♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 29, 2015

" သူငယ်ချင်းတွေလို ရင်းနှီးနေသော ကျားနှင့် ဆိတ်"

 
  ကျားသည် အသားစား သတ္တ၀ါ ဖြစ်သောကြောင့် ဆိတ်တစ်ကောင်ကို မြင်တွေ့ပါက ကိုက်ဖြတ် စားသောက်မည်သာ ဖြစ်သည်။ သို့သော် ရုရှားနိုင်ငံရှိ တိရစ္ဆာန်ရုံ တစ်ရုံတွင် ကျားနှင့်ဆိတ်တို့သည် သူငယ်ချင်းများလို  ရင်းနှီးစွာ နေထိုင်နေခြင်းကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ တိရစ္ဆာန် ရုံမှ တာဝန်ရှိသူများသည် ရက်သတ်္တပတ် တိုင်း ကျားများကို ယုန်နှင့် ဆိတ်အရှင်များ နှစ်ကြိမ် ကျွေးမွေးလေ့ ရှိသည်။ ယင်းဆိတ်ကို ကျားအတွက် အစာ အဖြစ် ကျွေးမွေး ထားခြင်း ဖြစ်သည်။ ဆိတ်သည် ကျားလှောင် အိမ်ထ ရောက်ပြီးနောက် သတ္တိရှိကြောင်း ပြသခဲ့သည်။ ဆိတ်သည် ကျားအိပ်စက်သည့် နေရာကို ၀င်ရောက် နေရာယူခဲ့သည်။ ထို့ကြောင့် ကျားသည် သူ၏ နေရာကို ပြောင်းပေး ခဲ့ရသည်။

          တိရစ္ဆာန်ရုံမှ တာဝန်ရှိသူများက ဆိတ်ကို အလွန် သတ္တိရှိသူ အဖြစ် ချီးကျူးခဲ့ကြသည်။ ဆိတ်သည် ကျား၏ အစာဖြစ်သော်လည်း ကျားလှောင် အိမ်ထဲတွင် ကျားအိပ်စက်သည့် နေရာကို အခန့်သား ၀င်ရောက် နေရာယူခဲ့သည်။ တိရစ္ဆာန်ရုံမှ တာဝန်ရှိသူ တစ်ဦးက မိမိတို့ အနေဖြင့် ဆိတ်၏ အပြုအမူ အတွက် အံ့အားသင့်မိကြောင်း၊ ဆိတ်သည် အကြောက်အလန့် လုံးဝ မရှိကြောင်း၊ ကျား၏ နေရာကို ၀င်ရောက် အိပ်စက်လေ့ရှိကြောင်း၊ မိမိတို့သည် ယုန်နှင့် ဆိတ်အရှင်များကို ကျားများအား အပတ်စဉ် ကျွေးလေ့ ရှိကြောင်း၊ ထိုသို့ ကျွေးရာတွင် ကျားသည် အမြဲတမ်း စားလေ့ ရှိကြောင်း၊ ကျားများ၏ အမဲလိုက် ပုံစံ ပျောက်မသွားရန် ယုန်နှင့် ဆိတ်အရှင်များကို ကျွေးခဲ့ခြင်း ဖြစ်ကြောင်း၊ သို့သော် ယခုအခါ ကျားသည် ဆိတ်ကို မစားသည့် အပြင် နေစရာပါ ပေးထားကြောင်း ပြောကြားခဲ့သည်။ ဆိတ်သည် ကျားလှောင် အိမ်ထဲ ရောက်ရှိ နေသည်မှာ လေးရက် ရှိနေပြီး လက်ရှိ အချိန်အထိ ရင်းနှီးစွာ နေထိုင် လျက်ရှိသည်။ ထို့ပြင် ဆိတ်နှင့်
ကျားတို့သည် ကျားလှောင် အိမ်အတွင်း အတူ လမ်းလျှောက် ခဲ့ကြသည်။

          အဆိုပါကျားသည် ဆိုက်ဘေးရီးယား ဒေသရှိ ကျားဖြစ်ပြီး၊ ယင်းဖြစ်စဉ်သည် ရုရှားနိုင်ငံအရှေ့ပိုင်း၊ ပရီမော့စကီး ဒေသရှိ တိရစ္ဆာန်ရုံ တစ်ရုံတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်ကို ဗီဒီယိုရိုက်ကူးမှု ပြုလုပ်ပြီး လူမှုကွန်ရက်တွင် တင်ရှိရာ လူကြိုက်များခဲ့ကြောင်း သိရသည်။
 (အေသင်အောင်)

Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=49834

No comments:

Subscribe

လာလည်သူများ

free counters