♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 7, 2015

" အွန်လိုင်းမှာ ဘယ်လောက်ခင်ခင် ဒီအရာ (၇)မျိုး မလုပ်ဖူးသရွေ့ သူငယ်ချင်း မဟုတ်သေးပါ "

 
အွန်လိုင်းမှာ ခဏခဏ chat ဖူးထားလို့၊ တစ်ယောက်နဲ့တစ်ယောက် ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်မှာ ကွန်မန့်တွေ အပြန်အလှန်ပေး စနောက်ကြဖူးလို့ ငါတို့သူငယ်ချင်းဖြစ်ပြီလို့ ဖြစ်သလို သတ်မှတ်လို့မရပါဘူး။ တကယ်တော့ သူငယ်ချင်းဆိုတာ နှစ်ဦးကြားမှာ အတိုင်းအတာ၊ ခင်မင်မှုအနေအထားတွေ အများကြီးရှိဖို့ လိုပါတယ်။ ဒီတော့ သင်တို့ဟာ ဒီအရာ(၇)မျိုး ပြုမူလုပ်ဆောင်ဖူးမှသာ သူငယ်ချင်းတွေ ဖြစ်ကြပါလိမ့်မယ်။

၁။အပြင်မှာ ဆုံဖူးကြရပါလိမ့်မယ်။
သင်တို့နှစ်ဦးဟာ မျက်နှာချင်းဆိုင် အပြင်မှာမဆုံဖူးသရွေ့ အီးမေးလ်တွေ ပို့ပြီး ဘယ်လောက်စကားတွေပြောဖူးပြောဖူး။ ဖုန်းတွေပြောဖူးပြောဖူး၊ ဒါမှမဟုတ် ဖေ့စ်ဘွတ်မှာ ကွန်မန့်တွေပေးဖူးနေပါစေ၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုဆိုတာ ဆောက်တည်ဖို့ မဖြစ်နိုင်သေးပါဘူး။ တကယ်တော့ သူငယ်ချင်းဆိုတာ အပြင်လောကမှာ တကယ်အဆက်အသွယ်ရှိ၊ ခင်မင်ရင်းနှီးမှုရှိမှသာ သူငယ်ချင်းအဆင့် တစ်ဆင့်တက်နိုင်တာပါ။

၂။တစ်ယောက်က ဘာလိုအရာမျိုးတွေလုပ်ဖို့ ရှက်တတ်ကြတယ် ဆိုတာမျိုး တစ်ယောက်က သိထားရပါမယ်။
သူငယ်ချင်းဆိုတာနဲ့ အရင်တုန်းက ဘာဆိုတာတွေ၊ဘာတွေကြုံခဲ့တယ်ဆိုတာတွေ ဝေမျှဖူးကြရပါမယ်။ 

သူငယ်ချင်ဆိုတာ သင့်အကြောင်းကို သူတော်တော်လေးသိတယ်၊ ဘာလို့လဲဆိုတော့ သင်တစ်ခုခုလုပ်လိုက်တဲ့ ဖြစ်သွားတဲ့အချိန်မှာ သူတို့ဘေးမှာ ရှိနေတာကိုး။ အွန်လိုင်းမှာ ရှိတဲ့သူက သင့်ဘေးမှာ မရှိတဲ့အတွက် ဒါမျိုးတွေ မကြုံနိုင် မသိနိုင်ပါဘူး။

၃။အွန်လိုင်းမှာ chat စရာမလိုပဲ တစ်ယောက်နဲ့တစ်ယောက် တန်းဖုန်းခေါ်နိုင်ရပါမယ်။
တကယ့်သူငယ်ချင်းဆိုရင်တော့ ပြောစရာရှိရင် တန်းဖုန်းခေါ်ပြီး ဘာဆိုတာ ပြောပါလိမ့်မယ်။ အွန်လိုင်းက သူငယ်ချင်းကတော့ သင်အွန်လိုင်းတက်လာမှသာ သူပြောချင်တာကို ပြောနိုင်မှာပါ။ ကိစ္စတစ်ခုခုရှိလို့ ခုလာစေချင်တယ်ဆိုရင်တောင် အွန်လိုင်းက လူကို မခေါ်နိုင်ပါဘူး။ သူငယ်ချင်းတွေကသာ သင့်နားရောက်လာနိုင်မှာပါ။

၎။သူငယ်ချင်းတွေနဲ့ပြောနေကျ ဘာမဟုတ်တဲ့ကိစ္စလေးတွေ ပြောဆိုဖို့ မဖြစ်နိုင်ပါဘူး။
အွန်လိုင်းက သူငယ်ချင်းကို မိုးတွေရွာတယ်၊ နေသာတယ်၊ ငါ့မှာ အပြင်ထွက်ဖို့ စီးစရာ ဖိနပ်ကို မရှိဘူး စတာတွေသွားပြောနေလည်း အပိုပါပဲ။ အဓိကအရေးကြီးတဲ့အရာတွေကိုသာ သင်ပြောနိုင်ပါတယ်။

၅။သူ့ဆီက ဘာပြန်ရမလဲဆိုတာ မျှော်ကိုးနေတတ်ကြပါတယ်။
သူငယ်ချင်းဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက်ကူညီတဲ့အခါ ငါဘာလုပ်ပေးထားလို့ ဘာပြန်လုပ်ပေးဆိုတာမျိုး မရှိပါဘူး။ အွန်လိုင်းက လူနဲ့ခင်မင် အကူအညီတောင်းမိရင်တောင် သူ့ကိုပြန်ပေးဖို့ ကိုယ့်ဘက်က အားထုတ်ရပါတယ်။ ပေါ့ပေါ့တန်တန်နေလို့မရပါဘူး။

၆။အဓိပ္ပါယ်ရှိတဲ့ ခံစားချက်အမြောက်အများ ပြောဖူးရပါမယ်။
သူငယ်ချင်းနဲ့အတူ တစ်ယောက်ပခုံးတစ်ယောက်မှီပြီး ငိုဖူးပေမယ့်၊ တစ်ယောက်ခံစားနာကျင်ရတာ တစ်ယောက်က နှစ်သိမ့်ပေးရင်း ထပ်တူထပ်မျှလိုက်ခံစားတတ်ကြပေမယ့် အွန်လိုင်းသူငယ်ချင်းနဲ့တော့ ဒီလိုအခြေအနေမျိုး မရှိဘူးသေးဘူးဆိုရင် ဒါဟာ သူငယ်ချင်း မဟုတ်သေးပါဘူး။

၇။သူငယ်ချင်းက မကြားချင်ပေမယ့် ကြားကိုကြားသင့်တဲ့ ဝေဖန်ချက်တွေကို ပြောဖူးရပါမယ်။
နင်ဒါမျိုး ၀တ်မတာ မလှဘူး။ နင် အဲ့ဒီကို ဘာလို့သွားရတာလဲ ငါနားကိုမလည်ဘူး။ နင် ဒါမျိုးတွေ ဘာလို့လျှောက်ပြောနေရတာလဲ ဆိုတာတွေ အွန်လိုင်းက သူငယ်ချင်းကို ပြောဖူးပါသလား။ ဘယ်ပြောဖူးလိမ့်မလဲ။ သူနဲ့ကိုယ်နဲ့ ဒီလောက်မှ ရင်းနှီးခင်မင်မှုမရှိတာ။ ဒါဆိုရင် အဖြေကရှင်းနေပြီ။ သင်တို့ သူငယ်ချင်း မဟုတ်သေးပါဘူး။

Credit : https://www.facebook.com/TrendMyanmar

No comments:

Subscribe

လာလည်သူများ

free counters