♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 13, 2014

" အချစ်ရေးနဲ့ အိမ်ထောင်ရေး ( တကယ် မတူတဲ့ အရေး) "

                        မင်္ဂလာဦးညကျမှ အိပ်ခန်း ပြင်နေကြရတဲ့ သတို့သား သတို့သမီး
တစ်သက်မှာ တစ်ခါ လောက်တော့ လူတိုင်းနီးပါး အချစ် ဆိုတာနဲ့ ကြုံဖူးကြမှာပါ။ အချစ်ဆိုတာ ဘာ ဆိုပြီး အကောင်အထည် ဖော်လို့ မရပေမယ့် အစွမ်း တော့ထက်သား၊ အချစ်ကြောင့် ပျော်ရွှင်ရသလို အချစ်ကြောင့် ဝမ်းနည်းကြေကွဲ ရတာတွေလဲ ရှိပါ တယ်။ ဒါပေမယ့် အချစ်က ဘဝမဟုတ်ဘူး ဆိုတာ တစ်ခါတစ်ခါ လူတွေမေ့တတ် ကြပါတယ်။ ချစ်သူ ဘဝမှာတော့ အချစ်တစ်ခုနဲ့တင် အရာရာပြည့်စုံ ပေမယ့် အိမ်ထောင်ရေး မှာကျတော့ အချစ်တစ်ခု တည်းနဲ့ တည်ဆောက်လို့ မရပါ။ အိမ်ထောင်ရေး ဆိုတာ ဘဝနှစ်ခုကို တစ်ခုအဖြစ်ပေါင်း လိုက်တာ ပါပဲ။
မင်းသားနဲ့ မင်းသမီး ပျော်ရွှင်စွာ ညားကြလေ သ တည်းဆိုတာ ရုပ်ရှင်ထဲမှာသာ ပျော်ဖို့ကောင်းတာပါ။ အဲ့ဒီညားကြလေ သတည်းဆိုတာကမှ တကယ့်ဘဝကို စရမှာပါ။ ဘဝခရီးက လျှောက်ရမှာ အရှည်ကြီးပါ၊ အချစ်ဆိုတာ ဖိနပ်ဆိုပါစို့၊ ကိုယ်စီးမဲ့ဖိနပ်ကို ရွေးတတ်ဖို့တော့ လိုပါတယ်။ လမ်းခရီးမှာ ကိုယ်နဲ့အဆင်ပြေပါ့မလား၊ ကြာကြာစီးခံပါ့မလား၊ ခြေထောက်နာ၊ မနာကအစ စဉ်းစားဖို့ လိုပါတယ်။ မိန်းကလေးတွေဟာ ကိုယ်ကြိုက်တာက အလွန်လှတဲ့ ဒေါက်ဖိနပ်လေးပေမယ့် ကိုယ်လျှောက်ရမယ့် ဘဝလမ်းခရီးက အရှည်ကြီးဆိုတာ သိဖို့လိုပါတယ်။ အဲဒီ ကိုယ်အလွန်ကြိုက်တယ်ဆိုတဲ့ ဒေါက်ဖိနပ်နဲ့ဆို ကိုယ့် ဘဝအတွက် လမ်းခရီးမှာ ကြာကြာစီး လို့ရပါ့မလား၊ ခြေထောက်နာနေမလားကအစ ထည့်စဉ်း စားသင့်ပါတယ်။ ကိုယ်ရွေးတာသာ မှားသွားခဲ့ရင် တစ် ဘဝလုံးနဲ့ဆိုင်တာမို့ ကောင်းရင်လည်း တစ်ဘဝလုံးဖြစ် သလို ဆိုးရင်လည်း တစ်ဘဝလုံး ဖြစ်သွားနိုင်ပါတယ်။

တချို့လူငယ်တွေက အချစ်ရှိရင် အရာရာပြည့်စုံပြီ ဆိုပြီး တစ်ယောက်နဲ့တစ်ယောက် သေချာမလေ့လာ မပြင်ဆင် ဘဲ အိမ်ထောင်ရေးကို တစ်ခါတည်း ရင်ဆိုင် လိုက်ကြပါတယ်။ အရင်ကတော့ အချစ်နဲ့ပြည့်စုံပေမယ့် တကယ့် လက်တွေ့ဘဝမှာကျတော့ ငွေရေးကြေးရေးက အစ စကားပြောပြီ၊ အဆင်ပြေတယ်ပဲထားဦး၊ ချစ်သူ ဘဝမှာ မသိခဲ့တဲ့ ကိုယ်မကြိုက်တဲ့ အကျင့်၊ သူမကြိုက်တဲ့ အကျင့်လေးတွေ သည်းခံစိတ်တွေကုန်တဲ့ အချိန်ကျ အိမ်ထောင် ကျမှအခက်အခဲ ဖြစ်တတ်ပါတယ်။ မပြင် မဆင်မလေ့လာဘဲနဲ့ တည်ဆောက်တဲ့ အိမ်ထောင်မျိုးက အဆင်မပြေ တာ များတတ်ပါတယ်။ တကယ့်တကယ် အိမ်ထောင်လည်းကျရော အကျင့်တွေ၊ အယူအဆတွေက အစ မတူ တော့ သိပ်ပြီးအဆင်မပြေလှပါဘူး။ ကလေး တွေ မွေးတဲ့အခါ သူ့ဘက်ဆွဲ၊ ကိုယ့်ဘက်ဆွဲနဲ့ ကြားက ကလေးတွေ မှာ မြေစာပင်ဖြစ်လာတဲ့အထိ ဆိုးသွားနိုင် တာမို့ မယူခင် စဉ်းစားသင့်တယ်လို့ အကြံပြုချင်ပါတယ်။ ချစ်ပြီးရင် စဉ်းစားဖို့တွေ၊ လေ့လာတာ တွေက ရာခိုင်နှုန်းတော်တော် နည်းတတ်တာမို့ မချစ်ခင် ချစ်သူ အဖြစ် မရွေးချယ်ခင် ကတည်းက အစစအရာရာ လေ့လာသင့်ပါတယ်။

အိမ်ထောင်ရေးမှာ အချစ်နဲ့ စဉ်းစားချင့်ချိန်ဖို့က ငှက်တစ်ကောင် ပျံသန်းသလို အတောင်ခတ်တာ ညီဖို့ လိုပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘဝမှာ အိမ်ထောင်ရေး သာယာပျော်ရွှင် ချင်တယ်၊ ချစ်တဲ့သူနဲ့လည်း ဘဝတစ်သက်တာ လက်တွဲ သွားချင်တယ် ဆိုရင်တော့ မချစ်ခင် မိမိနဲ့အဆင်ပြေမယ့် ချစ်သူကို ရွေးချယ် နိုင်ပါစေ၊ ချစ်တဲ့သူတိုင်းလည်း အဆင်ပြေပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ ။
နန်းခမ်းမိုင်(ပြင်ဦးလွင်)
The Mirror Daily
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com)

No comments:

Subscribe

လာလည်သူများ

free counters