♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 30, 2015

"ကိုလံဘီယာ မူးယစ် ဘုရင်မကြီး၏ အတ္ထုပ္ပတိ ရုပ်ရှင်တွင် မင်းသမီး ကက်သရင်း ဇီတာဂျုံးဇ် သရုပ်ဆောင်မည်"

 
နယူးယော့ခ်၊ အောက်တိုဘာ ၃၁။ ကိုလံဘီယာ နိုင်ငံ၏ နာမည်ကြီး မူးယစ် ဘုရင်မကြီး Griselda Blancoဂရီဆဲလ်
ဒါဘလန့်ကို၏ အကြောင်း ရိုက်ကူးမည့် အတ္ထုပ္ပတိ ရုပ်ရှင် “Godmother” တွင် ဝေလ သရုပ်ဆောင် မင်းသမီး ကက်သရင်း ဇီတာဂျုံးဇ်က မူးယစ် ဘုရင်မကြီး အဖြစ် သရုပ်ဆောင်မည် ဖြစ်သည်။

catherine zeta jones

နိုင်ငံတကာ ရုပ်ရှင် ဈေးကွက်ကို ဦးတည်ပြီး ထုတ်လုပ် ရိုက်ကူးမည့် အဆိုပါ ရုပ်ရှင်ကို ဒါရိုက်တာ အီဗာဆိုဟက်ဂ်က ရိုက်ကူးမည် ဖြစ်ပြီး အမေရိကန် နိုင်ငံသို့ ကိုကင်းများ စတင် လှိမ့်ဝင်လာသည့် ၁၉၇၀၊ ၁၉၈၀ ပြည့်နှစ်များ အတွင်း ကိုလံဘီယာ မူးယစ် လောကတွင် ဘလန့်ကို တန်ခိုးထွား ခဲ့ချိန် များနှင့် အမေရိကန်တွင် အဖမ်း မခံရမီ နာမည်ဆိုးဖြင့် ကျော်ကြား ခဲ့သည့် မီယာမီ မူးယစ် စစ်ပွဲ များတွင် ဘလန့်ကို၏ ပါဝင် ပတ်သက် မှုများကို အဆိုပါ ရုပ်ရှင်မှ
တစ်ဆင့် မြင်တွေ့ ရမည် ဖြစ်သည်။

ဘလန့်ကို၏ ငယ်ဘ၀သည် ဇာတ်လမ်း စုံပြီး အကြောင်း မလှခဲ့သည့် ဘ၀ကံ ကပင် ၎င်းကို လမ်းမှားသို့ ရောက်စေခဲ့ပြီး ကြမ်းကြမ်း ရမ်းရမ်း လုပ်ကိုင် တတ်သည့် စရိုက်ကြောင့်ပင် မူးယစ် ဘုရင်မကြီး ဘွဲ့ခံနိုင်သည် အထိ ကိုလံဘီယာတွင် သာမက နိုင်ငံတကာ မှာပါ နာမည်ဆိုးဖြင့် ကျော်ကြား ခဲ့သည်။

အမေရိကန် နိုင်ငံတွင် ဖမ်းဆီး ခံရပြီးနောက် ထောင် ၁၈ နှစ် ကျခဲ့သည့် ကိုလံဘီယာ၏ ပထမဆုံး မူးယစ်ရာဇာမကြီး ဘလန့်ကိုသည် ၂၀၀၄ ခုနှစ်တွင် ပြစ်ဒဏ်မှ လွတ်မြောက် ခဲ့ပြီး ကိုလံဘီယာသို့ ပြန်ပို့ ခံခဲ့ရကာ ၂၀၁၂ ခုနှစ်တွင် သူတစ်ပါး၏ လုပ်ကြံ မှုကြောင့် ကွယ်လွန် ခဲ့သည်။

သရုပ်ဆောင် အလုပ်ကို ၁၉၉၀ ပြည့်နှစ် များမှ စတင်ခဲ့ပြီး ယခုအခါ အသက် ၄၅ နှစ် ရှိပြီ ဖြစ်သည့် မင်းသမီး ကက်သရင်း ဇီတာဂျုံးဇ်သည် ယခုကဲ့သို့ မူးယစ် အရောင်းအ၀ယ် ဇာတ်လမ်း မျိုးတွင် ပထမဆုံး သရုပ်ဆောင်ခြင်း မဟုတ်ပေ။ ၂၀၀၀ ပြည့်နှစ်တွင် ရုံတင်ခဲ့ပြီး ၀င်ငွေ ဒေါ်လာ သန်း ၂၀၀ ကျော် ရရှိခဲ့သည့် “Traffic” ဇာတ်ကား တွင်လည်း မူးယစ် အရောင်း အ၀ယ်အကြောင်း သရုပ်ဆောင် ခဲ့ဖူးသည်။

Ref: The Hollywood Reporter

Credit : http://facemyanmar.blogspot.co.uk/2014/10/blog-post_805.html?m=1

No comments:

Subscribe

လာလည်သူများ

free counters