




ဗီယက်နမ် အလှမယ် ငုရင်ထရန်ဟုရန်မေသည် ဗီယက်နမ် လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (ယနေ့) ဒီဇင်ဘာ ၁ ရက် ညနေ ၆ နာရီ မိနစ် ၃၀ အချိန်တွင် ရောက်ရှိလာကြောင်း သိရသည်။
၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာရခြင်းမှာ Myanmar Media 7 နှင့် လက်တွဲကာ အနုပညာ လှုပ်ရှားမှုများ
ပြုလုပ်သွားရန် ဖြစ်သည်။
အဆိုပါ ကိစ္စနှင့် ပတ်သတ်၍ Myanmar Media 7 ၏ ဥက္ကဌ ကိုဝေမင်းမောင်က ''ကျွန်တော်တို့ Myanmar Media 7 အနေနဲ့ အနုပညာ တင်ဆက်မှုတွေအပြင် ပရဟိတ လုပ်ငန်းတွေကိုပါ လုပ်ဆောင်နေတာကို သိတဲ့အတွက် မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက ချိတ်ဆက်ပေးခဲ့တာပါ။
သူကိုယ်တိုင်ကလည်း အလှမယ် တစ်ဦးဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ ပရဟိတ လုပ်ငန်းတွေလည်း အတူလုပ်ဆောင်ကြမှာပါ။ Myanmar Media 7 နဲ့ အနုပညာ လှုပ်ရှားမှုတွေလုပ်ဆောင်ဖို့လည်း သဘောတူညီမှုရခဲ့ပြီးပါပြီ။ အကိုတို့ Myanmar Media 7 က 2016 ခုနှစ်အတွင်းမှာ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ သူပါဝင်သရုပ်ဆောင်မှာပါ'' ဟု ဆိုပါသည်။
ငုရင်ထရန်ဟုရန်မေသည် မြန်မာနိုင်ငံတွင် TV ကြော်ငြာ ရိုက်ကူးမှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - ထက်ရှိုင်း / Eleven Media Group
Credit : http://www.lwinpyin.com/2015/12/blog-post_43.html
No comments:
Post a Comment