နွားတစ်ကောင်
နေမကောင်းဖြစ်နေသည်။ လယ်ထဲခေါ်လို့လည်း မရ။ လှည်းလည်း မဆွဲချင်၊ ကျောပေါ်ကို
တစ်ခုခု တင်ရုံမပြောနှင့် ၀ပ်နေရာမှ မထချေ။ နွားရှင်မှ ပထမတော့
ရိုက်နှက်မိသေးသည်။ အတွင်း ဒဏ်များ ရှိလေမလားထင်ပြီး တိရိစ္ဆာန်ကု
ဆရာဝန်ဖြင့်ပြသေးသည်။
၁၅ ရက်ခန့် ဆေးကုလို့ မပျောက်နိုင်၍ ပ ယော ဂ စစ်ဆေးသောဆရာကို နွားရှင်က လာပင့်လေသည်။ ဆရာမှာ ထိုနွား ကို ကိုင်ကြည့်ရာ နွားတွင် ကမ္မစိဒ္ဓိသဘော ကပ်ငြိနေကြောင်း သိလေသည်။
၁၅ ရက်ခန့် ဆေးကုလို့ မပျောက်နိုင်၍ ပ ယော ဂ စစ်ဆေးသောဆရာကို နွားရှင်က လာပင့်လေသည်။ ဆရာမှာ ထိုနွား ကို ကိုင်ကြည့်ရာ နွားတွင် ကမ္မစိဒ္ဓိသဘော ကပ်ငြိနေကြောင်း သိလေသည်။
သို့ရာတွင်
ဆရာ စဉ်းစားသည် က အမှီ ခံရသူက နွားဖြစ်နေ၍ မည်သို့ လူတွေ မြင်သာအောင်
ပူးကပ်ခိုင်း၍ သင့်မည်နည်း။ စကားပြော ခိုင်းလျှင်လည်း ဘွတ်အဲ ပဲ အသံထွက်သ
ည့်နွားက လူနား လည်သည့် စကားပြောနိုင်ရန် အသံအိုး ပြောင်းနိုင်ပါမည်လား
....
သူစစ်ဆေးခဲ့
သမျှ သက်တမ်း တစ်လျှောက် တွင်တော့ လူစကားပြောနိုင်သော နွား ဟူ၍
မရှိခဲ့ပါပေ။ သို့သော် ယခုနွား သည် တကယ် ကို အပမှီနေချေပြီ။ ဆရာသည် နွားကို
ကိုင်လျက် အာရုံခံလိုက်လေသည်။ ထိုစဉ် သရဲ တစ်ကောင် ရောက်လာသည်ကို
သိလိုက်လေသည်။ ထိုနွားသည် အငြိမ်မနေ သရဲ ပူးနေသောကြောင့် တည်း။
နွားဖြစ်နေ၍
လူများလို ကြမ်းပြင်မှာ တင်ပလင်လည်း ခွေခိုင်းလို့မရ။
ဒူးပေါ်လက်တင်ခိုင်းလို့လည်း မဖြစ်။ သို့သော် ဆရာ့အတွက်
လုပ်ရန်နည်းလမ်းတစ်ခု ရှိလေသည်။ မိမိအစွမ်းကြောင့် ရောက်လာသော သရဲသည်
ထိုနွားကို တစ်ခုခု ဖြစ်စေခဲ့သည်မှာ သေချာသည်။
သရဲမှ လာရောက်ပူးကပ်နေသော်လည်း နွားမှ လူစကားမပြောနိုင်သောကြောင့် စိတ်ဖြင့်သာ မေးရလေ သည်။
" ဟေ့ မင်း သရဲ .. မလား၊ မင်းဘယ်မှာနေတာတုန်း "
" ကျုပ် ဟို မယ်ဇယ်ပင်မှာနေပါတယ်။ ကျုပ်ကို ဘာလို့ ခေါ်ရတာလဲ "
" မင်းကို ငါမခေါ်ရသေးပါဘူးကွာ၊ မင်းဖာသာ လာပူးတာလေ၊ ကဲ မင်း ဒီနွားကို ဘာလို့လုပ်တာလဲ "
"
ဗျာ !!! ကျုပ် ဘာလုပ်လို့လဲဗျ၊ ဘာမှ မလုပ်ပါဘူး၊ အခုတောင် ကျုပ် အပင်ပေါ်မှာ
ထိုင်နေတုန်းရှိသေးတယ်၊ ဘယ်သူလဲတော့ မသိဘူး ကျုပ်ကို တွန်းချပြီး အဲဒီက
ခေါ်နေတယ်ဆိုလို့ လာရတာ၊ ဒီရောက်တော့ အခု နွားကိုယ်ထဲကို
ဘယ်လိုရောက်သွားမှန်းကို မသိဘူးဗျ "
" မင်းလိမ်နေတာလား၊ မင်း ဒီနွားကို တကယ်ဘာမှ မလုပ်ဘူးလား "
" မလိမ်ပေါင်ဗျာ တကယ်ပြောတာပါ " " ဒါနဲ့ မင်း လူ့ဘ၀တုန်းက ဘာအလုပ်လုပ်သလဲကွ "
"
ကျုပ်က နွားကျောင်းသားပါ။ ခုနေနေတဲ့ မယ်ဇယ်ပင်ဆိုတာ ကျုပ်လူ့ဘ၀တုန်းက
နွားကျောင်းရင်း တက်ဆော့နေကျ၊ အဲလို တက်ဆော့လို့လည်း ကျုပ် အပင်ပေါ်က
ပြုတ်ကျပြီး သေရတာ၊ အဲမှာ သရဲဖြစ်တာပဲထင်တယ် "
" အဲ
အဲ .. တစ်ခုတော့ ရှိတယ်ဗျ၊ ကျုပ်က နွားကျောင်းသားဆိုတော့ နွားမြင်ရင်
မနေနိုင်ဘူး၊ စီးချင်တဲ့ ၀ါသနာကရှိတာကိုး။ ကျုပ် လွန်ခဲ့တဲ့
လဆန်းပိုင်းတုန်းက ဒီနွားလားတော့ မသိဘူး ... နွားတစ်ကောင်ပေါ်ကို
စီးချင်တာနဲ့ ခုန်ချခဲ့ဖူးတယ် ၊ ဒီလိုခုန်ချတာနဲ့ ဒီနွား ဘာမှ
မဖြစ်နိုင်ပါဘူးဗျာ၊ ကျုပ်ကို မစွပ်စွဲပါနဲ့ " " မစွပ်စွဲပါဘူး၊ ဒါပေမယ့်
... "
"
မဟုတ်ပါဘူးဗျာ၊ ကျုပ်ခုန်ချပြီး သူ့ကျောပေါ်ရောက်သွားတော့လည်း နွားက
သွားလျက်ပဲကို၊ ကျုပ်က နွားတွေကို ချစ်တယ်ဗျ အဲလို လုပ်ပါ့မလား "
"
အေး ... မင်းက နွားကို ရန်ပြုလိုတဲ့စိတ်မဟုတ်ပဲ နွားစီးချင်တာကြောင့်
ခုန်ချတာ၊ ဒါပေမယ့် မင်းခုန်ချတဲ့အချိန်မှာ အမြင့်ကလည်းဖြစ်တယ်၊
မင်းစိတ်ကလည်း နွားရဲ့ ကျောပြင်ကို စိတ်စူးစိုက်အား များခဲ့တယ်မလား ...
သေချာစဉ်းစားကွာ " " ဒါတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ကျုပ်လုပ်တာမဟုတ်ဘူး "
"
အေးပါ .. မင်းစိတ်ကတော့ ဘေးဖြစ်စေလိုလို့ မဟုတ်ပေမယ့်၊ မင်းမှာရှိတဲ့အစွမ်း
တစ်ခုခုကြောင့် နွား ကို ဘေးဖြစ်စေခဲ့တာတော့ မင်းမငြင်းနဲ့၊ အခု မင်းငါ့ဆီ
အလိုလိုရောက်လာရတာကိုပဲကြည့်၊ မင်းက ထိခိုက်စေလိုတာ မဟုတ်ပေမယ့်
မင်းခုန်ချလို့ ဖြစ်တာကြောင့် မင်း ပ ယော ဂ မကင်းလို့ မင်းလာပူးရတာ
မဟုတ်လား "
" ဟုတ်လား ... ဒါဖြင့်လည်း ကျုပ် နောက်ဆို နွားစီးလို့မရတော့ဘူးလား "
"
စီးချင်ရင်တော့ ဖြေးဖြေးတက်စီးပါကွာ၊ အမြင့်ကနေ ခုန်ချတာမျိုးဆို ၊
သူတို့မှာ ထိတာ ခု မင်းကိုယ်တွေ့ပဲ ၊ အဲ မင်း စိတ်ကြိုက်စီးလို့
ဝသွားရင်တော့ နွားမှာ မင်းကိုယ်ငွေ့ ကမ္မစိဒ္ဓိမကျန်အောင်တော့ မထိပဲနဲ့
သပ်ချပေးခဲ့ကွ ၊ ဒါမှ မင်းချစ်တဲ့နွားတွေ ဘေးကင်းမှာ " " သြော် ဟုတ် ဟုတ်
တော်သေးတာပေါ့ဗျာ၊ ကျုပ်က နွား မစီးရတော့ဘူးလားလို့ "
" ကဲ
ကဲ မင်း ပြန်ထွက်တော့ မသွားသေးခင်တော့ မင်း ဒီနွားကို မင်းတတ်နိုင်သလောက်
ကျောပြင်ကို လက်နဲ့ မထိပဲ သပ်ချပေးကွာ၊ ထွက်တော့၊ ကျန်တာ ငါဆက်ကုလိုက်မယ်
ဟုတ်လား "
" ဟုတ် ဟုတ်၊ သပ်ချပေးမယ်၊ ထိလို့ရော ထိပြီးသပ်ချလို့ရော မရဘူးလား၊ "
"
သြော် ထိပြီး သပ်ချရင် မရတာတော့ မဟုတ်ဘူးပေါ့၊ ဒါပေမယ့် မင်းသပ်ချမယ့်
မင်းလက်မှာ မင်းကိုယ်ငွေ့ ပါတယ်လေကွာ။ အဓိကက ကွာ၊ မင်းကြောင့် ဖြစ်တဲ့
ရောဂါကို မင်းက တကယ်ကို ပျောက်စေချင်စိတ်နဲ့ စိတ်စူးစိုက်ပြီး သပ်ချရမှာကွ "
" ဟုတ် ဟုတ် နားလည်ပြီ ကျုပ်သွားလို့ရပြီလား " " အေးအေး ထွက်တော့
သပ်ချပြီးရင် သွားလို့ရပြီ "
သို့ဖြင့်
ဆရာသည် ထိုနွားတွင် ပူးကပ်နေသော သရဲအား စိတ်မနောဖြင့်
စကားပြောဆိုပြီးနောက် သူကိုယ်တိုင် ကုသလိုက်ရာ မူလက နွားမှာ မထနိုင်ပဲ
ဝပ်ဆင်းနေရာမှ ထ၍ ရပ်နိုင်လေသည်။ သို့ဖြင့် တစ်ရက်ကို ၁ကြိမ် နှစ်ရက်ဆက်၍
ကုသလိုက်ရာ နွားမှာ လုပ်ငန်းခွင်သို့ ၀င်နိုင်သော အနေအထား သို့
ရောက်ရှိသွားလေတော့သည်။
စာကြွင်း
.... ထိုဆရာသည် နောက်ပိုင်းကုသသည့် နှစ်ကြိမ်မှာလည်း အဆိုပါသရဲကို ခေါ်၍
စိတ်ဖြင့် သပ်ချခိုင်းခဲ့လေသည်။ သရဲမှာလည်း ထိုနွား ဤသို့ဖြစ်ရခြင်းမှာ သူ့
ပ ယော ဂ မကင်းဟု လုံးဝ ယုံကြည်၍ ဆရာမှ နွားကိုကုတိုင်း ဘေးနားမှာ
လာရောက်ကူညီ ကုသပေးခဲ့သည်ကို ဆရာမှ တပါး အခြားသူ မမြင် မသိခဲ့ပါချေ။
ဤကား ပ ယော ဂကို ပြုသူက မသိပဲ မရည်ရွယ်ပဲ ဖြစ်သွားသည့် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။
Post by GLZ
From...Facebook
No comments:
Post a Comment