♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 3, 2015

"တကယ့်ယောက်ျားသားတို့ရဲ့ အမူအကျင့်သွင်ပြင် ၁ဝ ချက်"

အိမ်တစ်အိမ်ကိုဆောက်တော့မယ်ဆိုရင်အုတ်မြစ်ကောင်းဖို့လိုပါတယ်။တကယ့်ယောက်ျား ကောင်းတစ်ယောက်ဖြစ်
ဖို့ဆိုတာကလည်း အဲဒီလို ဖြစ်စေမယ့် အမူအကျင့်သွင်ပြင်တွေ ပိုင်ထားပါမှ ဖြစ် ပါလိမ့်မယ်။ ယောက်ျားကောင်းစစ်စစ်ဆိုတာ ဘာရယ်လို့ သတ်မှတ်ချက်တွေကတော့ တစ် ယောက်နဲ့တစ်ယောက် ကွဲပြားနိုင်ပါတယ်။ ယခု ဖော်ပြမှာကတော့ ယောက်ျားလေးတွေအတွက် ပင်တိုင် အကြံပြုဆောင်းပါးများကို ရေးသားပေးနေ တဲ့ နိုင်ငံခြားစာရေးဆရာတစ်ယောက်ရဲ့ ”တကယ့် ယောက်ျားသားတို့ရဲ့ အမူအကျင့်သွင်ပြင် ၁ဝချက်” ဖြစ်ပါတယ်။

3
နံပါတ် ၁ ။        ။ ကြံ့ခိုင်တဲ့လူ
တကယ့် ယောက်ျားစစ်စစ်ဆိုတာ ငိုတာ၊ ဆွေး မြေ့ကြေကွဲခံစားနေတာ၊ ပြဿနာရှာတတ်တာ မလုပ်သလို အလွယ်တကူလည်း နေမကောင်းမဖြစ် တတ်ပါဘူး။ နှာချေတာလောက်နဲ့ ဆရာဝန်ဆီ သွား ပြနေမယ့်လူမျိုး မဟုတ်ပါဘူး။ မိမိဘာသာဆုံးဖြတ် ချက်ချနိုင်ပြီးတော့ ဖြစ်လာတဲ့အကျိုးဆက်ကိုလည်း လက်ခံနိုင်စွမ်းရှိတယ်။ သူပြောတဲ့စကားနဲ့အမူအ ကျင့်အပေါ် တာဝန်ယူစိတ်ရှိတယ်။ အလွယ်တကူ မယိမ်းယိုင်တတ်ဘူး။ ခေါင်းမာတယ်။ ခံစားမှုကိုအ လွယ်တကူ မဖော်ကျူးဘူး။ ယောက်ျားကောင်းတစ် ယောက်ဟာ သူ့မိသားစုရဲ့ကျောထောက်နောက်ခံ ဖြစ်တယ်။ ပင့်ကူမြင် တာလောက်နဲ့ ကြောက်တတ် နေရင်တော့ သင်က ဘယ်တော့မှ ယောက်ျားစစ်စစ် ဖြစ်လာမှာမဟုတ်ဘူး။

နံပါတ် ၂ ။        ။ စူးစိုက်မှုရှိတဲ့လူ
စစ်မှန်တဲ့ယောက်ျားဆိုတာ အရေးကြီးတာနဲ့ မကြီးတာကိုခွဲခြားသိတဲ့သူ၊ ကိုယ့်အတွက်အကျိုးအ မြတ်မရှိတာတွေနဲ့ အချိန်မဖြုန်းတတ်တဲ့သူမျိုးပါ။ ဝါသနာအရ ငှက်ပစ်မယ်ဆိုရင်တောင်မှ ပစ်မှတ် ကို အာရုံစိုက်နိုင်စွမ်းမြင့်မားမှုနဲ့အတူ သူရည်ရွယ်တာ တွေဆီလည်းရောက်အောင် ကြိုးစားတဲ့သူမျိုးပါ။ ယောက်ျားစစ်စစ်တွေဟာ အာဏာ၊ ငွေကြေးနဲ့ မိသားစုတွေကို အာရုံစိုက်ကြပါတယ်။ လိင် ဆိုတာ ပေါ်မှာ အာရုံမစိုက်ပါဘူး။ လိင်ဆိုတာ အာဏာ၊ ငွေကြေး၊ မိသားစုဆိုတဲ့သုံးချက်ကို ချိန်ညှိပြီးမှရ လာတဲ့ရလဒ်တစ်ခုအဖြစ် လက်ခံတာပါ။ ဒါကို သင့် မိန်းကလေးက နားမလည်နိုင်ရင်တောင် မှ ကျန်တာ တွေပိုင်လာတဲ့ သင့်မှာရွေးချယ်စရာ မိန်းမသားတွေ တစ်ပုံကြီးပါ။

နံပါတ် ၃ ။         ။ စစ်မှန်တဲ့  ယောက်ျားတွေ ဟာ မိသားစုရဲ့အရေးပါမှုကိုသိတယ်။
ယောက်ျား စစ်စစ်တို့ဟာ သူ့ဘိုးဘေးတွေရဲ့ ရာဇဝင်၊ အစဉ် အလာပေါ်မူတည်ပြီး သူ့မိသားစုကို ခိုင်မာအောင်  တည်ဆောက်ဖို့ကြိုးစားပါတယ်။ ရင်သွေးဆိုတာကို ဘုရားပေးတဲ့လက်ဆောင် မွန်လို့ သဘောထားပြီး စည်းကမ်းတင်းကျပ်စွာနဲ့ ဆက်ဆံစောင့်ရှောက်ပါ တယ်။ သင်လိုတဲ့အခါ ပြန်သွားလို့ရတာ မိသားစုဆို တာ အသိုက်မြုံလေးလို့ သိတဲ့သူပါ။

နံပါတ် ၄ ။        ။ အတင်းအဖျင်းမပြောဘူး။
ယောက်ျားစစ်စစ်တွေဟာ အတင်းအဖျင်းတွေ ပြောပြီး အချိန်မကုန်တတ်ပါဘူး။ သူရတဲ့သတင်း တွေကို သူ့ဘာသာချင့်ချိန်စစ်ထုတ်ပြီးမှ ပြောလေ့ရှိ တယ်။ သူမသိတဲ့လူတွေ သူမသိတဲ့အကြောင်း အရာ တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံလေ့မရှိဘူး။

နံပါတ် ၅ ။        ။ ယောက်ျားစစ်စစ်တို့စကား ဆိုတာ သူ့ရဲ့ ကတိစာချုပ်
ယောက်ျားစစ်စစ်ဆိုတာ ကတိတည်ကြပါ တယ်။ မတည်နိုင်တဲ့ကတိကိုလည်း ပေးရိုးထုံးစံမရှိ ပါဘူး။ သူ့စကားကို သူဖောက်မိရင် သူ့ဘာသာအ ပြစ်ပေးတတ်ပါတယ်။ သူ့အပြုအမူနဲ့အတူ စကား လုံးတွေဟာ အရေးကြီးတယ်လို့ စစ်မှန်တဲ့ယောက်ျား တွေဟာသိနားလည်ကြပါတယ်။

နံပါတ် ၆ ။        ။ ယောက်ျားစစ်စစ်ဆိုတာ စံပြဖြစ်ချင်တယ်။
ယောက်ျားစစ်စစ်ဆိုတာ သူ့ကိုယ်သူရော တခြားသူတွေကိုပါ အမြဲတမ်းလေးစားမှုရှိတယ်။ (တကယ်လို့သူဟာ မလေးမစားပြုခံရသူမဟုတ်ဘူး ဆိုရင်ပေါ့)။ သူ့ရဲ့စည်းကမ်းတွေဟာ  သူ့လူတွေ သူ့ ကလေးတွေအတွက် နမူနာယူစရာအဖြစ်ထားတတ် သူပါ။အားနည်းချက်ကိုပြင်ဖို့၊ အားသာချက်ကို အတုခိုးဖို့တွေအတွက် သူဟာ သူတို့ရဲ့ နမူနာအဖြစ် ပြရင်း သွန်သင်တတ်သူပေါ့။

နံပါတ် ၇ ။        ။ စစ်မှန်တဲ့ယောက်ျားသား ဟာ သူ့ကံကြမ္မာကို သူကိုယ်တိုင်ဖန်တီးတယ်။
ကံကောင်းဖို့ဆိုတာ လှူဒါန်းပေးကမ်းစွန့်ကြဲ နေရုံလောက်နဲ့ မဖြေရှင်းနိုင်ဘူးလို့ ယုံကြည်သူဖြစ်ပါ တယ်။ မိဘရဲ့ ငွေအင်အားနဲ့ တင်းတိမ်မနေတတ်ဘဲ သူ့ကံကြမ္မာ သူ့ကမ္ဘာကိုလည်း ကိုယ်တိုင် ဆုံးဖြတ် လျှောက်လှမ်းကြပါတယ်။ ပြီးတော့ အဲဒီလိုစစ်မှန်တဲ့ယောက်ျားသားတွေဟာ အမွေတွေရရင်တောင်မှ သူတို့ မိဘဘိုးဘေးတွေပေးခဲ့တာထက် ၁ဝ ဆမက ဆပွားတိုးအောင် ကြိုးစား လုပ်ဆောင်နိုင်စွမ်းလည်း ရှိပါတယ်။

နံပါတ် ၈ ။        ။ ယောက်ျားစစ်စစ်တို့ဟာ မိန်းမဆန်တဲ့ အသွင်မပေါ်နေပါဘူး။
ယောက်ျားစင်စစ်တွေဟာ အလှအပနဲ့ ဖက်ရှင်နောက်လိုက်ရင်တောင်မှ မိန်းမဆန်တဲ့ပုံကို မရွေးချယ်တတ်ပါဘူး။ နောက်ပြီး သူ့ရဲ့အသွင်အ ပြင်၊ အနံ့အသက်တွေကို မိန်းမသားတွေက ဂရု စိုက် မယ်ဆိုတာကိုလည်း ကောင်းကောင်းသိနား လည်တဲ့သူပါ။ခန်းလုံးပြည့်အဝတ်တွေရှိတာမျိုး ထက်ရှိသလောက်က သူနဲ့အဆင်ပြေလိုက်ဖက်တာ လေးတွေ ပိုင်ဆိုင်ထားသူဖြစ်ပြီးတော့ တစ်ပတ် အတွင်းမှာ တူညီတဲ့ ဝတ်စုံတစ်ခုကို  ၁ ခါမက ပြန်ဝတ်တတ်ကြပါတယ်။ (အလုပ်သဘောအရ မင်းသားများကလွဲလို့ပေါ့)။နက်ခ်တိုင်မစီးတတ်ဘူး ဆိုရင်တော့ လိုရင်စည်းနိုင်ဖို့ ချက်ချင်းသင်ထားဖို့ လိုတာပေါ့။

နံပါတ် ၉။        ။ ယောက်ျားစစ်စစ်ဆိုတာ သူ့အိမ်ကို အစီအစဉ်တကျထားတတ်တယ်။
ယောက်ျားစစ်စစ်တွေဟာ သူကိုယ်တိုင်ရော သူ့မိသားစုကိုပါ အိမ်ကို အစီအ စဉ်တကျ ရှင်းလင်းစွာထားရှိစေပါတယ်။ မုန့်ဗူးတွေ ထိုင်ခုံနား၊ အိပ်ရာနားတွေ ပွစာကြဲနေတာမျိုးကို မကြိုက်သလို ကြမ်းပြင်ပေါ်အဝတ်တွေပွစာကြဲနေ တာမျိုးလည်း မကြိုက်တဲ့သူပါ။ အရက်အကြွေး၊ ဘီယာအကြွေး၊ လက်ဖက်ရည်ဖိုးအကြွေး၊ လောင်းကစားအကြွေး တွေဝိုင်းနေတဲ့သူမျိုးမဟုတ်သလို ဘယ်သြ ဇာရှင် ကမှ သူ့မိသားစု၊ သူ့လုပ်ပိုင်ခွင့်ရှိတဲ့ အလုပ်ခွင်ထဲမှာ လွှမ်းမိုးတာမျိုးမကြိုက်ပါဘူး။ ဆတ်ဆတ်ထိမခံတာ မျိုးမဟုတ်ဘဲ ကိုယ့်အာဏာကို သူများလက်မပါ  အောင်လုပ်တာမျိုးမှာ ရဲရင့်တည် ကြည်မှုနဲ့အတူ ပါးနပ်လိမ္မာမှုနဲ့ ချင့်ချိန်မှုတို့ပါ ပိုင်ဆိုင်ထားတဲ့  လူမျိုးပါ။

နံပါတ် ၁ဝ ။    ။ ယောက်ျားစစ်စစ်ဆိုတာ မိမိကိုယ်ကို ကာကွယ်နိုင်တယ်
ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်တွေဆိုရင် တောင်မှ သူတို့ထိပ်တန်းရောက်ဖို့ တိုက်ယူလာကြ ရတာပါ။ ဘယ်အချိန်မှာ ကိုယ်အလစ်ငိုက်ဖမ်းပြီး တိုက်ခိုက်ခံရမလဲဆိုတာမျိုးကို ကြိုတွက်ဆ တတ်၊   ရှောင်တတ်၊ ကာကွယ်တတ်အောင်အရင်ကြိုးစားမှ အမြင့်ကို တက်မယ့်လှေကားရင်းကို သင်ရောက်မှာ ပါ။ လုပ်ငန်းခွင်မှာဆိုရင် သင့်အလုပ်ကိုပိုင်နိုင်ကျွမ်း ကျင်ထား၊ ကိုယ့်ဘက်က ဟာကွက် မရှိအောင်ပြင် ထား၊ ကာထားမှ မထင်မှတ်တဲ့တိုက်ခိုက်မှုတွေပေါ် လာရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်မှာပါ။ အပြည့် အဝမဟုတ်ဦးတော့ တတ်နိုင်သမျှ ကျရှုံးမှုတွေ တိုက်ခိုက်ခံရမှုတွေ နည်းအောင် ထက်မြတ်တဲ့ ယောက်ျားစစ်စစ်တွေက လုပ်ဆောင်နိုင်ပါတယ်။
4
 ဒီအချက်တွေက သင်နဲ့ ကိုက်ညီရဲ့လား။ အ တော်လေးကို ကွဲလွဲနေပါသလား။ သတ်မှတ်ချက်ဆို တာ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ကြပေမယ့် ဒီ ၁ဝ ချက်နဲ့ပြည့်စုံရင် သင့်အတွက် တကယ့်ေ ယာက်ျား ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာကတော့ ရာခိုင်နှုန်းအတော့်ကို သေချာသွားနိုင်လို့ ကြိုးစားပြီး  လုပ် ဆောင်ကြည့်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။
ပီယာရီ

2 

No comments:

Subscribe

လာလည်သူများ

free counters