♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 5, 2015

"ခေါင်းပြတ်အရိုးစုတွေပါတဲ့ မြောက်ကိုရီးယား ‘တစ္ဆေသဘောင်္အုပ်’ လှိုင်းပုတ်ပြီး ဂျပန်ကမ်းခြေမှာ တင်နေ"


သဘောင်္ကုန်းပတ်ပေါ်မှာ အစာငတ်သေခဲ့ရတဲ့ မြောက်ကိုရီးယားနိုင်ငံသား အလောင်းတွေပြည့်နေတဲ့ ‘တစ္ဆေသဘောင်္အုပ်စု’ ဟာ ဂျပန်ကမ်းခြေမှာ လှိုင်းပုတ်ကာ တင်လျက်ရှိပါတယ်။
ခနော်နီခနော်နဲ့ ငါးဖမ်းသဘောင်္တစ်ဒါဇင်ကျော်မှာအလောင်းပေါင်းအနည်းဆုံး၂၂ လောင်းပါရှိပြီး အောက်တိုဘာလကတည်းက ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ က တွေ့ ရှိခဲ့တာဖြစ်ပါတယ်။ တစ်ချို့ အလောင်းတွေဟာ ခေါင်းပြတ်နေပြီး ဦးခေါင်းခွံခြောက်ခု
ကိုအလောင်းနဲ့ တခြားစီနေရာမှာ ပြန်တွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရေးနဲ့ ရေးထားတဲ့ဆိုင်းဘုတ် အမှတ်အသားတစ်ခု
အရ ထိုလှေအုပ်စုထဲက တစ်စီးဟာ မြောက်ကိုရီးယား စစ်တပ် တစ်ဖွဲ့ ရဲ့လှေတစ်စီးဖြစ်တယ်လို့ သိရပါတယ်။
ထို့ အပြင်သဘောင်္ပေါ်က စုတ်ဖွာနေတဲ့ အ၀တ်စ တစ်ခုကလည်း ကွန်မြုနစ်နိုင်ငံရဲ့ အလံလို့ ယူဆရဖွယ်ရှိတာကို  ဗီဒီယိုမှတ်
တမ်းမှာ တွေ့ ရပါတယ်။အိုမင်းဟောင်းနွမ်းနေတဲ့စက်တပ်လှေတွေမှာ ရေဒါနဲ့ GPSလမ်းညွှန်စနစ်တို့ ပါဝင်ခြင်းမရှိတာကြောင့်၊
လှိုင်းကြမ်းတဲ့ ပင်လယ်မှာ ပြဿနာကြုံရပြီးနောက် ကမ်းခြေကို မပြန်နိုင်ခဲ့တာ ဖြစ်တယ်လို့ ယူဆရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un က ငါးကြီးကြီးနဲ့ များများ ဖမ်းလာဖို့ ဖိအားပေးပြီးနောက်မှာ ဒီလှေပေါ်က လူတွေဟာ လှိုင်းကြမ်းတဲ့ပင်လယ်ထဲမှာ အစာရေစာငတ်သေဆုံးကာ  ဂျပန်ကမ်းခြေ ကို လှေတွေ မျောပါလာတာဖြစ်ရမယ်လို့ ဂျပန်အာဏာပိုင်တွေက ယုံကြည်ထားကြပါတယ်။ မြောက်ကိုရီးယားအာဏာရှင် Kim Jong-un ဟာ နိုင်ငံခြားဝင်ငွေရှာဖွေဖို့ နည်းလမ်းတစ်ခုအနေနဲ့  ငါးဖမ်းလုပ်ငန်းကို ဦးစားပေး လုပ်ငန်းအဖြစ် များမကြာမီနှစ်တွေက သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ထို့ သို့ သတ်မှတ်ပြီးနောက် သိုသိပ်လှို့ဝှက်တဲ့ ကွန်မြူနစ်နိုင်ငံအတွင်း
အစာငတ်ကပ်ဘေးတွေ ဆက်တိုက်ကျရောက်ခဲ့ပါတယ်။

Ref: Mirror
Credit : http://www.trend.com.mm/2015/12/04/news-8261

No comments:

Subscribe

လာလည်သူများ

free counters