♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 8, 2014

ရန်ကုန်နယ်နိမိတ်အတွင်း စီးနင်းနေသည့် ဘတ္ထရီဆိုင်ကယ်များကို အရေးယူမည်


ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ဥပဒေမဲ့ ဆိုင်ကယ်စီးနင်း မှုတွေကို တာဝန်ရှိ အဖွဲ့အစည်းတွေက စဉ်ဆက်မပြတ် အရေးယူနေပြီး ဘတ္ထရီ ဆိုင်ကယ်တွေကိုလည်း အရေးယူ တော့မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးမှာ သင်္ဃန်းကျွန်း
မြို့နယ်အမတ် ဦးကျော် မေးမြန်းတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း စီးနင်းခွင့် မပြုထားသည့် မော်တော်ဆိုင်ကယ်များအား လုံးဝရပ်ဆိုင်း သွားသည်အထိ တားမြစ် အရေးယူပေးရန် အစီအစဉ် ရှိ၊ မရှိ၊ ရပ်ကွက်တွင်း သွားလာနေသည့် ဘတ္ထရီ ဆိုင်ကယ်များအား မည်သို့ အရေးယူဆောင်ရွက်မည်နည်း၊ ဝန်ထမ်းများအတွက် သီးသန့်နံပါတ်ပြားများဖြင့် ခွဲခြားခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနဲ့ ပတ်သတ်ပြီး ပြန်လည် ဖြေကြားခဲ့တာပါ။

အခုနှစ်အတွင်း ရန်ကုန်နယ်နိမိတ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းမှုနဲ့ ပတ်သက်ပြီး အသိပညာပေးမှု ၈၆၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဖမ်းဆီးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ တိုင်းဝန်ကြီးက ဆိုပါတယ်။

“ဥပဒေမဲ့ဆိုင်ကယ်စီးနင်းမှုများကို တာဝန်ရှိအဖွဲ့အစည်းများမှ စဉ်ဆက်မပြတ် အရေးယူ ဆောင်ရွက်လျက်ရှိပါတယ်။ တဖက်မှာလည်း သတိပေးခြင်း၊ အသိပညာပေးခြင်း ဆောင်ရွက်လျက် ရှိသလို၊ အသိပညာပေးမှုအနေနဲ့ ၈၆၅ ကြိမ် ပညာပေးခဲ့ပြီးတော့ ဖမ်းဆီးမှု အနေနဲ့ ၂၀၁၄ ခုနှစ်အတွင်း လိုင်စင်ရှိဆိုင်ကယ် ၂၈၄၁ စီး၊ လိုင်စင်မဲ့ဆိုင်ကယ် ၄၂၉ စီး စုစုပေါင်း ၃၂၇၀ စီးအထိ ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်”လို့ ဆက်လက် ပြောကြားပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်ဖြင့် ၂၀၁၃ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၆၃ ပုဒ်မခွဲ ဃနဲ့ ပုဒ်မ ၈၅ ပုဒ်မခွဲ ခ ပါ လုပ်ပိုင်ခွင့်များ ကျင့်သုံးပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း (ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်မပါ) ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ခွင့်ပြုချက်မရှိပဲ ဆိုင်ကယ်စီးနင်းပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ဥပဒေ ပုဒ်မ ၇၂ အရ အရေးယူ ဆောင်ရွက်သွားဖို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အမိန့်အမှတ် ၂/၂၀၁၄ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင် တရားမဝင်ဆိုင်ကယ်ကယ်ရီဂိတ်တွေကိုလည်း တားဆီးပိတ်ပင်ခြင်းနဲ့ အရေးယူဖို့ အဖွဲ့ ဖွဲ့စည်းပြီး အခုထက်ပိုမိုပြီး အရှိန်အဟုန်မြင့် ဆောင်ရွက်သွားမှာ ဖြစ်ပြီး ဆိုင်ကယ်မစီးရဆိုတဲ့ ဆိုင်းဘုတ်တွေကို လမ်းဆုံလမ်းခွတွေမှာစိုက်ထူခြင်း၊ ပညာပေးစာတွေဖြစ်တဲ့ ဘေဘုတ်စိုက်ထူ ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။

By ကျော်ဇေယျာဝင်း / (ဒီဗွီဘီ)

No comments:

Subscribe

လာလည်သူများ

free counters