပြီ....။လူလည်း တော်တော် နူံးနေပြီ .."

ဆရာလေး၏ စကားကို ဖိုးထောင်နှင့် သံချောင်းက လိုက်ထောက်ခံစွာဖြင့်...

"ဟုတ်တယ် ဘထွေးရာ....လူလည်း မျော့ နေပြီဗျ....ဒီလောက်ချမ်းနေတာ နွေးနွေးထွေးထွေးလေး အိပ်ပစ်လိုက်ချင်တယ်..."

"ဟုတ်ပါ့ ဘထွေးကို ကြောက်လို့သာ...မနည်း ဆက်လျှောက်နေရတာ..အိပ်ချင်လှပြီ..."

"ကဲ...ဒါဆိုလဲကောင်းပြီ..။လိုက်သွားကြတာပေါ့။"

သည်လိုနှင့်သူတို့ လေးယောက်သားဦးဘအေး ခေါ်ဆောင်ရာနောက်သို့လိုက်လာခဲ့ကြပေတော့သည်။
သိပ်တော့ကြာကြာ မသွားလိုက်ရ..။ဆိုင်းသံ၊ ဗုံသံ သဲ့သဲ့ ကြားလိုက်ရသည် နှင့် တစ်ပြိုင်နက် ရွာပတ်လည်တွင် သစ်သားများဖြင့် ခိုင်မာစွာစည်းရိုး ကာထားသော ရွာလေးတစ်ရွာကို ရှေ့တွင်လှမ်းတွေ့လိုက် ရသည်။ ရွာစည်းရိုးတံခါး(ရွာတံခါး)နားရောက်တော့ ဦးဘအေးက .....

"ဟေ့.....တံခါး ဖွင့်စမ်း အာဂန္ဒု (ဧည့်သည်)တွေပါလာတယ်..."

ဟုပြောလိုက်သည်နှင့် ရွာတံခါး ပွင့်လာပြီး လူနှစ်ယောက် ထွက်၍ လာကြို၏။ကြည့်ရတာ ရွာလုံခြုံရေး အတွက် ကင်းချထားသော ၇ွာသားများဖြစ်ဟန်တူ ၏။။တစ်ရွာလုံးကား အိမ်တွေမှာရော လမ်းတွေမှာပါကညင် ဆီမီးတိုင်တို့ ထွန်းညှိထား သောကြောင့်နေ့နှင့်ည မှားလောက်ပေသည်။ထို့နောက် သူကြီး

ဦးဘအေးဦးဆောင်မှုဖြင့် သူ၏ အိမ်သို့ခေါ်ဆောင်းသွားလေ၏။ ဦးဘအေး အိမ်လာရာလမ်းတစ်လျှောက် ရွာလယ် လမ်းမတစ်လျှောက်တွင် ဝတ်ကောင်းစားလှ များဝတ်၍ ဟိုဟို ဒီဒီလျှောက် နေကြသည်။ကြည့်ရတာ ဦးဘအေးပြောသော ပွဲဈေး သို့ သွားသူသွား ပြန်သူပြန်နှင့် ဖြစ်နေကြဟန်တူ၏။တစ်ရွာ လုံးလည်း ပွဲရှိ၍ မအိပ်ကြဟန်။ကလေးများ ကား ဟိုဟိုသည်သည် ပြေးလွှားဆော့ ကစားနေ ကာ အမျိုးသမီး အချို့မှာ ဆန်ဖွတ်သူ ဖွတ် မောင်းထောင်းသူထောင်း ရေခပ်သူခပ်နှင့် အလုပ်ရှုပ်သူတို့ကတော့ အလုပ်ရှုပ်လျှက်။အချို့ယောက်ကျားကြီးများမှာကားနွားတွေကို အစာကျွေးသူကျွေး နှင့် ရှိကြပေသည်.....။ ထိုအရာကို မြင်သောအခါ သံချောင်းက မုဆိုးကြီးကို.....

" ဘထွေး ....."

" ဘာလဲကွာ..."

" ဒီရွာသားတွေက တစ်မျိုးပဲနော်...ညဖက်ကြီး ဆန်ဖွက်၊မောင်းထောင်း၊

နွားစာကျွေး လုပ်နေကြတယ်... ကျနော်တို့ ရွာတွေကတော့
ဒီလို အလုပ်တွေကို ..နေ့ခင်းကျ မှ လုပ်ကြတာလေ...."

သံချောင်း၏ အမေးကို အလိုမကျဟန်ဖြင့်...

" မင်း....နဲ့ဘာဆိုင်တုံး..သူတို့ဖာသာ ဘယ်အချိန် လုပ်လုပ်..မင့် အပူလား...."

" မသိလို့မေးတာပါ...ဗျာ.....ဘထွေးကလဲ ဒေါသကြီးပဲ"

" ဟေ့ကောင်....သံချောင်း ပါးစပ် မသရမ်းနဲ့...."

ဆရာလေးကတော့ မြို့သားပီပီ တောဓလေ့ကို မမြင်းဖူး ၍ထင့် ဟိုဟို သည်သည် လိုက်ငေးနေပေ ၏။သူတို့ပြောနေသည်ကို ဦးဘအေး ကြားသွားဟန်တူ၏...။လမ်းလျှောက်ရင်း သူတို့ဘက်သို့ လှည့်ကာ ........

"'ဒီလို ရှိတယ် မောင်ရင်ရ....ကျုပ်တို့ရွာမှာက တစ်နှစ်တစ်ခါ ရွာဦးစေတီ ဘုရားပွဲ ကျင်းပလေ့ ရှိတယ်။ဘုရားပွဲ ရှိတဲ့ နေတွေဆိုရင်တစ်ရွာလုံး မအိပ်ကြဘူးလေ....။ဒါကြောင့် နေ့ခင်းက မပြတ်တဲ့ အလုပ်တွေကို ...ညဖက်လုပ်ကြသူလဲ ရှိကြပေတယ်...။

" အော်....."

နှင့် စကားတစ်ပြောလျှောက်လာခဲ့ကြရာ သူကြီးဦးဘအေး အိမ်သို့ရောက်လာခဲ့ကြပေ သည်။ အိမ်ကြီးမှာ ရှည်တံရှည် အိမ်မျိုး ဖြစ်ပြီး အတော်အသင့်ကျယ်ဝန်းလှပေသည်။ အိမ်ကြီးရခိုင် ပါပေ။ အိမ်ပေါ် သို တက်လိုက်သည် နှင့် သူတို့ အားလုံး စိတ်ထဲမှာ အမျိုး အမည် မသိသော ခံစားချက် တစ်မျိုး ဖြစ်ပေါ်လာ၏။ထို့နောက် ...ဦးဘအေး မှ သူနှင့် အတူ လိုက်ပါလာသော ရွာသာများကို ပြန်လွှတ်လိုက်ပြီး သူတို့ အဖွဲ့ကို ဧည့်ခန်းသို့ ခေါ်လာခဲ့သည်။ပြီးနောက် .....အိမ်ခန်းဘက်သို့ လှည့်ကာ......."ရှင်မရေ......သမီးခေါ်ပြီး အပြင် ခဏလာခဲ့ပါအုံး..ဒီမှာ ....အာဂန္ဒုတွေ ပါလာတည်ဟေ့...ကဲကဲ မိတ်ဆွေတို့ ထိုင်ကြပါ ....ဘာမှ အားမနာနဲ့ နော့...ကိုယ့်အိမ်လို သဘောထား..ဟုတ်လား"

မုဆိုးကြီးမှ လွဲ၍ ကျန်သည့် လူများ ကခေါင်းညိမ့် လိုက်သည်။ထိုအချိန် အိမ်ခန်း ကလန့်ကာ (ခန်းဆီး)ကြားမှအမျိုးသမီး ကြီး တစ်ဦးနှင့် အမျိုးသမီးငယ် တစ်ဦး ရေနွေးဘမ်း ကိုင်ကာ သူတို့ရှိရာသို့ထွက်လာကြသည်။အမျိုးသမီးကြီးကား အသက် ၄၅ နှစ်ခန့် ရှိမည်။အမျိုးသမီးငယ် မှာမူ အသက် ၂၁ နှစ်ဝန်းကျင်ခန့် သာ ရှိပေလိမ့် မည်။အားလုံး၏ အကြည့်များမှာကား အမျိုး သမီးငယ်ဆီသို့သာ။မုဆိုးကြီးကတော့ အိမ်ခန်း ထဲသို့ မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ပြီး မျက်မှောင် တစ်ချက် ကြုံ့ လိုက်သည်။ပြီး တစ်ခုခုကို တွေးတော စဉ်းစားနေ၏။ မိန်းမပျိုမှာ တောသူပေမို့လား မသိ အသားအရေမှာ ညိုတိုတို နှင့် လုံးကြီးပေါက်လှ ပါပေ။ ခုခေတ်မယ်ဗျားများ ရှုံးလောက်ပါရဲ့။ခါးသေးရင်ချီ လမ်းလျှောက်လာပုံ ကို က ဆင်မယဉ်သာ။သံချောင်းနှင့် ဖိုးထောင်တို့၏ မျက်လုံးများမှာ ကကျွတ်ထွက်မလားတောင် စိုးရိမ်ရသည်။ဆရာလေးကတော့ ပုံမှန်ပင်။ထို အမျိုး သမီးနှစ်ယောက် သူတို့နားရောက်လာပြီး ရေနွေးဘမ်းနှင့် ဆက်သားခြောက် ဖုတ်ဆီဆမ်း ပန်းကန်ကို ချပေးပြီး သူကြီး ဘေးနားဝင်ထိုင်လိုက် သည်။

သူကြီးဦးဘအေးက ထိုအမျိုးသမီးနှစ်ယောက်နှင့်မိတ်ဆက်ပေးသည်။

အမျိုးသမီးကြီးမှာ သူ၏ဇနီး ဒေါ်ခင်ရီ ဖြစ်ပြီး အမျိုးသမီးပျိုမှာ....
စောမာလာ ဖြစ်သည်။ သူကြီးသာ မိတ်မဆက်ပေးပါက ညီအမများလားဟု

ထင်မှားစရာ။ခရီး ပန်းလာသော်လည်း ပင်ကို ရုပ်ရည် သန့်ပြန့် လှပြီး ယောက်ကျား ပီသသော ဆရာလေး ကိုထွန်းဝေကို စောမာလာက ရွှင်းရွှင်းစားစား ဆိုက်ကြည့်နေသည်။ဒါကို ရိပ်မိသော သူကြီးက ...........

"ကဲ....သမီး ။ ဧည့်သည်တွေ အိပ်ဖို့ အဘ အခန်းထဲ သွားစီစဉ်လိုက်။အဘ ကတော့ မအိပ်တော့ဘူး။ မနက်ဆွမ်း ချက်မဲ့ သူတွေကို ကြီးကြပ်ရအုံးမယ်.....။ဧည့်သည်တွေ အတွက် အိပ်ရာပြင်ပြီးရင် ဆွမ်းချက်ဖို့ အိုးခွက် ပန်းကန် တွေ သေချာ စစ်ဆေး....။မပြောင် သေးရင် ရွာသား
ဆွမ်းချက် အဖွဲ့ လာမှ ပြန်ဆေးခိုင်း....သွား..သွား...အော်.....သမီး

....ဧည့်သည်တွေ အတွက် ထမင်းပွဲ တွေပါ အဆင်သင့် လုပ်ထားအုံး
ခရီး ဝေးက လာကြရတာ ...။ ဗိုက်လဲ ဆာလှရောပေါ့....."

ဟု ပညာရှိနည်းသုံးကာ ခိုင်းလိုက်၏။သူကြီး၏ လောကဝတ် ကို မုဆိုကြီးက

အားနာဟန်နှင့်(သို့မဟုတ်) မစားလိုဟန် ကြောင့် ထင့်။

"ဟာ......နေပါစေ သူကြီး အားနာလှပါတယ်။ကျုပ်တို့

မစားတော့ပါဘူး......။ မြို့မှာ ကတည်းက စားလာခဲ့ပြီပါပြီဗျာ..."
"အော်....ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ .....။ကိုယ်ဆီလာ တဲ့ ဧည့်သည်ပဲ အားရပါးရ ပြုစုပါရစေ ဗျာ...နော့"

ဒီကြားထဲ အလိုက်မသိတတ်လှလွန်းသော ဖိုးထောင်က ........

"ဟာ.......ဘထွေးကလဲ ဗျာ...မြို့ မှာ က နံပြားနဲ့ လက်ဘက်ရည် ပဲ သောက်ခဲ့ ရတာ ခု အာရုံတောင်တက်တော့ မယ် ။ တစ်ညလုံး
လျှောက် နေရတာ ဗိုက်ထဲ အော်သံတောင်ထွက်နေပြီ....."ဖိုးထောင်၏ စကားကို ဦးဘအေးက သဘောကျဟန်ဖြင့် အားရပါးရ ရယ်လိုက်ပြီး.......

" အိမ်း.......တို့တော့သူတောင်သား ဆိုတာ ဒီလိုပဲ ဖြစ်ရမှာပေါ့....ပွင့်ပွင့် လင်းလင်းပဲ ပေါ့....ကဲ...အားလုံး ဘယ်သူမှ မငြင်းကြနဲ့တော့....စားပြီး မှ အိပ် နော့......."

မုဆိုးကြီးကား ဤမျှ အလိုက်မသိတတ်လွန်းသော ဖိုးထောင်ကို မျက် စောင်းတစ်ချက်ထိုး လိုက်သည်။ဖိုးထောင်ကတော့ ဖက်ပုသွားသည်ငယ် ကြောက်ပေးကိုး။ဒေါ်ခင်ရီ နှင့် စောမာလာမှာ အိမ်နောက်ဖက် သို့ ထွက်သွားကြလေ၏။ စောမာလာမှာ မူ ဆရာလေးကို လှည့်ကြည့် လှည့် ကြည့် လုပ်ကာ ပါသွားလေသည်။သူတို့ ထွက်သွားလေ သည်နှင့် တစ်ပြိုင်နက် ဆရာလေးက သူကြီးကို ......

"သူကြီး........ကျက်ကုန်း ဆိုတာ ဘာလဲ ပြောပြလို့ ရပြီလား...ကျနော် သိပ်သိချင် လို့ပါ....'

သံချောင်းနှင့် ဖိုးထောင် ကပါ ကျက်ကုန်း ဆိုတာ ဘာလဲ သိချင်လှသည်။ မုဆိုးကြီးကတော့ သိချင်သိပေ လိမ့်မည်။သို့ သော် သူက ရွာထဲ နေသည့် သူမဟုတ် ရွာသားများနှင့် လည်းသိပ်မရော။သူက တစ်ကိုယ်ရည် တစ်ကာယ သမား ။အကူညီ လိုလို့ ကတော့ သူတတ်နိုင်သည့် ဖက်က မငြီး မညူ ကူညီသည်။ စကားလည်းနည်းသလို ဒေါသလည်းကြီးတာကြောင့် သံချောင်းတို့ ရွာသားတွေက သူ့ကို ရွာသူကြီး ဦးပု ထက် ကြောက်ကြသည် ။ မဆိုင်တာ မေးလို့ ကတော့ ဘုဘောက်ပြော လွှတ် တတ် သည်။ တောတောင် ဗဟု သုတ မေးလို့ လုံးဝမရ ။မင်းနဲ့ ဘာဆိုင်လဲ ဟု သာပြန်ပြောတတ်သည်။ ယခုလို ပြောပြပေး မယ့် လူရှိတုံး သိချင်လှ သည်။သူတို့ ကလည်း ကျက်ကုန်းဆိုတာ ကြားသာကြားဖူးသည် ။ သေချာမသိ သူများသာ။ထို့ကြောင့် .....

" ဟုတ်ပါတယ် ...သူကြီးရာ ပြောပြပါ ....ကျနော်တို့ သိချင်လို့ပါဗျာ..."

မုဆိုး ကြီးကတော့ လုံးဝ တိတ်ဆိတ်နေ ကာ အိမ်ထဲ ပတ်လည်ကို သာ အကဲ ခပ် နေပေ၏။သူတို့ စကားဝိုင်းကို စိတ်မရောက်သည့်ပုံ။ဆရာလေး၊သံချောင်းနှင့် ဖိုးထောင်းတို့ ကို သူကြီးက မျက်လုံး တစ်ချက်ဝေ့ ကြည့် လိုက်ကာ ....

" ကောင်းပြီလေ......သိချင်သပ ဆိုလည်း ပြောပြရတာပေါ့..။ ဒီလိုကွဲ့ ကျက် ဆိုတာက ရွာလုံးကျွတ် အကြောင်း တစ်ခုခုကြောင့် သေကြပြီး မကျွတ်
လွတ်ကြသေးတဲ့ ပရလောက သားတစ်မျိုးပဲ ကွ....။ သူတို့ တွေ နေတဲ့ နေရာကို လဲ ကျက်ကုန်းလို့ ခေါ်ကြတယ်။ သူတို့ တွေက လူတွေကို ခြောက်လှန့်
ခြင်း မရှိ ဘူး။ သူတို့ ဖာသာ သူတို့ နေလေ့ ရှိကြတယ်။ သူတို့ ရွာနား ရောက်လာရင်လည်း ဘာမှ ဒုက္ခ မပေးတဲ့ အပြင် ကူညီတတ်ကြတယ်..............
သို့ ပေ မယ့် ................"

ဦးဘအေး က စကားကို တစ်ဆက်ထဲ မပြောသေးပဲ သူ့ ရှေ့ ရှိရေ နွေး ခွက်ကလေးကို ကောက်ကိုင် လိုက်ကာ တစ်ကျိုက် မော့ သောက်လိုက်ပြီး သူတို့ မျက်နှာ များ ကို အကဲ ခပ်သလိုတစ်ချက် ကြည့် လိုက်သည်။သူ့စကားကိုစိတ်ပါဝင်စားစွာ နားထောင်နေမှန်း သိမှ ဆက်ပြီးပြောသည်။

" သို့ပေမယ့် ........သူတို့အကြောင်းကို သိတဲ့ သူတွေနဲံ့ တောတောင်ထဲမှာ အမှားလုပ် မိတဲ့ သူတွေကိုတော့ သူတို့ တွေက ဒုက္ခပေးတတ်ကြတယ်..........."

ဆရာလေးက ...

"ဘယ်လို....ဒုက္ခပေးတာလဲ သူကြီး..."

" သြော်......ဒုက္ခ ပေးပုံ ကတော့ အစုံပါပဲ .....။ တောတောင်ထဲ လမ်းပျောက်အောင်လုပ်တာတို့ ....၊ ဆွေမျိုးသားချင်း ယောင်ဆောင်ပြီး အသားစား တောကောင် ကြီးတွေ (ကျား၊ခြင်္သေ၊ဝက်ဝံ) တို့ ရှေ့ ရောက်အောင် တွန်းပို့ တာတို့ ...အစုံစုံ ပဲ....။ နောက်ပြီး သူတို့ ဖိတ်ခေါ်လို့ မလိုက်တဲ့ သူတွေကို တော့ ညလုံး
ပေါက် လမ်းဖျောက် ထားတတ် တာကလား.......။ သူတို့ ဖိတ်ခေါ်ထားတဲ့ဧည့်သည်ကိုလဲ လိုလေးသေးမရှိ ပြုစုတတ်တယ်...."

ဟု....စကားကို လက်စသတ်ပြီး ရေနွေး တစ်ခွက်အသစ်ငှဲ့ ကာ မော့သောက်လိုက်သည်။ထိုစဉ်......အိမ်ရှေ့ အောက်ထပ် ဆီမှလူအချို့ ခေါ်သံထွက်ပေါ်လာ၏

"ဗျို့.......သူကြီး....ကျုပ်တို့ ဆွမ်းချက်အဖွဲ့ ရောက်နေပြီဗျို့ ...."

ဦးဘအေးက .......

" အေးအေး ....လာပြီဟေ့...."

အိမ်ခန်းဘက် သို့ လှည့်ပြီး.......

"ခင်ရီ ရေ.........အောက်မှာ ဆွမ်းချက်အဖွဲ့ ရောက်နေပြီ ဟေ့
....သွားဝိုင်းကူလိုက် အုံး....သမီး .....ဧည့်သည်တွေ အတွက် ထမင်းပွဲ ပြင်ပြီးပြီ လား"

" ဟုတ်ကဲ့.......အဘ ပြီးပြီ "

"အေးအေး ......ထားခဲ့  အဘပဲ ဧည့်ခံ လိုက်မယ်။သမီးပါ ဆွမ်းချက် အဖွဲ့ ကို သွားကူလိုက် နော့....ဧည့်သည်တွေ စားပြီး အိပ်ရာဝင် မှာ အဘ လာခဲ့မယ်"

" ဟုတ် ကဲ့....အဘ..."

ထို့ နောက် မုဆိုးကြီးတို့ ဘက်လှည့်ကာ.....

"ကဲ .... မုဆိုးကြီးတို့ လာလာ ....ကျုပ်နောက်က လိုက်ခဲ့ကြ ....."

ဟုခေါ်ကာ ရှေ့မှ ဦးဆောင်ခေါ်သွားလေ ၏။ အိမ်နောက်ဖေး ထမင်းစား ခန်းရောက်တော့ ပြင်ဆင်ထားသော ထမင်းပွဲ ကြီးကို ကြည့်ပြီး မုဆိုးကြီးမှ လွဲ၍ ဆရာလေးကိုထွန်းဝေ၊ သံချောင်းနှင့် ဖိုးထောင်တို့ မှာ ပါးစပ်များ ဟောင်းလောင်း ဖြစ်ကာ အံ့ သြ သွားကြလေသည်။ မအံ့သြ ရှိရိုးလား....... ပြင်ထားသည့်ထမင်းပွဲမှာ ပြင်ထားသည့် ထမင်းစားပွဲ မှာ မင်းသုံးမည့် စားတော် ပွဲများဟု ထင်မှတ်မှားလောက်စရာ။ငွေရောင်ထမင်းအုပ်ကြီး မှာလည်း ရှေးဟောင်းပစ္စည်းထင့် ကနုတ်ပန်း ခက်များနှင့် လှပတင့်တယ်လှပေသည်။ ဟင်းပွဲ များမှာည်း ကြက်သားကာလသားဟင်း၊ဖီးကြမ်းသီး သာသာ လောက်ရှိသော ပုဇွန် မီးဖုတ် ငါးကောင်ကို သံပုရာရည် ဆမ်းထားသေး၏။ ထိုမှတစ်ဖန် ငါးခေါင်းဟင်းချို ၊တောင်ဆလပ်ရွက်နှင့် ငပိရည်ကြို၊တောမျှစ်ကို ငရုပ်သီးစပ်စပ်နှင့် ချဉ်ငံစပ် ချက်ထားသည်မှာ မြင်ရရုံနဲ့တင် သွားရည် ကျလောက်ပါပေ့။ ပျားတူမြေအောင်း ခေါ် အသားစားပျားများ၏ ဥလေးပျားကို ပြုတ်ကာ ကြက်သွန်ပါးပါး နှင့် ဆီစိမ်ထား၏၊နောက်...ထမင်းစားပြီး အချို တည်းရန် အလို့ငှ့ါ တောသပွတ်စာ သီးမှဲ့(ဖျာရက်လုပ်ရာတွင် သုံးသော နံနတ်ပင်နှင့် ဆင်တူသည့် အပင်။ အချို့ အရပ်ဒေသများတွင် တော နံနတ်ပင် ဟုခေါ်ဆိုကြသည်။) ၊သင်္ဘောသီးမှဲ့၊နှင့် ရဲရိုသီး မှဲ့တိုကိုလဲ သေချာ သပ်ရပ်စွာ ပြင်ဆင်ပေးထားလေ၏။ သံချောင်းနှင့် ဖိုးထောင်မှာကား သည်လို ထမင်းပွဲ မျိုးကို ရွာအလှူပွဲတွေ မှာတောင် တွေ့ရခဲသည်မို့ ယခုလို စားသောက်ရမည် ဆိုသောအခါ အိနြေ္ဒပင် မဆယ်နိုင်အား စားပွဲ အနီး ဝင်ထိုင် လိုက်ကြသည်။ဗိုက်လဲ ဆာလှပြီးကိုး။မုဆိုးကြီးမှာကား ထိုငနဲ နှစ်ကောင်ကို ငက်ကြီးကျ လှချေလားဆိုသည့် မျက်နှာနှင့် လှမ်းကြည့် လိုက်ပြီး အေးဆေးစွာပင် ဝင်ထိုင်လိုက်၏။ဆရာလေးမှာကား အလွန်အမင်းအားနာလှသည်မို့...........

"ဟာ....သူကြီးရယ် ......အားနာစရာ ကောင်းနေပါပြီဗျာ ....။ ဒီလောက်ထိ လုပ်ပေးဖို့ မလိုပါဘူး........ကျနော် တို့ က......."

ဆရာလေးစကားပင် မဆုံးလိုက် ရသေး သူကြီးက ပြုံးရွှင်သော မျက်နှာထားနှင့်....

" အားနာစရာ မလိုပါဘူး ဆရာလေးရယ်......ကိုယ့်ဆီ တစ်ခါတစ်မှ လာလည်တဲ့ ဧည့်သည်ကို ဒီလောက်တော့ ပြုစုရမှာပေါ့ဗျား...နော့။နောက်....... ဒီလူတွေ တွေ့ချင်သပ ဆိုလဲ ပြန်တွေ့ဖို့ မလွယ်လှဘူး လေ....၊ ဟုတ်တယ်မလား..။"

" အာ.....ဒီလိုတော့ မဟုတ် ဘူးလေ သူကြီးရယ်.......နောက်များကျ ရင်လည်းကျနော် လာလည်မှာပါဗျ....."

" အိမ်း ဆရာလေးက ငယ်လည်းငယ်သေးတော့ လောကကြီးအကြောင်း ဘယ်သိလိမ့်ပါအုံးမလဲ...။ ကွေးသောလက်မဆန့် မီ...ဆန့်သောလက်
မကွေးမီ ဆိုတဲ့ စကားရှိသေးတာပဲ လေ......။နောက်ပြီး လူတစ်ယောက်နဲ့ တစ်ယောက် တွေ့တယ် ခွဲခွါ ကြရတယ်ဆို တာ ကံကြမ္မာ ရှိတုံး လေးတွေ့ရတာ ကလား...။ကဲကဲ ....ဘာမှ အားနာမနေနဲ့ ကျုပ်ကို ခင်တယ် ဆိုရင် အဝသာစားကြဗျို့...ဟဲဟဲဟဲ ....အားရပါးရ မစားရင် စိတ်ဆိုးမှာနော့
......လာလာ ဆရာလေး..."

ဟုဆိုကာ ဆရာလေးကို လက်ဆွဲ ကာ ဝင်ထိုင်ခိုင်း၏။ဆရာလေး၏ လက်ကို သူကြီး ဆွဲလိုက်သည့် အခါ သူကြီး၏ လက်မှာ အေးစက် နေ၏။ဘာကြောင့် မှန်းတော့ မသိ ဆရာလေးကြက်သီးမွှေးညှင်းများ ထသွားသည်။သို့သော်လည်း ဆရာလေး၏စိတ်ထဲမှာ ဆောင်းတွင်းညကာလ မို့၍သာ မှတ်လိုက်၏။ထို့နောက်သူကြီးက ထမင်းခူးခပ်ကြွေး လေသည်။မုဆိုးကြီးမှာ မူ သိပ်မစားချေ ။ဆရာလေးမှာလည်း ခရီးပန်းလွန်းလှသောကြောင့် အစားထက် အိပ်ချင်စိတ်က များနေသည်မို့ တို့ကနဲ ဆိပ်ကနဲသာ စားဖြစ်၏။ဖိုးထောင်နှင့်သံချောင်းမှာကာ ခေါင်ပင် မပေါ်။တစ်ချက်တစ်ချက် ဟင်းတစ်ခွက်ထဲ တွင် နှစ်ယောက်သား လက်ခဏခဏ ဆုံနေကြသည်။သူကြီးမှာကား ဟိုလူ့ ဟင်းထည့်ပေး သည်လူ့ ဟင်းထည့် ပေး ပါးစပ်ကလည်း ဟိုလူ့ကို စား သည်လူ့ကိုစားနှင့် အိမ်ရှင်ပီသစွာ ဧည့် ဝတ်ပြုနေပေသည်။အားလုံးစားသောက်ပြီးစီးသွားကြသော အခါ အချိုပွဲ နှင့် ရေနွေး လေးသောက်ကာ ထမင်းလုံးစီရင်း စကားစမည် ထွေရာလေးပါး ပြောဖြစ်ကြသည်။မုဆိုးကြီးကတော့ ဗိုက်လေးနေ၍ ဟုဆိုကာ အချိုပွဲ မစား ။ အချိုပွဲ စားသောက်ပြီးသောအခါ သူကြီးက ......

"ကဲ......အားလုံးလဲ အိပ်ချင်လှရောပေါ့ .....။ လာကျုပ်နောက်လိုက်ခဲ့
....ကျုပ်အိပ်ခန်းထဲ အိပ်ရာပြင်ထားတယ်...။ ပန်းကန်တွေ ခွက်တွေကို တော့
စောမာလာ လာသိမ်းဆည်း လိမ့်မယ်....လာ လာ လာ...။"

ဟု ပြောဆိုကာ ထမည် အလုပ်တွင် မုဆိုးကြီးက ဘာမပြောညာမပြောနှင့် သင်္ဘောသီး အချိုပွဲ လက်ကျန်ကို အသင့် ပါလာသော သူ၏ လွယ်အိတ် ထဲမှ ပလပ်စတစ် အိပ်ဖြင့်ထုတ်ယူ လိုက်၏။ဒါကို သူကြီးဟ ဘဝင်မကျဟန်ဖြင့်.....

"မုဆိုးကြီး..... ဘာလုပ်ဖို့လဲ ...."

" အော်....... မနက်ခရီးထွက်တဲ့ အခါ လမ်းမှာ ဆာရင် စားမလို့ ပါ....ဘာလဲ ယူလို့ မရဘူလား...."

မုဆိုးကြီး၏ စကားကို သူကြီးက သဘောမကျ သော်လည်း လူကြီးပီပီ အိနြေ္ဒဆည်ကာ.....

"အော်......ရပါတယ်ဗျာ ရပါတယ်..... မနက်ထိ အထားခံပါ မလား .. လိုချင်ရင် အသစ် တစ်လုံးခူးပေးလိုက်မယ်လေ ..."

"နေပါစေ သူကြီးရယ်....ဒီလောက်ဆို လုံလောက်ပါတယ် ..ကဲကဲ အိပ်ချင်လှပြီ...သွားကြစို့..."

သူကြီးမှာ မကျေနပ်လှသော်လည်း ဧည့်သည်နှင့် အိမ်ရှင် ဖြစ်နေ ပြန်ရာ ဘာမှ ထွေထွေ ထူးထူး မပြောတော့ပဲ အိပ်ခန်းဆီးသိလိုက်ပို့ ပေးသည်။ဆရာလေးသံချောင်း၊ဖိုးထောင် တို့မှာ မုဆိုးကြီး၏ အပြု မူကို နားမလည် နိုင်သလို သူကြီးကို လည်း အားနာ လွန်းလှသည် ။ အိပ်ခန်းရှေ့ရောက်တော့

သူကြီးက......................

"ကဲ မိတ်ဆွေတို့ ဒီအခန်းမှာ နားကြပေတော့ ...ကျုပ်ကတော့ အောက်မှာ ဆွမ်းချက် အဖွဲ့ ကို သွားကြီးကြပ် ရအုံးမယ်...နော့ ။ခဏနေရင် ကျုပ်သမီးပန်းကန်တွေ လာသိမ်းလိမ့်မယ် .....ကဲကဲ အချိန်လည်း မစောတော့ဘူး ...အိပ်ကြပေတော့......ဟုဆိုကာ အိမ်အောက်သို့ ဆင်းသွားလေသည်...။

သူကြီးဆင်းသွားပြီးသည်နှင့် အားလုံး ကိုယ်စီ ကိုယ်ငှ အသီးသီး ပါလာသော စာသင်ရန် အတွက်ယူလာသော သင်ထောက်ကူ ပစ္စည်းများကို ခေါင်းရင်းတွင် သေချာ နေရာတကျ ချထားလိုက်ပြီး အိပ်ရာပေါ် လှဲလိုက်ကြသည်။မုဆိုးကြီးကတော့ အခန်းတံခါးဝအစွန် မှာနေရာယူလိုက်သည်...။သူဘေးက သံချောင်း ၊ထို့နောက် ဆရာလေး၊ပြီးမှ ဖိုးထောင် တန်းစီ၍ အိပ်ကြသည် ကြသည် .... မအိပ်သေခင် အချိန် ဆရာလေးက မုဆိုးကြီးကို ......

" မုဆိုးကြီး.......အချိုပွဲ ကို ချထားတုန်း က မစားပဲ ဘာလို့ ....ပြီးမှ ပလပ်စတစ် နဲ့ ထုပ်ယူရတာလဲ...သူကြီးကို အားနာ ဖို့ ကောင်းလိုက်တာ ဗျာ....."

ဟု ပြစ်တင် လေသံနှင့် ပြောလိုက်၏။ သံချောင်း ကပါ ဆရာလေး၏စကားကို ထောက်ခံ ဟန်ဖြင့်....

"ဟုတ်ပါ့ ......ဘထွေးရာ ကျုပ်ဆို မျက်နှာပူလွန်းလို့ သေတော့မယ်...သူကြီး ဆို အိပ်ရာကိုလိုက်ပို့တာ သိပ် မျက်နှာ မကြည်တော့ဘူး.....။ဒီ.......သင်္ဘောသီးနည်းနည်း လေးနဲ့ မျက်နှာ အပျက်ခံ ရတယ်လို့ ဗျာ....."

ဒါကို မုဆိုးကြီးက ဘာမှ ပြန်မပြော ပဲ....

"ဆရာလေး....နာနာဘာဝ ဝိနာဘာဝ ဆိုတဲ့ ပရလောကသားတွေကို မြင်ဖူးလား .....ရှိတယ် ဆိုတာယုံလား..."ဟု မဆီမဆိုင် မေးခွန်းထုတ်လိုက်၏ ။ဆရာလေးကလည်း.....

"အင်းးးးးးးးးးးးးးးးးမြင်တော့ မမြင်ဖူးဘူးဗျ.....နောက်ပြီး ရှိချင် ရှိမှာပေါ့
.....ဒါပေမယ့် ...ယုံတော့ မယုံဘူး ဗျ..."

"ဒါဆို သူကြီးကို ကျက်ကုန်းအကြောင်းမေးတာက...ကော..."

" အော်........ဒါကတော့ ဗဟုသုတ အဖြစ် မေးကြည့်တာပါ .....ဘာဖြစ်လို့ မေးတာလဲ မုဆိုးကြီး...."

" ဘာမှ မဖြစ်ပါဘူး.....အင်း ခေတ်ပညာလည်း တတ်ပြီး မြို့ မှာနေတာဆိုတော့ ဘယ်အယုံ အကြည် ရှိပါ့မလဲလေ...ဒါပေမယ့် ....နောက်ဆိုရင်တော့ ယုံမှာပါ.....ကဲကဲ အိပ်ကြတော့ ၃နာရီ လည်းထိုးတော့မယ် ..."

ဟုပြောမှ ဆရာလေး လက်က နာရီကို ကြည့် မိလိုက်သည်။ ဟုတ်ပေသားပဲ

....၀၂း၄၆ နာရီ ရှိပေပြီ။ အတန်ကြာသည်နှင့် ဖိုးထောင် ၊သံချောင်း တို့မှာ

ဟောက်သံ များပင် ထွက်ပေါ်လာချေပြီ။ မုဆိုးကြီးမှာလည်း မုဆိုးပေမို့လားမသိ သတိဝီရိယ ကောင်းသူပီပီ တိတ်ဆိတ်ငြိမ်သက်စွာ အနားယူနေပေ၏။အိပ်ရာပြောင်း ၍လာမသိ ဆရာလေး ကိုထွန်းဝေမှာ ကား တော်ရုံနှင့်  အိပ်မရ....။ အိမ်အောက်ထပ်ဆီမှ ဇွန်းသံ အိုးခွက်သံ ချက်ပြုတ် ကြော်လှော် နေသံများကို ကြားနေရသည်။ တစ်ချက် တစ်ချက် ဟိုးအဝေး တစ်နေရာဆီ မှာ တော့ခွေးတို့ ၏ဆွဲဆွဲ ငင်ငင် အူသံများထွက်ပေါ်လာသည်မှာ တော်ရုံတန်ရုံ အသဲ ငယ်သူများအဖို့ ထိန့်လန့်မည် ဆိုက လန့်လောက်ပေသည်။ ဒီဇင်ဘာလ ၏ဆောင်းလေပြေ အေးစက်စက် တို့ ကလည်း အရိုးကွဲ မတတ်လားထင်ရလောက်အောင် ကျောရိုးဆီမှ ပါ စိမ့်ပြီးချမ်းတက်လာသည်မို့ စောင်ကို ခေါင်းထိဆွဲ တင်လိုက်ပြီး ခေါင်မြီးခြုံကာ နေလိုက်ရင်း ခုလို ခရီးထွက်လာ ဖြစ်ရသည်အကြောင်းကို ပြန်ပြောင်း တွေးကြည့်မိနေသည်...။

ဆရာလေး ကို ထွန်းဝေမှာ မိဘဆွေမျိုးသား ချင်း မရှိသော တစ်ကောင်ကြွက်သာ။သူငယ်ငယ် လေးထဲက မိဘမဲ့ ကလေးတွေကို ကျွေးမွေးစောင့် ရှောက်သည့် ဝရဇိန် ကျောင်းတိုက်မှာကြီးပြင်း ခဲ့ ရသည်ကိုသာ သိသည်။ထိုဘုန်းကြီးကျောင်းမှာပဲ နေရင်း ဆယ်တန်းစာမေးပွဲ အောင်မြင်ခဲ့ပြီးနောက် ဝပ်ရှော့ တစ်ခုမှာ အလုပ်လုပ်ရင်း အဝေးသင် တက်ရန် ငွေစုနေချိန်ဖြစ်သည်...။ဆရာတော်ကြီးက သူကိုယ်တိုင် ကျောင်းထားပေးမည် ဆိုသည်ကိုပင် ဆရာတော် ဘုရားကြီး သက်တော်ကြီးလှပြီ ဖြစ်ကြောင်း မိမိမှာလည်း အရွယ် ရောက်လာပြီ ဖြစ်၍ ဆရာတော်ကြီးကို ဒုက္ခ တွေ မပေးချင်တော့ ကြောင်း လျှောက်ထားပြီး အလုပ်လုပ်နေခြင်းဖြစ်သည်....။ရသမျှငွေ တွေကို လည်း ဆရာတော်ကြီးဆီမှာ အပ်ထားသည်။ သူ့ရည်မှန်းချက်က ဘွဲ့ ရလျှင် အစိုးရဌါန ဆိုင်ရ တစ်ခုခု တွင် အလုပ်လုပ်ကာ မိမိ၏နေထိုင် သောကျောင်းတိုက်ကြီးနှင့် ဆရာတော်ဘုရားကြီး အပါအဝင် ကျောင်းတိုက်ရှိ မိမိလို ဘဝတူ ကလေးငယ်များ ကို ပြန်လည် ကူညီဖေးမ ချင်၍သက်သက်သာ ...။

သူ့ဘဝက ဤ မျှလောက် သာ ။သို့ သော် တစ်နေ့ တော့ သူအလုပ်ပိတ်နေတုံး ကျောင်းမှာ ဝေယာဝိစ္စ လုပ်နေတုန်း ကျောင်းသားတစ်ယောက်က ဆရာတော်ဘုရားကြီး အခေါ်လွှတ်လိုက်၍ သူ လိုက်သွားခဲ့ သည်။ကျောင်းပေါ်ရောက်တော့ ယခု မုဆိုးကြီးမှာ ဆရာတော် နှင့် စကားပြောနေကြသည်ကို တွေ့ရသည်။ဆရာတော်ကြီး ကသူလာသည်ကို တွေ့သည်နှင့် ....

"အေး....လာ လာ ငထွန်း ..ငါမင်းကို အကူညီ တစ်ခုတောင်ဆရာ ရှိလို့ ကွဲ့......"

သူဆရာတော် ရှေ့ ဒူးတုပ် ထိုင်လိုက်ကာ...

"ဘာ များပါလိမ့် ဘုရား ..."

" အိမ်း.....ဒီလိုကွဲ့ ငထွန်းရ....ဒါ နတ်ရေကန်ရွာ က ငါ့ဆွေမျိုး ပဲ...သူအလုပ်မုဆိုးလေ...ခု ငါ့ဆီကို ဆက်သားခြောက်နဲ့ ငါမှာထားတဲ့ ဆေးမြစ်တွေ လာပို့ တာ....ခုသူက သူတို့ရွာမှာ စာသင်ကျောင်းမရှိတော့ သူရွာက ကလေးတွေကို စာသင်ပေးဖို့ ငါဆီမှာ အကူညီ တောင်းနေတယ်...အေး...ငါကလည်း မင်းလို သူတစ်ပါးကို ကူညီချင်တဲ့ စိတ်ရှိသူကို ကလေးတွေကို စာသင်ဖို့ ထည့် ပေးလိုက်ချင်တယ်ကွယ်......မင်းသဘောကကော...
သူတို့ရွာကလဲ မြို့နဲ့ ဝေးပြီး လမ်းပန်း ဆက်သွယ်ရေးလဲ မကောင်းတော့ အစိုးရကလည်း စာသင်ကျောင်း ဆောက်ပြီး ဆရာဆရာမ မထားပေးနိုင်ဘူးကွဲ့ ......."

ဆရာတော် ကျေးဇူးတွေက သူ့အပေါ်မှာ တစ်ပုံတစ်ပင် ။ ဆပ်လို့တောင် ကုန်အံ့  မထင်.....ခု မြို့ ပေါ်မှာကလည်း နိုင်ငံ ရေး အခြေနေ မကောင်း တက္ကသိုလ် အချို့ဆို ပိတ်တောင် ပိတ်လိုက်ပြီ...ဟိုနားနည်းနည်း ဒီနားနည်းနည်း ဆန္ဒပြပွဲတွေကလဲ ခဏခဏ ...။ သူဆုံးဖြတ်လိုက်သည် မုဆိုးကြီးနှင့် လိုက်သွားကာ ပညာရေး ကံမကောင်းကြရှာ သော ထိုရွာ မှ ကလေးများကို စာသင်ပေးမည် ဟု ..။

ထို့ နောက် မုဆိုးကြီးက ရွာပြန်ပြီး လူအကူ ပြန်ခေါ် သည် ။သူကလည်း ဆရာတော်ကြီး ဆီမှာ စုထားသော ငွေတွေကို ထုတ်ယူပြီး လိုအပ်သော သင်ထောက်ကူ ပစ္စည်း များကိုဝယ် ၍ မုဆိုးကြီးတို့ လာမည့် ရက်ကို စောင့် နေလိုက်သည်။ ၃ ရက်မြောက်တော့ မုဆိုးကြီးတို့ လူစု ရောက်လာကြသည်။ဆရာတော် ဘုရားကြီးကို ဦးချ ကန်တော့ ခဲ့ ကာ အားလုံး ထွက်လာခဲ့ကြလေသည်..။ တောင်တောင်အီအီ စဉ်းစား နေရင်း မှေးခနဲ အိပ်ပျော်သွားသည်။ထိုစဉ် အိမ်ရှေ့ ဧည့်ခန်းဖက်ဆီမှ ခြေသံ လိုလို ကြားလိုက်ရ၍ သူနိုးလာသည်။ စောမာလာ ပန်းကန် တွေ သိမ်းရန်လာသည်ဟုထင်ကာ ဆက်လက်မှေးနေရင်း စံပါယ် ပန်းရနံ့ လိုလို ဘာလိုလို အမွှေးနံ့ ရလိုက်သည် ။ထိုရနံ့ ရပြီးသည်နှင့် ဆရာလေး နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။

"ဆရာလေး....ဆရာလေး ထတော့ မိုးလင်းနေပြီ ထ ထ ခရီးဆက်ရအုံးမယ် .."

မုဆိုးကြီး လှုပ်နှိုးမှ ဆရာလေးမှာ အိပ်မှုံစုံမွှား ဖြင့် ထလာသည်။ နေတောင် အတော် မြင့် နေပေပြီ။သူ့လက်ထဲမှ နာရီကို ငုံ့ကြည့် လိုက်တော့ နေလည် ၁၁း၂၅ နာရီ ရှိနေပြီ ။သူဘေးဘီဝဲ ယာ ကြည့် လိုက်တော့ သူ့ ရှေ့မှာ မြင်လိုက်ရသောမြင်ကွင်းကြောင့် သူကြောင်သွားသည်။ သေချာ မျက်လုံး ကို ပွတ်ကြည့် လိုက်တော့ လည်းသည် မြင် ကွင်းက ပြောင်းမသွား။ သူမြင်လိုက်ရတာက ...သူတို့ အိပ်နေရာ နေရာကား အခြားဟုတ် မြေပုံ ဟောင်းများ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲ နေသော သင်္ချိုင်း ဟောင်းကြီးတစ်ခု ။ညက သူတို့ အိပ်ခဲ့ ကြသော သူကြီး ဦးဘအေး အိပ်ခန်းမဟုတ်။ဖိုးထောင်နှင့် သံချောင်းမှာ ကာ တစ်နေရာတွင် အန်နေကြသည်။ဘယ်လိုဖြစ်တာလဲ ဟူသော အတွေးကြောင့် မုဆိုးကြီးကို လှမ်းမေးလိုက်သည်။

" ကျုပ်တို့ ဘယ်ရောက်နေတာလဲ......မုဆိုးကြီး......ဦးဘအေးတို့ကော....."

"ကျုပ်တို့ ...ကျက်ကုန်း ကို ရောက်နေတာ ....."

"ဗျာ....................."

" ဟုတ်တယ် .....ညက ကျုပ်တို့ တွေ့ခဲ့ တာ ကျက်တစ္ဆေ တွေ လူတွေမဟုတ်ဘူး...။ ဟိုနှစ်ကောင်ကတော့ ညကသောက်စားငမ်း ကြတာ ခုတော့ အန်နေရပြီလေ ..... ဦးဘအေးကတော့ ဆရာ လေး အိပ်ရာခေါင်း ရင်းကို ကြည့်လိုက် ...."

သူ မုဆိုးကြီးပြောသည့် အတိုင်း လှည်ကြည့် လိုက်ရာဆွေး မြေ့ နေသော မှတ်တိုင်ဟောင်းကြီးတစ်ခု ....။အရောင်ပြေနေပြီး စာလုံးတွေ သိပ် မသဲကွဲသော်လည်း ဖတ်၍ရသေးသည်။ ရေးထားတာက.......

"ဦးဘအေး အသက် ၅၃နှစ်"

သူလန့်ပြီး မြေပုံပေါ်မှ ဆင်းလိုက်သည်...။ သူဘေးက မြေပုံ

ဟောင်းတွေကိုလည်းကြည့် လိုက်ပါအုံး ။သူကြည့်လိုက်ပြန်သည်....ဘယ်ဘက်ဘေးက မြေပုံ မှတ်တိုင်မှာ ရေးထားသည်က
...
" ဒေါ်ခင်ရီ အသက် ၃၅ နှစ်"

ညာဘက်မြေပုံမှတ်တိုင်မှာတော့ ....

"စောမာလာ အသက် ၁၉ နှစ်"

" ဟုတ်တယ် ဆရာလေးရေ......ဒီနေရာတွေက ကျုပ်

တောလိုက်ရင်းသွားနေကျ နေရာတွေ လေ...။ဒီနေရာမှာ ဘာရွာမှ မရှိတာ ကျုပ်

သိပ်သိတာပေါ့...။ နောက်ပြီး ဆရာလေးသတိထားမိလား မသိဘူး သူတို့ တွေ

ကျုပ်တို့ ဆီလာတဲ့ အချိန်တုံးက ကျုပ်တို့ အားလုံး ကြက်သီးဖြန်း ကနဲ ထသွား
တာတို့ ...သူတို့အိမ်ရောက်တော့လည်း အိမ်မှာ ဘုရားစင် မရှိတာတို့၊ကျုပ် အချိုပွဲ ကောက်ထည့် တာကို ဦးဘအေး သဘော မတွေ့ တာတို့ တွေလေ.....။ ရော့....ဒီမှာ ....ညက ကျုပ်ကောက်ထည့်လိုက်တဲ့ အချိုပွဲ ....."

ဟုဆိုကာ သူလက်ထဲသို့ ပလပ်စတစ် အိပ်ထုပ် လေးကို ပေး၍ယူကြည့် လိုက်ရာ......သင်္ဘော သီးတွေ မဟုတ်ပဲ သစ်ရွက်ခြောက်တွေ ဖြစ်နေသည်။

မုဆိုးကြီးက ဆက်လက်၍ ..........
"ဆရာလေး.... ညတုန်းက စံပါယ်ပန်း ရနံ ရလိုက်သေးလား.."

"အင်း ....ရလိုက်တယ်....."

" အေး..............အဲဒါ ကြက်တွေ မိုးလင်းခါ နီးလို့ လူတွေကို အိပ်မွေ့

ချပြီး ပြန်ဖို့လုပ် တာ.... ကဲ ခု ဆရာလေး ပရလောက ဆိုတာ ယုံပြီလား...."

ပါးစပ်ကတော့ အသံထွက်မလာ။ စိတ်ထဲမှာတော့ ညက ထမင်းစားခါနီး ဦးဘအေး

လက်အေးကြီးကို ပြန်တွေးမိရင်း စိတ်ထဲကတော့....

"အင်း.....ကျက်ကုန်း.....ကျက်ကုန်း.....ကျက်ကုန်း.......ကျက်ကုန်း............"
ဟုသာ ရေရွတ်နေမိတာ့သည်.......။ ။

ဤဖြစ်ရပ်အားပြောပြပေးသော ကွယ်လွန်သွားရှာပြီ သည့် ဖိုးဖိုးကြီး

ဦးထွန်းဝေအား ဒီနေရာမှ ရှိခိုးကန်တော့လိုက်ရပါတယ်.....။ ။ ။ ။ ။

By ပုဏ္ဏား(ဘကွန်း)


Credit : http://newmyanmarpyi.blogspot.co.uk/2013/11/blog-post_4845.html

No comments:

Subscribe

လာလည်သူများ

free counters