♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 7, 2014

" အချစ်ရဲ့ နန်းဘုံပေါ် ကြမ်းချော်ကျမိပြီ "

ငါဆိုတဲ့ငါဟာလေ
ဒီဘဝမှာ အချစ်ဆိုတာကို
  ဥပေက္ခာပြုထားခဲ့တယ်
ငါဆိုတဲ့ငါဟာလေ
မိန်းကလေးဆို မော်လို့မကြည့်ခဲ့ဘူး
ငါဆိုတဲ့ငါဟာလေ
မိန်းကလေးဆိုရင် သူငယ်ချင်းလို
 သဘောထားခဲ့တယ်
ငါဆိုတဲ့ငါဟာလေ
အချစ်ဆိုတာ အရူးထခြင်း တစ်မျိုးလို့
သတ်မှတ်ခဲ့တယ်
ငါဆိုတဲ့ငါဟာလေ
အချစ်ရူးသမားဆို အထင်မကြီးခဲ့ပါဘူး
ငါဆိုတဲ့ငါဟာလေ
အချစ်နှင့်ပတ်သက်တဲ့ အကြောင်းဆို
ဘယ်ဝတ္ထု ဘယ်ကာတွန်း ဘယ်ရုပ်ရှင်မှ
ဖတ်လည်းမဖတ် ကြည့်လည်းမကြည့်ခဲ့ပါ
ငါဆိုတဲ့ငါဟာလေ
အချစ်နာကျလို့ အချစ်ပိုးကပ်နေသူတွေကို
မျက်စိနောက်လို့ တောက်ခေါက်မိခဲ့တယ်
ငါဆိုတဲ့ငါဟာလေ
အချစ်ဆိုတာကို သိပ်မုန်းခဲ့တယ်
အခုတော့... ငါဆိုတဲ့ငါဟာလေ
အချစ်ရဲ့ ကျိန်စာ မိခဲ့ပြီ
သူ့ အကြည့်၊ သူအပြုံး၊ သူ့အလှ၊ သူ့အသွေး၊
သူ့ စကား၊ သူ့အပြော၊ သူ့မနော သူ့စိတ်သွင်
အရိပ်ထင်ထင်၊ မှိတ်တင်တင် 
မျက်စိမှိတ်လည်း ရိပ်ထင်ထင်
အစာစားလည်း ရိပ်သွင်ပြင် စိတ်မှာထင်
အိပ်ပြန်တော့လည်း အိပ်မက်တွင် 
အရိပ်သွင်သွင် လှရိပ်မြင်
နေရာမလပ် အချိန်မလပ်  
ဘယ်နေရာပြေးပြေး ဘယ်လိုပင်တွေးတွေး
ဘယ်လိုပင်ငေးငေး ဘယ်လိုပင်ဆွေးဆွေး
ဘယ်လိုပင် ရေးရေး ဘယ်လိုပင် ဝေးဝေး
သူသာလျင် လွှမ်းမိုးလို့  သူသာလျင် ပိုင်စိုးလို့
မောင်စိုးတယောက် အချစ်ရဲ့ 
နန်းဘုံပေါ် ကြမ်းချော်ကျမိပြီ
 အလွမ်းတေးလည်းဆိုတတ်ပြီ
အလွမ်းအဆွေးလည်း ဆွေးတတ်ပြီး
အလွမ်းအငေးလည်း ငေးတတ်ပြီး
အလွမ်း တေးလည်းဖွဲတတ်ပြီ
ဆရာမရေ
မောင်စိုးလေ ဆရာမကိုလွမ်းတဲ့ 
နှသားရဲ့ အချစ်စာသင်ခန်းမှာ
အချိန်မလပ် တက်ရောက်လျက်ရှိနေပြီ
မောင်စိုးရဲ့ နှလုံးသားမှတ်စုစာအုပ်လေးမှာ
အမှန်လေးတွေသာခြစ်ပေးလို့
အချစ်ပေးလိုက်ပါတော့နော်

((ရောသမ ပေါက်စီ))
 


No comments:

Subscribe

လာလည်သူများ

free counters