♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 29, 2014

မြန်မာနိုင်ငံအတွင်း မှတ်ပုံတင်ထားခြင်းမရှိဘဲရောက်ရှိနေသော ဆေးဝါးများ

ရန်ကုန် ၊ ၂၉-၉-၂၀၁၄


မြန်မာနိုင်ငံ အိမ်သုံးဆေးဝါး ဈေးကွက်အတွင်း မှတ်ပုံတင် ထားခြင်း မရှိဘဲ ရောက်ရှိ နေသည့် ထိုင်းနိုင်ငံထုတ် ဆေးနှစ်မျိုး၊ အိန္ဒိယနိုင်ငံထုတ် ဆေးနှစ်မျိုးနှင့် ထုတ်လုပ်သည့် နိုင်ငံ ဖော်ပြထားခြင်း မရှိသည့် ဆေးတစ်မျိုး ပေါင်းဆေးငါးမျိုး ကို သုံးစွဲခြင်း မပြုရန် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာ ထားကြောင်း သိရသည်။

တရားမဝင် လမ်းကြောင်းမှ တစ်ဆင့် ပြည်တွင်း ဈေးကွက်အတွင်း ဝင်ရောက်လာပြီး သုံးစွဲခြင်း မပြုသင့် ကြောင်း ထုတ်ပြန် ထားသည့် ဆေးငါးမျိုးမှာ Acdhol Co., Ltd မှ ထုတ်လုပ်သော ငှက်ဖျားဆေး Chloroquine Tablet Chloroquine Phospeate 250 mg ( ထိုင်းနိုင်ငံ ) ၊ Asia Union Laboratories Co., Ltd မှ ထုတ်လုပ်သည့် Dexamethasone 0.5 mg Tablet အရောင်ကျဆေး (ထိုင်းနိုင်ငံ) ၊ Lin Fen Bao Zhu Pharmaceutical Co., Ltd မှ ထုတ်လုပ်သည့် နိုင်ငံ ဖော်ပြ ထားခြင်း မရှိသော Nifedipine 10 mg Tablet သွေးတိုးကျဆေး ( အိန္ဒိယ နိုင်ငံ ) ၊ Maxtar Bio- Genics မှ ထုတ်လုပ်သည့် Chloramphenicol IP 250 mg Capsule ( အိန္ဒိယနိုင်ငံ ) နှင့် Aventis Pharma, Ltd မှ ထုတ်လုပ်သည့် Lasix Tablet ( Frusemide IP 40 mg ) ဆီးဆေး တို့ ဖြစ်သည်။


စိစစ် တွေ့ရှိချက်တွေ အရ တရားမဝင် ဆေးတွေ ဖြစ်လို့ ပြည်သူတွေ အနေနဲ့ သုံးစွဲခြင်း မပြုကြဖို့နဲ့ မှတ်ပုံတင် ထားတဲ့ ဆေးဝါးတွေ ကိုလည်း ဆရာဝန် ညွှန်ကြားချက် မပါဘဲ ဝယ်ယူ သုံးစွဲခြင်း မပြုကြဖို့ ကျန်းမာရေး ဝန်ကြီးဌာန က ကြေညာခြင်း ဖြစ်ပါတယ်။ ပြည်သူ့ ကျန်းမာရေး အတွက် စောင့်ရှောက်မှု လုပ်ဆောင် ပေးသူတွေ အနေနဲ့လည်း သုံးစွဲနေတဲ့ ဆေးဝါးမှာ သံသယ ဖြစ်ဖွယ် တွေ့ရှိရင် သတင်းပေး အကြောင်းကြားဖို့ ကိုပါ ကြေညာ ထားတာပါ။ မလိုအပ်တဲ့ ဆေးဝါး သုံးစွဲမိရာက ပြည်သူတွေ ထိခိုက်နစ်နာမှု မရှိအောင် ကြေညာခြင်း ဖြစ်ပါတယ် ... '' ဟု ဆရာဝန်တစ်ဦး က ပြောကြားသည်။

ယောသူလေး
#Themyawadydaily
http://myawady-myawady.blogspot.com/2014/09/blog-post_595.html

ရောသမမောင်စိုးကိုဆက်သွယ်မယ်ဆိုရင်တော့mgsoemin1995@gmail.com phone 09250370904 ဖြစ်ပါတယ်ဗျာ

No comments:

Subscribe

လာလည်သူများ

free counters