♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 4, 2015

" ခရီးသွားတွေ လာရောက် လည်ပတ်ကြတဲ့ အိမ်သာ" သြော် ဟလား အံ့သြဇြာကြီး ခ်ခ်ခ်..

ဖိလစ်ပိုင်နိုင်ငံမှာ ရှိတဲ့ အိမ်သာဟာ သန့်ရှင်းမှု ရှိတာကြောင့် အင်တာနက် ပေါ်မှာ ရေပန်းစား နေတယ်လို့ ဆိုထား ပါတယ်။ ဒီအိမ်သာဟာ နာမည်ကျော်  Shell ဓာတ်ဆီ အရောင်းဆိုင်မှာ တည်ရှိပြီး သန့်ရှင်းပြီး အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ထား တာကြောင့် ရောက်ပြီး သူတိုင်း မပြန်ချင် အောင် ဖြစ်သွား ရမယ်လို့ ဆိုထား ပါတယ်။ ဒီ အိမ်သာ အကြောင်း ရိုက်ကူး တင်ဆက် ထားမှုကို You Tube မှာပြသခဲ့ရာ ကြည့်ရှုသူ အရေအတွက် (၄) သန်းကျော်ရှိပြီး Facebook  မှာ likes အရေအတွက် (၃၀၀၀၀) ကျော် ရထား ပါတယ်။ ကနေဒါ နိုင်ငံက ရုပ်သံ တင်ဆက်သူ ဂျက်ဆန်ဟာ  ဒီအိမ်သာ အကြောင်း ရိုက်ကူး တင်ပြရင်း ပြန်တောင် မပြန်ချင် တော့ကြောင်း ဆိုခဲ့ ပါတယ်။ ဘာဟိုးမြို့မှာ တည်ရှိတဲ့ ဒီအိမ်သာဟာ ခရီးသွားတွေ ဆွဲဆောင်ထား တဲ့ နေရာ အဖြစ်လည်း ထင်ရှား ပါတယ်။ ဒီအိမ်သာမှာ စာအုပ်စင်တွေ ထားပေး ထားပြီး နံရံတွေ မှာလည်း ပန်းချီကားတွေ ချိတ်ဆွဲကာ အလှဆင်ထားပါ တယ်။ ဒါ့အပြင် အခြား အိမ်သာတွေမှာ မရှိတဲ့ အရာတွေ ကိုလည်း ပြုလုပ်ပေးထား ပါတယ်။ အိမ်သာတွင်းမှာ ပရိဘောဂတွေနဲ့ အလှဆင် ထားပြီး ဧည့်ခန်းတွေမှာ လိုမျိုး အလှ ဆင်ယင် ထားခြင်း ဖြစ်ပါတယ်။
        ဒီအိမ်သာဟာ အရင်က သာမန်အိမ်သာ ဖြစ်ခဲ့ပေမယ့် ပိုင်ရှင် ဖြစ်သူ အမာရီကြောင့် ပြောင်းလဲ သွားခဲ့တာ ဖြစ်ပါတယ်။ ခရီးဝေး ကနေ လာရောက် တဲ့ဧည့်သည်တွေ အိမ်သာထဲ ၀င်လိုက်တာနဲ့ စိတ်ချမ်းသာမှု ရရှိစေတဲ့
ရည်ရွယ်ချက်နဲ့  ပြုလုပ်ပေး ထားခြင်း ဖြစ်ကြောင်း အမာရီက ဆိုခဲ့ပါတယ်။ အမာရီဟာ ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ ဖိလစ်ပိုင် နိုင်ငံ တစ်ဝန်းမှာ ဒီလို အိမ်သာတွေ အများအပြား ဖွင့်လှစ် သွားမှာ ဖြစ်ပြီး ဒေသ ထွက်ကုန်တွေ ကိုပါ ရောင်းချ သွားဖို့ စီစဉ်ထား ပါတယ်။ အိမ်သာကို အသုံးချပြီး ခရီးသွားတွေကို ဆွဲဆောင် သွားမှာ ဖြစ်တယ်လို့ အမာရီက ဆိုခဲ့ပါတယ်။
အေသင်အောင်

Credit :  http://www.messengernewsjournal.com/General/Eventure/detail.php?id=29443

No comments:

Subscribe

လာလည်သူများ

free counters