♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 2, 2015

"ခြင်္သေ့နဲ့ ဖက်အိပ်တဲ့ အမျိုးသမီး"



ခြင်္သေ့ တစ်ကောင်ကို ဖက်အိပ်နိုင်လောက်တဲ့ သတ္တိမျိုး ပိုင်ဆိုင်ထားသူကတော့ တောင်အာဖရိက နိုင်ငံသူ ဗန်တွန်ဒါ ဖြစ်ပါတယ်။ ခြင်္သေ့တွေဟာ လူသားတွေကို ခြိမ်းခြောက် နိုင်စွမ်းရှိတာကြောင့် သဘာဝဘေးမဲ့ တောတွေမှာတောင် ခြံစည်းရိုး ခတ်ထားလေ့ ရှိပါတယ်။ ဒါပေမဲ့ ဗန်တွန်ဒါကတော့ ခြင်္သေ့တစ်ကောင်ကို ဖက်ပြီး ညအိပ်ပြခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်လာပါတယ်။ ဗန်တွန်ဒါပာာ သူ့ရဲ့အိမ်မှာ ခြသေ့င်္တစ်ကောင်နဲ့ အိပ်စက်ပြီး တစ်ညတာကို ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ဆာဆိုတဲ့ ခြင်္သေ့မလေးဟာ အခြားခြင်္သေ့တွေနဲ့ ဆော့ကစားပြီး လည်ပင်းမှာ ဒဏ်ရာ ရသွားခဲ့တာကြောင့် ဆေးကုသမှု ပြုလုပ်ပေးဖို့ လိုအပ်လာပါတယ်။

အယ်လ်ဆာဟာ (၅)ရက်သား လောက်ကတည်းက မိခင်ဖြစ်သူနဲ့ ကွဲကွာပြီး ခြင်္သေ့တွေ ထားရှိတဲ့ နေရာကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဗန်တွန်ဒါဟာ အယ်လ်ဆာကို ငယ်စဉ်ကတည်းက ထိန်းသိမ်း စောင့်ရှောက်ခဲ့တာ ဖြစ်ပါတယ်။ အယ်လ်ဆာဟာ (၈)လသားအရွယ် ရောက်နေပြီ ဖြစ်တာကြောင့် အကောင်လည်း ကြီးလာပါတယ်။ ဒါပေမဲ့ အယ်လ်ဆာဟာ ဗန်တွန်ဒါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေတာကြောင့် အခုလို နေထိုင်နိုင်တာ ဖြစ်ပါတယ်။ အယ်လ်ဆာကို ဆေးကုသဖို့ လိုအပ်တဲ့ ရန်ပုံငွေရဖို့ စောင့်ဆိုင်းရင်း ဗန်တွန်ဒါက အိမ်မှာ ညသိပ်ခဲ့တာဖြစ်ပါတယ်။ ဗန်တွန်ဒါက မိမိနှင့် အယ်လ်ဆာတို့ ညတစ်ညကို ကောင်းစွာ အိပ်စက် ဖြတ်သန်းခဲ့ကြောင်း၊ အယ်လ်ဆာကို ဖက်ပြီး အိပ်စက်ရာတွင် အံ့အားသင့်ဖွယ် ကောင်းလောက်သည့်

အခြေအနေကို တွေ့ခဲ့ရကြောင်း၊ အယ်လ်ဆာသည် ကောင်းစွာ အိပ်စက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

The Messenger

No comments:

Subscribe

လာလည်သူများ

free counters