♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 5, 2015

" ဟိုးးးးး အဝေးကြီးဖြစ်တဲ့ လမင်းကြီးပေါ်မှာ သတ္တုတွင်း တူးကြမလား "


လူသား (၁၂) ဦးကို လပေါ် ရက်ပိုင်းလောက် စေလွှတ်ဖို့ပင် ဒေါ်လာ (၂၅) ဘီလီယံလောက် ကုန်ကျသည်။ သို့ဖြစ်လျှင် လူသားများကို လပေါ်မှာ အခြေချ နေထိုင်ခိုင်းမည် ဆိုပါက ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျနိုင်သည်ဟု ယခင်က တွက်ချက် ခဲ့ကြဖူးသည်။

လူသားများအား လကမ္ဘာသို့ ပို့ဆောင်ကာ အခြေချခိုင်းလျှင် ကုန်ကျစရိတ်သည် လူသားများကို လကမ္ဘာသို့ ပို့ဆောင်ခဲ့သော အပိုလို ခရီးစဉ်များ အားလုံး၏ ကုန်ကျစရိတ် ထက်ဝက်ခန့်သာ ရှိမည်ဖြစ် ပြီး ထိုနှုန်းသည် နာဆာ၏ ဘတ်ဂျတ်ဘောင် အတွင်းမှာလည်း ရှိသဖြင့် လက်တွေ့ အကောင်အထည် ဖော်နိုင်သော အနေအထား ရှိကြောင်း လေ့လာမှု စစ်တမ်းသစ်က ဆိုသည်။

လကမ္ဘာကို လူသားများ လွှတ်ကာ သတ္တုတွင်းတူး လုပ်ငန်းကိုပါ လုပ်ကိုင်စေမည် ဆိုပါက ကုန်ကျစရိတ်သည် ယခင် မှန်းထားသည်ထက် (၉၀) ရာခိုင်နှုန်းထိ သက်သာ သွားနိုင်ကြောင်း လေ့လာမှု စစ်တမ်းက ဆိုသည်။

နာဆာသည် လကမ္ဘာပေါ် လူသားစေလွှတ်ရေး အတွက် ပုဂ္ဂလိက လုပ်ငန်းများကို ကန်ထရိုက်ပေးမည် ဖြစ်သည်။ လူသား လွှတ်ခွင့်ရသော ကုမ္ပဏီ အနေဖြင့် လူသား စေလွှတ်ဖို့ ဒေါ်လာ (၁၀) ဘီလီယံ ၀န်းကျင် သုံးစွဲရမည် ဖြစ်ကြောင်း လေ့လာမှု စစ်တမ်းက ဆိုသည်။ အချို့သော ခန့်မှန်းချက်များကမူ ဒေါ်လာ ဘီလီယံ တစ်ရာထိ ကုန်ကျနိုင်သည်ဟု ခန့်မှန်းထားသည်။

လကမ္ဘာပေါ်မှာ လူသားများ အခြေချ နေထိုင်နိုင်အောင် စီစဉ်ဖို့ဆိုလျှင်လည်း ဒေါ်လာ (၃၈) ဘီလီယံမျှနှင့် အကောင်အထည် ဖော်နိုင်ကြောင်း အစီရင်ခံစာက ဆိုသည်။ လေ့လာမှု အစီရင်ခံစာကို အမေရိကန် အာကာသ အဖွဲ့အစည်းနှင့် အာကာသ နယ်မြေသစ် လေ့လာရေး ဖောင်ဒေးရှင်းတို့က ပူးပေါင်း ထုတ်ပြန်ခြင်း ဖြစ်သည်။ ထိုမျှသော ငွေပမာဏသည် နာဆာ၏ ဘတ်ဂျတ် ပမာဏ အတွင်းမှာလည်း ရှိသဖြင့် လက်တွေ့ ဖြစ်နိုင်ကြောင်း အစီရင်ခံစာက ဆိုသည်။

Source: Daily Mail

The Messenger

No comments:

Subscribe

လာလည်သူများ

free counters