♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 3, 2015

"Facebook မှာ ရေပန်းစားနေတဲ့ ‘Most Used Words’ app ကို မသုံးခင် နှစ်ခါပြန် စဉ်းစားသင့်ကြောင်း ကျွမ်းကျင်သူတွေ သတိပေး"

 
ကမ္ဘာတစ်ဝှမ်းက Facebook သုံးစွဲသူပေါင်း ၁၇.၆ သန်းလောက်ဟာ သူတို့ ရဲ့ Facebook ပို့ စ်တွေမှာ အသုံးအများဆုံးစကားလုံးတွေကို ပုံနဲ့ ဖော်ပြပေးတဲ့ app တစ်ခုကို အသုံးပြုနေကြပါတယ်။ဒါပေမယ့် လုံခြုံရေးကျွမ်းကျင် ပညာရှင်တွေက ဒီလူတွေဟာ သူတို့ ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို ကြော်ငြာလုပ်ငန်းရှင်တွေကို အမှုမဲ့အမှတ်မဲ့ လွှဲပေးသလို ဖြစ်နေတယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။
VonVon အမည်ရကုမ္ပဏီကထုတ်ထားတဲ့ ‘Most Used Words’ ဆိုတဲ့ app ဟာ အခုအခါ မြန်မာနိုင်ငံက facebook သုံးစွဲသူတွေကြားထဲမှာလည်း ရေပန်းစားလျက်ရှိပါတယ်။  ဒီ app အသုံးပြုသူတိုင်းဟာ သူတို့ နကန်း တစ်လုံးမှမသိရတဲ့ကုမ္ပဏီတစ်ခုကို သူတို့ ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ပေးဖို့ သဘောတူ ထားရကြောင်း နည်းပညာသုံးစွဲသူအုပ်စု Comparitech ရဲ့ အချက်အလက်ဆန်းစစ်သူတွေက ထောက်ပြ လိုက်ပါတယ်။ဒီ app သုံးဖို့ sign up လုပ်လိုက်တာနဲ့ သင့်ရဲ့ အမည်၊ အသက်၊ ပရိုဖိုင်ပုံ၊ Facebook မိတ်ဆွေတွေနဲ့ တခြား public လုပ်ထားတဲ့အချက်အလက်တွေအပါအ၀င် သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို app က တောင်းဆိုပါတယ်။ ဒီအချက်အလက်တွေကို VonVon ကုမ္ပဏီက ဆာဗာတွေမှာ သိမ်းဆည်းထားနိုင်ပြီး ကြော်ငြာလုပ်ငန်းရှင်တွေထံ ရောင်းစားနိုင်ပါတယ်။
“ VonVon ကုမ္ပဏီတစ်ခုတည်း ကွက်ရွေးပြီး လေ့လာခဲ့တာက သူက အခုအရမ်းပေါက်နေလို့ ပါ။ ဒါပေမယ့် ဒီလို အယောင်ပြ quiz app တွေထဲမှာ ဒီ app တစ်ခုတည်းရှိတယ်လို့ မထင်လိုက်လေနဲ့ ” လို့ Comparitech က
ဆိုပါတယ်။“ ဒီလိုကုမ္ပဏီအများကြီးတွေအတွက် Facebook ကတော့ စားကျက်ပါပဲ။ ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောရရင် Facebook ဟာ သုံးစွဲသူ user တွေကို ဒီအန္တရာယ်တွေနဲ့ ပတ်သတ်ပြီး ကောင်းကောင်း သတိပေး၊ အသိပေး မလုပ်ထားပါဘူး”
Ref: Mirror
Credit : http://www.trend.com.mm/2015/11/25/apps-8187

No comments:

Subscribe

လာလည်သူများ

free counters