♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 8, 2014

" ဖုန်းဝယ်သူများ သတိ သတိ သတိထားကြပါ ခင်ဗျာ"



မနေ့က ညီမလေးတစ်ယောက်ဆီကနေ viber message လေးဝင်လာပါတယ် ..တော်တော် စိတ်ဝင်စားဖို့ကောင်းပြီး စိတ်မချမ်းသာစရာ
ကိစ္စလေးပါ.....ညီမလေးရဲ့ တူမလေးဟာ ...သူ့အသိ မိတ်ဆွေက ဖုန်းလေးတစ်လုံးလောက်ဝယ်ချင်တာနှင့် သူ့ကို အကူအညီတောင်းပါတယ်
တူမလေးကလည်း ဖုန်းဝယ်မဲ့ အဒေါ်ကြီးကို လိုက်ပြီး ကူညီပေးခဲ့တယ် ...အဒေါ်ကြီးကလည်း ခေတ်ပညာတတ်မဟုတ်လေတော့ သူ့ကို အကူ
အညီတောင်းခဲ့တာပါဘဲ....အိမ်နီးချင်းတွေကလည်းဖြစ်နေတော့ အဒေါ်ကြီးကို ကူညီခဲ့တယ်...အဒေါ်ကြီးကလည်း ငွေရေး ကြေးရေးပြည့်စုံသူ
တစ်ဦးမဟုတ်ဘူး....သူက ဖုန်းလိုချင်လွန်းလို့ ....ငွေလေးနှစ်သောင်းကို ခြိုးခြံခွှေတာလို့ စုဆောင်းခဲ့တယ်....လက်လုပ်လက်စား တစ်ယောက်
အဖို့ရာ ဝမ်းရေးအတွက်သာ အနိုင်နိုင်ဖြေရှင်းနေရတဲ့ အတွက် ဒီလို ခေတ်မှီ အသုံးဆောင် ပစ္စည်းတွေကို ဝယ်ယူသုံးစွဲနိုင်ဖို့ရာ အိပ်မက်ထဲတောင်
ထည့်လို့ မမက်ရဲကြတာကို မြန်မာပြည်ဖွား လူအများကသိထားပြီးဖြစ်သည်မို့ အထူးပြောစရာ လိုမယ်မထင်ပါဘူး.....
တူမလေးနှင့် အဒေါ်ကြီးဟာ ရန်ကုန်မြို့ရဲ့ ဖုန်းဆိုင်တစ်ဆိုင်မှာ တရုတ်နိုင်ငံထုတ် Foji 5130 Express Music ကိုအတူသွားဝယ်ပေးလိုက်ပါ
တယ် ၅ရက် ဒီဇင်္ဘာ ၂၀၁၄ နေ့လည်က ဝယ်ပေးလိုက်ပါတယ်... စနေနေ့ည ၇း ၃၀ မှာ စကားပြောနေရင်း ပူပြီးညှော်နံ့ထွက်လာလို့ ကြည့်လိုက်
တဲ့အခါ ဖုန်းထဲကနေ မီးခိုးတွေထွက်လာပါတယ်.....ဖုန်းဘက်ထရီနှင့် ထိနေတဲ့နေရာက ပင်နှင့် ထိနေတဲ့နေရာမှာ မီးတွေရဲကနေတာပါဘဲတဲ့
ဘက်ထရီကို ထုတ်ပြီး တခြားထားလိုက်တော့ မီးရဲနေတာ ပျောက်သွားပါတယ်တဲ့.......မနက်ကြတော့ ဆိုင်မှာ သွားပြီး အကျိုးအကြောင်းစုံလင်
အောင်ပြောပြပြီး သွားလဲတော့ ဆိုင်ရှင်က မလဲပေးဘူးတဲ့ခင်ဗျ.....သူတို့ကို telenor ကချပေးတာရောင်းရတာပါတဲ့...ဒါဆိုတယ်လီနောရုံးနံပါတ်
ပေးလို့ပြောတော့ တယ်လီနော မဟုတ်တော့ဘဲ တခြားဖြစ်သွားပြန်တယ်တဲ့..ပြန်လဲပေးဖို့ တောင်းဆိုတာလည်း ပြန်မလဲပေးဘူးတဲ့...အရာရာမှာ
အောက်ခြေတန်းမှ လက်လုပ်လက်စား....ပြည်သူများရဲ့ ချွေးနည်းစာ.....စုဆောင်းထားတဲ့...ရှားပါးလှတဲ့ ငွေတိုငွေစလေးများနှင့် အသွင်သာရှိပြီး
အမြင်လှပေမဲ့ အရည်အချင်း ညံ့လွန်းတဲ့ အထက်ပါ ဖုန်းအမျိုးအစားများကို ဝယ်ယူခြင်းမပြုလုပ်ဘဲ ဝေးစွာရှောင်ရှားကြပါလို့ သတိပေးပါရစေလားခင်ဗျာ မိမိမစားရက် မသောက်ရက်ဘဲ စုဆောင်းထားသမျှလေးတွေဟာ တမဟုတ်ချင်း သဲထဲရေသွန်သလို ပျက်ဆီးပျောက်ကွယ်ပြီး အလဟသဖြစ်သွားမှာစိုးလို့ ပါ...ဖုန်းရောင်းချ
သူထံမှလည်း ဂရံတီပေးမည့် ပြေစာကို တပါတည်းရယူထားသင့်တဲ့ အကြောင်း တခုခုစက်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်ရှိပါက ပြန်လဲပေးရမည်ဆိုတဲ့
အာမခံချက်ကိုပါ တပါတည်း ရယူထားသင့်ပါကြောင်း.....သတိပေး ပြောကြားပါရစေ.......




No comments:

Subscribe

လာလည်သူများ

free counters