♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 10, 2014

" မင်္ဂလာမဆောင်ခင် အသားဖြူအောင် လုပ်ထားမယ် "

1024x1024_20140923_231114_726
သူသူထက်လွင်
ယနေ့ခေတ်မှာညိုမည်းခြောက်သွေ့နေတဲ့အသားအရေကြောင့် ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုပျောက်ဆုံးနေတဲ့သူတွေအတွက် အချိန်တိုအတွင်း အသားအရေစိုပြည်ဖြူဝင်းလာမယ့် နည်းလမ်းတွေရှိလာပြီဖြစ်ပါတယ်။ နဂိုအသားညိုတဲ့သူ တွေ၊ မည်းတဲ့သူတွေအနေနဲ့ သူတို့ရဲ့အသားအရေတွေကို ပြုပြင်ပြောင်းလဲလို့ မရနိုင်ဘူးလားလို့ မေးမြန်း လာကြတယ်။

”သမီးအသားက တအားညိုတယ်။ အရေပြားလဲခြောက်တယ်။ အမည်း စက်တွေလဲ ရှိနေတယ်။ အဲဒီလိုဖြစ်နေတာကို ပြောင်းလဲလို့မရဘူးလား”ဟု အသက် ၂ဝအရွယ် အမျိုးသမီးလေးတစ်ဦးကပြောတယ်။
သူမလိုမျိုး နဂိုအသားညိုတဲ့သူတွေ၊ အသားမည်းတဲ့သူတွေကို ခေတ်မီ နည်းပညာတွေနဲ့ တဖြည်းဖြည်းချင်း အသားဖြူလာအောင်၊ စိုပြည်ဝင်းဝါလာ အောင် ဆောင်ရွက်နိုင်ပါတယ်။
ဘယ်လိုလူမျိုးတွေက အသားဖြူချင်ကြလဲ
———————————————–
လူသားတွေမှာ တစ်ဦးနှင့်တစ်ဦး မတူညီတဲ့အသားရောင်တွေ ပိုင်ဆိုင် ထားပါတယ်။ အမည်းရောင်၊ အညိုရောင်၊ အဝါရောင်၊ အဝါနုရောင်၊ အဖြူရောင် ဆိုပြီး အသားရောင်တွေ ကွဲပြားပေမယ့် အာရှတိုက်သား တွေမှာတော့ အသားဖြူတဲ့ သူကို လှပတယ်လို့ ယူဆကြတယ်။
မြန်မာနိုင်ငံမှာ သရုပ်ဆောင်တွေ၊ ပြိုင်ပွဲဝင်မယ်တွေ၊ မော်ဒယ်တွေနဲ့ အလှ တရားကို မြတ်နိုးတဲ့ အသားညို၊ အသားမည်းတဲ့သူတွေက အသားဖြူအောင် နည်းမျိုးစုံနဲ့ဆောင်ရွက်လာကြပါတယ်။
အသားဖြူလာအောင် ဘယ်လိုလုပ်ကြလဲ
———————————————–
အသားအရေစိုပြည်ဖြူဝင်းလာအောင် ပေါင်းတင်ကြတယ်။ှစေ မှာ ချေးချွတ်ပေါင်းတင်ကြ တယ်။ သဘာဝသစ်သီးနဲ့ပေါင်းတင်တယ်။ လိုးရှင်း လိမ်းတယ်။ အသားဖြူခရင်မ်တွေ လိမ်းကြပါတယ်။
အသားဖြူဆေးတွေထိုးကြတယ်။ အခုနောက်ဆုံး အသားဖြူသောက်ဆေးတွေ ပေါ်လာပြီဖြစ်ပါတယ်။
သိပ္ပံနည်းကျဖော်စပ်ထားတဲ့ အသားဖြူဆေးကို သောက်မယ်ဆိုရင်
————————————————————————-
အဲဒီလို နည်းမျိုးစုံနဲ့ အသားအရေလှပအောင် ဆောင်ရွက်နိုင်ကြပေမယ့် Sensitive ဖြစ်တဲ့ အသားအရေတွေ အတွက် နည်းလမ်းသစ်ကို ရှာဖွေရ မှာဖြစ်ပါတယ်။ အဲဒီနည်းလမ်း သစ်ကို အစ္စရေးနဲ့ စင်ကာပူက သိပ္ပံပညာရှင်တွေ ဖော်စပ်ထုတ်လုပ် လိုက်တဲ့ အသားဖြူဆေး ဖြည့်စွက်စာတွေ မြန်မာပြည် ဈေးကွက် အတွင်းကို ရောက်ရှိလာပြီဖြစ်ပါတယ်။
အသားဖြူဆေးကို အစ္စရေးနိုင်ငံမှာပေါက်သော အဖြူရောင်ခရမ်းချဉ်သီးကို အသုံးပြုပြီး ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ Crystal Tomato အသားဖြူ သောက်ဆေးက ခရမ်းချဉ်သီးရဲ့အာနိ သင်တွေဖြစ်တဲ့ အပူဒဏ်မှ ကာကွယ် ပေးခြင်းနဲ့ ဆဲလ်အတွင်းရှိ အသားညိုစေတဲ့ နြူညေငညဓာတ်များကို ဖယ်ရှား ပေးတာကြောင့် အသားဖြူစေပါတယ်။ တင်းတိပ်၊ ဝက်ခြံ၊ အမာရွတ်၊ အမည်းစက်၊ ချိုင်းမည်း၊ ဒူး ခေါင်းမည်း၊ တံတောင်ဆစ်မည်းခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ သဘာဝခရမ်းချဉ်သီးမှာပါတဲ့ အက်စစ် ဓာတ်ကိုထုတ်ထားတဲ့အတွက် အက်စစ်ဓာတ်နဲ့မတည့်တဲ့ ဂေါက်ရောဂါ ဝေဒနာရှင်တွေ အစာအိမ်ဝေဒနာရှင် တွေပါ အန္တရာယ်ကင်းကင်းနဲ့ သောက်သုံးနိုင်တယ်လို့သိရပါတယ်။
Spa သွားဖို့ အချိန်မရှိတဲ့သူတွေ၊ ပေါင်းတင်ဖို့ အချိန်မပေးနိုင်တဲ့ သူတွေ အတွက် အသားဖြူသောက်ဆေးက အချိန်ကုန် သက်သာစွာ အသားဖြူလာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။
မင်္ဂလာမဆောင်မီ အသားဖြူအောင်လုပ်ကြမလား
————————————————————
”မင်္ဂလာဆောင်ခါနီးစုံတွဲတွေ အသားဖြူဝင်းနေ အောင် သောက်သုံးဖို့ သင့်တော်ပါတယ်။ အဖြူရောင်ဝတ်စုံနဲ့ ဖြူ ဖွေးနေတဲ့ သတို့သမီးလေးဖြစ်ဖို့ နှစ်လသုံးလလောက်ကတည်းက ကြိုသောက်သင့်ပါတယ်” ဟု Crystal Tomato အသားဖြူဆေး တင်သွင်းရောင်းချသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
အသားဖြူသောက်ဆေးကို အမျိုးသမီးတွေသာမက အမျိုးသားတွေလည်း ဝယ်ယူသောက်သုံးနိုင်တယ်လို့သိရပါတယ်။
ဘယ်တော့ဖြူမလဲ
———————-
အသားဖြူသောက်ဆေးကို တစ်နေ့တစ်လုံးသောက် ရမှာဖြစ်ပြီး အလုံး ၃ဝ ကုန်ပြီး တစ်လအကြာမှာ အသားအရေ က သိသာစွာဖြူလာမယ်လို့ ဆိုပါတယ်။
Crystal Tomato အသားဖြူသောက်ဆေးမှာ USA Brand ဖြစ်ပြီး တစ်လစာ အတွက် ကျပ် ၁၆ဝဝဝဝကျော် ကုန်ကျ မှာ ဖြစ်ပါတယ်။ ယင်းဆေးကို ဗဟန်းမြို့ နယ် ပုလဲကွန်ဒိုမှာရှိတဲ့ Golden Singa Health Care Co.,Ltd မှာ ဝယ်ယူရရှိနိုင် မှာဖြစ် ပါတယ်။
ဒါကြောင့် ဖြူဝင်းတဲ့အသားအရည်တွေပိုင်ဆိုင်နိုင်အောင် အသားဖြူ သောက်ဆေး အကြောင်းကို ယခုတစ်ပတ် အလှအပလမ်းညွှန်ကဏ္ဍကနေ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။
Flower News Journal, Vol-10, No-37
YangonMediaGroup
Credit : lyhealthcare.com
****** ****** ******
ဒါကတော့ ဆေးနမူနာပုံပါ...
 
(( ရောရောသမမွှေ))

No comments:

Subscribe

လာလည်သူများ

free counters