
Charlene Earle (83)
လင်နဲ့မယား ဆိုတာ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက် ဆိုသလို ဘယ်အသက်အရွယ်ပဲ
ရောက်ရောက် အဆင်မပြေမှု ရှိတယ် ဆိုတာ ဒီဖြစ်ရပ်က သက်သေ ပြသသွား ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ အသက်(၈၀)ကျော် လင်မယား နှစ်ဦး ရန်ဖြစ်မှုကြောင့်
ဇနီးဖြစ်သူကို ရဲတပ်ဖွဲ့ က ဖမ်းဆီး လိုက်ခြင်းကြောင့် ဖြစ်ပါတယ်။အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်မှာ နေထိုင်တဲ့ အသက် (၈၃) နှစ်အရွယ် အဘွားအိုဟာ အသက် (၈၇)နှစ် အရွယ် ခင်ပွန်း ဖြစ်သူနဲ့ စကားများခဲ့ ပါတယ်။ ဇနီးဖြစ်သူ Charlene Earle ချာလင်း အားလ် ပာာ ခင်ပွန်းဖြစ်သူ Charles Earle ချာလီ အားလ် ကို ရိုက်ပုတ်မှုတွေ ပြုလုပ်ခဲ့ ပါတယ်။ ဒီနောက် ချာလီ အားလ်ပာာ ဒဏ်ရာရ သွားတဲ့ ခင်ပွန်းဖြစ်သူ ချာလီ ကို ခေါ်ယူပြီး ကိုယ်တိုင် ကားမောင်းကာ ဆေးရုံကို ပို့ဆောင်ခဲ့ ပါတယ်။ ဒါပေမဲ့ တာဝန်ကျ သူနာပြု ဆရာမရဲ့ သတင်းပေးမှုကြောင့် ချာလီအာလ်ကို မေးမြန်းမှုတွေ ပြုလုပ်ဖို့ ရဲစခန်းကို ခေါ်ဆောင်ခဲ့ ပါတယ်။ အသက်ကြီး နေပြီ ဖြစ်တဲ့ ဇနီးမောင်နှံ ရန်ပွဲကို ရဲတပ်ဖွဲ့ က ဖျန်ဖြေရာမှာ အခက်တွေ့ခဲ့ရ ပါတယ်။ ခင်ပွန်း ဖြစ်သူက နှစ်ဦး သဘောတူပြီး ရန်ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ်။ နှစ်ယေက်စလုံး ပွန်းပဲ့ဒဏ်ရာတွေရခဲ့ကြပါတယ်။ ခင်ပွန်းဖြစ်သူ ဒဏ်ရာရ သွားခဲ့တာကြောင့် ရဲတပ်ဖွဲ့ ဟာ ဇနီးဖြစ်သူကို စွဲချက်တင်
ခဲ့ခြင်း ဖြစ်ပါတယ်။ ဇနီး ဖြစ်သူ ကုတ်ခြစ်မှုကြောင့် ခင်ပွန်း ဖြစ်သူဟာ လက်မောင်းနဲ့ ရင်ဘတ် မှာ ဒဏ်ရာတွေရခဲ့ ပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ ဟာ ဇနီး ဖြစ်သူကို ရက်ပိုင်းသာ ထိန်းသိမ်းပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးလိုက် ပါတယ်။ အသက် (၈၀)ကျော် ဇနီးမောင်နှံ နှစ်ဦး ရန်ပွဲက ငိုအားထက် ရယ်အားသန်သလို ဖြစ်သွားရပါတယ်။
Credit : http://www.messengernewsjournal.com/General/Eventure/detail.php?id=30451
No comments:
Post a Comment