♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 4, 2015

" ရည်းစားနှင့် ကွဲခဲ့ရလို့ ကိုယ်အလေးချိန်တွေ ကျဆင်းသွားခဲ့တဲ့ မမကြီး ဘုတ်ဆုံ"

 
အမေရိကန် ပြည်ထောင်စု၊ နီဗားဒါး ပြည်နယ် ရီနိုမြို့တွင် နေထိုင်သည့် အမျိုးသမီးသည် တစ်ချိန်က ကိုယ်အလေးချိန် အများဆုံး ပိုင်ဆိုင်သူ အဖြစ် သတ်မှတ် ခံထားရသော်လည်း ချစ်သူဖြစ်သူနှင့် လမ်းခွဲပြီး နောက်ပိုင်း ကိုယ်အလေးချိန်ကို လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။ ကလေးလေးဦး မိခင် ပက်တီဆန်း ချက်ဇ်သည် ယခင်က ကိုယ်အလေးချိန် ( ၇၂၁) ပေါင် ရှိခဲ့သော်လည်း ယခုအခါ ကိုယ်အလေးချိန် (၄၇၆) ပေါင်သာ ရှိတော့သည်။
          အသက် ( ၅၁) နှစ် အရွယ်ရှိ ပက်တီဆန်းချက်ဇ်သည် ပြီးခဲ့သည့် နှစ်များအတွင်း ကိုယ်အလေးချိန် တဖြည်းဖြည်း လျှော့ချခဲ့ရာ (၂၃၈) ပေါင်အထိ လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။ ပက်တီဆန်းချက်ဇ်သည် ချစ်သူဖြစ်သူနှင့် လမ်းခွဲပြီးနောက် ကိုယ့် ကိုယ်ကိုယ် ဂရုစိုက်ရမည် ဆိုသည့် အသိရရှိခဲ့ခြင်း ဖြစ်သည်။
           ပက်တီဆန်းချက်ဇ်က မိမိတွင် မိသားစု ရှိနေသောကြောင့် လက်ရှိဘ၀ကို ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယခင်က ကယ်လိုရီ  (၁၃၀၀၀) ညီမျှသော အစားအစာများကို နေ့စဉ် စားသုံးခဲ့သည်။ သို့သော် ယခုအခါ ကယ်လိုရီ (၃၀၀၀) နှင့် ညီမျှသည့် အစားအစာများကိုသာ စားသုံးခဲ့သည်။ ကိုယ်အလေးချိန် လျော့ချရန်  အသက်(၂၈) နှစ်အရွယ် လိုဂန်ဝက်ဘ်ဘာနှင့် အသက် (၃၀) နှစ်အရွယ် စကော့ဝက်ဘ်ဘာ အမည်ရ သားနှစ်ဦးက အကူအညီများ ပေးလျက်ရှိသည်။
          ပက်တီဆန်းချက်ဇ်သည် အွန်လိုင်းတွင် ချစ်သူရရှိခဲ့ခြင်း ဖြစ်ပြီး ယင်းနှင့် ချစ်ကြိုက် ပြီးနောက် အစားအစာကို အလွန်အကျွံ စားခဲ့သည်။ ပက်တီဆန်းချက်ဇ်၏ ချစ်သူက အ၀လွန်နေသည်ကို နှစ်သက် သဘောကျသည်ဟု ယုံကြည်အောင် ပြောခဲ့သည်။
            ထို့ကြောင့် ပက်တီဆန်းချက်ဇ်သည် ကမ္ဘာ့ ကိုယ်အလေးချိန် အများဆုံး အမျိုးသမီး ဖြစ်လာခဲ့သည်။ သို့သော် (၁၀)
နှစ်အထိ ချစ်ကြိုက်ခဲ့ပြီးနောက် သဘောထား မတူညီမှုများရှိလာပြီး ပြတ်စဲသွားခဲ့သည်။ ပက်တီဆန်းချက်ဇ်သည် အသက် (၁၈) နှစ် အရွယ်တွင် (၁၅၄) ပေါင် ရှိခဲ့ပြီး အသက် (၄၀) အရွယ်တွင်  (၃၉၂) ပေါင် အထိရှိခဲ့သည်။
             ချစ်သူရပြီးသည့် ကာလအတွင်း ကိုယ်အလေးချိန်သည် နှစ်ဆနီးပါး ရှိလာခဲ့သည်။ သို့သော် ချစ်သူနှင့် ပြတ်စဲပြီးနောက် ကိုယ်အလေးချိန် လျှော့ချရာတွင်  (၂၃၈) ပေါင်အထိ လျှော့ချနိုင်ခဲ့သည်။ ပက်တီဆန်းချက်ဇ်သည် တစ်လကို (၁၄) ပေါင် လျှော့ချအောင် ပြုလုပ်ခဲ့သည်။
          ပက်တီဆန်းချက်ဇ်က သားသမီးများ၏ တိုက်တွန်းမှုကြောင့် ကိုယ်အလေးချိန် လျှော့ချနိုင်ခဲ့ကြောင်း၊ မိမိအနေဖြင့် အ၀လွန်ခဲ့ခြင်း အတွက် နောင်တမရခဲ့ကြောင်း၊ သို့သော် ကိုယ့်အသက်က အရေးကြီးဆုံး ဖြစ်သောကြောင့် ကိုယ်အလေးချိန် လျှော့ချနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=50053

No comments:

Subscribe

လာလည်သူများ

free counters