♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 29, 2015

" e-စီးကရက် ပေါက်ကွဲပြီး အမျိုးသားတစ်ဦး လည်ပင်းရိုးကျိုးကာ ကြောက်မက်ဖွယ်ဒဏ်ရာတွေ ရရှိ "

 
အီလက်ထရောနစ်စီးကရက်သောက်နေတုန်း မျက်နှာမှာပေါက်ကွဲမှုဖြစ်ကာ အမျိုးသားတစ်ဦးဟာ လည်ပင်းရိုး ကျိုးခြင်းနဲ့ အခြားဆိုးရွားတဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ်၊ Cordero Caples ဆိုသူဟာ အလုပ်နားချိန်မှာ E- စီးကရက်သောက်နေတုန်း စီးကရက်က ထပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ကျောင်းသားဖြစ်သူ Cordero Caples ကို နီးစပ်ရာဆေးရုံဆီ ပို့ ဆောင်ခဲ့ရပြီး အရေးပေါ်နာ့ဗ်ကြောခွဲစိတ်မှုပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။

"ဒီ E-စီးကရက်ကြောင့် လက်ပြတ်ရသူတွေလည်းရှိပါတယ်။ လူတွေဒီလောက်ဆိုးဆိုးရွားရွားခံစားနေရတာ ကျွန်မတို့ လက်မခံနိုင်ပါဘူး” လို့  Cordero Caples ရဲ့ အစ်မဖြစ်သူ Colessia Porter က ပြောပါတယ်။

“ ဒေါင်ဒေါင်မြည်ယောင်္ကျားကြီးတစ်ယောက်က E - စီးကရက်ကြောင့် အကြောသေရတော့မယ့် အခြေအနေ မှာ
ရှိနေတာကို တွေ့ ရတာ စိတ်ထဲယူကျုံးမရဖြစ်မိတယ်” လို့ သူမက ၀မ်းနည်းစွာပြောကြားပါတယ်။

ယခုပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ E- စီးကရက်ကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Kangertech က ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ဒါဟာ ပထမဆုံးအကြိမ် E- စီးကရက်ထပေါက်ကွဲတာမဟုတ်ဘဲ လွန်ခဲ့တဲ့လတုန်းကလည်း လူတစ်ယောက် e- စီးကရက်သောက်နေတုန်း မျက်နှာမှာ ထပေါက်ခဲ့မှုကြောင့် လည်ပင်းရိုးကျိုးခဲ့သလို၊ သြဂတ်စ်လတုန်းကလည်း e-cig ကနေ မီးထတောက်လောင်မှုကြောင့် လူတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။


Credit : ဖိုးသူတော် : http://www.phothutaw.com/2015/11/e.html
Credit:  ThitHtooLwin

No comments:

Subscribe

လာလည်သူများ

free counters