♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 29, 2015

" လင်စိတ်တို မယားနှာခေါင်း လင့်ဗိုက်ထဲရောက်"

တရုတ်နိုင်ငံမှာ ရှိတဲ့ လင်မယားနှစ်ဦး စကားများရာကနေ မထင်မှတ်တာတွေ ဖြစ်သွားခဲ့ပြီး ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူ နှာခေါင်းကို ကိုက်ပြီး အသားစတွေကို မျိုချလိုက်ကြောင်း သိရပါတယ်။ ဒီဖြစ်ရပ်ဟာ ရှန်ဒေါင်ဒေသမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ခင်ပွန်းဖြစ်သူက ဖုန်းဆက်တာကို ဇနီးဖြစ်သူက မကိုင်ခဲ့တာကြောင့် စကားများကနေ အခုလို ဖြစ်သွား ခဲ့တာပါ။ ဒီလင်မယားဟာ အရင်ကလည်း မကြာခဏ ပြဿနာ ဖြစ်ပွားတတ်တယ်လို့ အိမ်နီးချင်းတွေက ပြောကြားခဲ့ပြီး အတူ နေထိုင်ခြင်းလည်း မရှိကြောင်း သိရပါတယ်။ စက်တင်ဘာ (၆) ရက်နေ့မှာ ဇနီးဖြစ်သူဟာ ညဆိုင်း အလုပ်ဆင်းပြီးနောက် နံနက်ပိုင်းမှာ ပင်ပန်းပြီး အိပ်စက် နေခဲ့ပါတယ်။ ဒီအချိန်မှာ ခင်ပွန်း ဖြစ်သူက ဖုန်းဆက် ခဲ့ပါတယ်။ ဒါပေမဲ့ ဇနီးဖြစ်သူဟာ ပင်ပန်းလွန်းတာကြောင့် ဖုန်းကို ကိုင်ခဲ့ခြင်း မရှိပါဘူး။ နောက်တစ်နေ့မှာ ခင်ပွန်းဖြစ်သူဟာ ဒေါသတကြီး ရောက်လာပြီး ရန်ဖြစ်ခဲ့ပါတယ်။ ခင်ပွန်း ဖြစ်သူက ဇနီးဖြစ်သူကို လည်ပင်းညစ်ပြီး နှာခေါင်းကို ကိုက်ဖြတ်ပြီး မျိုချခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဇနီးဖြစ်သူကို ဆေးရုံမှာ ကုသမူ ပေးနေရကြောင်း သိရပါတယ်။ ခင်ပွန်းဖြစ်သူကို ရဲစခန်းမှာ ထိန်းသိမ်းထားပြီး စုံစမ်းမှုတွေ လုပ်နေကြောင်း သိရပါတယ်။ တရုတ်နိုင်ငံမှာ ဒီလို အဖြစ်မျိုးဟာ ပထမဆုံး မဟုတ်ဘဲ ၂၀၁၃ တုန်းကလည်း အမျိုးသားတစ်ဦးဟာ
အမျိုးသမီးတစ်ဦး နှာခေါင်းကို ကိုက်ခဲ့တာကြောင့် နှာခေါင်းကို အစားထိုး ကုသမှု ပြုလုပ်တဲ့ အနေနဲ့ နံရိုးက အသားစတွေကို ယူပြီး ကုသမှု ပေးခဲ့ဖူးကြောင်း သိရပါတယ်။
 


Credit : http://newmyanmarpyi.blogspot.co.uk/2015/09/blog-post_332.html

No comments:

Subscribe

လာလည်သူများ

free counters