♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 13, 2014

"Banh troi , Banh chay ဗန်ကျွိုင် သို့ မဟုတ် ဗန်ကျိုင် ဗီယက်နမ် မုန့်လုံးရေပေါ် ပြုလုပ်နည်း"



 
ပထမဦးဆုံး လုပ်ရမည့်ဟာက.....အစာသွပ်ရမည့် ပစ္စည်းပါဘဲ ....

၁။  ပဲတီ (Mung Dal ) ၂၀၀ ဂရမ်။
     ပဲတီ အခွံချွတ်ပြီးသားက ပဲဝါလေးနှင့် ဆင်တယ်၊ သူက ခပ်ရှည်မျှောမျှောလေးပုံသဏ္ဍာန်ရှိတယ်။ ပဲတီအဝါရောင်အခွံ ချွတ်ပြီး
     သားကို ရေသေချာဆေးပါ၊ ရေဆေးပြီး တစ်နာရီ သို့မဟုတ်နှစ် နာရီ သို့မဟုတ် တစ်ည ရေစိမ်ထားပါ။ ပြီးတော့ ပဲတွေပွလာ
     ရင် ရေစစ်ထုတ်လိုက်ပါ။  ပဲစိမ်ပြီးသားတွေကို ထမင်းချက်ပေါင်းအိုး ရိုက်စ် ကွတ်ကာထဲ ထည့်ပါ၊ ရေကို ပဲမျက်နှာပြင်မဖုံးရုံ
     ထည့်ပါ၊ ရေအမှတ် 240 mlရှိရပါမည်။ ပြီးရင် ထမင်းချက်သလိုချက်ပါ။  ပဲတွေကျက်လာရင် ဇလုံတစ်လုံးထဲ ထည့်ပြီး
     ဆား လက်ဘက်ရည် ဇွန်း တစ်ဝက် ထည့်ပါ။ သကြား ၃ဇွန်း ထည့်ပါ ( ဗီဒီယိုထဲက လုံမလေးကတော့ သကြားတစ်ဇွန်းဘဲ
     ထည့်ပြီး ကြက်သွန်နီကြော်ကျွတ်ကျွတ်လေး သုံးဇွန်း ထည့်ပါတယ်၊ အဲဒါက သူ့အကြိုက်ပါ) ပြီးရင် သေချာရောချေပါ။
     အကုန်ကြေမွှကုန်ရင် လက်ဖဝါးကို ဆီစွတ်ပါ၊ အရွယ်တော် သို့မဟုတ် ကွမ်းသီး အရွယ် ပဲလုံးတွေကို လောက်စာလုံး လုံးသလို
     အလုံးလေးတွေ လုံးပါ။
၂။   ပဲလုံးတွေ လုံးပြီးသွားရင် ကောက်ညှင်းဆန်မှုန့် အဖြူရောင်ကို ၄၀၀ ဂရမ် ယူပါ။ မုန့်လုံးရေပေါ်ကို နည်းနည်း ပွစေချင်ရင်
      ကောက်ညှင်းမှုန့်  ၃၅၀  ဂရမ် နှင့် ရိုးရိုးဆန်မှုန့် ၅၀ ဂရမ်ကို ရောပါ။ ပြီးရင် ရေ မနွေးတနွေးနှင့် ဖြေးဖြေးလေး လောင်းထည့်
      ရင်း နှယ်ရင်း လုပ်ပါ။  ရေအမှတ်က 360 ml ရှိရပါမည်။ ရေအေးကိုသုံးလျှင် ဆန်မှုန့်တွေ မညှက်မှာ စိုးရတယ်။ ရေနွေးပူပူ
      ကိုသုံးရင် ဆန်မှုန့်တွေကျက်ပြီး စေးကပ်ကာ ကိုင်လို့မရဘဲ ဖြစ်သွားတတ်တယ်။ ၆၀ံ စငတီဂရိတ် သို့ မဟုတ် ၁၄၀ံ ဖါရင်ဟိုက်
      ဆိုရင် အပူချိန်က သင့်တော်လှပေတယ်။ ပြီးနောက်သေချာ နှယ်ပါ ဆန်မှုန့်အမျိုးအစားပေါ် မူတည်ပြီး ရေလိုရင် နဲနဲလေးစီ
      ထည့်နှယ်ပါ။ ဆန်မှုန့်အလုံးကြီး (မုန့်ညှက်လုံးကြီး) ဖြစ်လာတဲ့အထိ နှယ်ပါ။ ပြီးရင် မုန့်ညှက်လုံးကြီးကို ပလပ်စတစ်အုပ်ပြီး
      နာရီဝက်လောက် ထားထားပါ။ မုန့်ထုပ်တဲ့ ပလပ်စတစ် အကြည်စနှင့် အုပ်ရမှာဖြစ်ပါတယ်။ လေမဝင်အောင်ပါ။
      နာရီဝက်နေရင် မုန့်ညှက်လုံးကို ထုတ်ပြီး နောက်ထပ် ငါးမိနစ်ပြန်ပြီး လက်နှင့် ချေပါ နှယ်ပါ၊ ရေလိုတယ်လို့ထင်ရင် နဲနဲစီဖျန်း
      ထည့်ပြီးနှယ်ပါ။ သိပ်ပျော့နေမယ် ဆိုရင် ဆန်မှုန့် နောက်ထပ်အနည်းငယ်ထည့်ပြီး နှယ်လိုက်ပါ။  ပြီးရင် မုန့်ညှက်လုံးကို ပြန်
      ပြီး ပလပ်စတစ်နှင့် အုပ်ပါ။ ပလပ်စတစ် အောက်ကို လက်လျှိုပြီး လိုသလောက်နဲနဲထုတ်ယူပါ၊ အလုံးလုံးလိုက်ပါ။ လုံးပြီးသား
      ကို ဖြန့်လိုက်ပါ၊ အနေတော်အရွယ်လေး မထူမပါး ဖြန့်ပါ။ ဖြန့်ထားတဲ့ အထဲ အစောက ပဲလုံးလေးကို ထည့်ပြီး ဖုံးပါ၊ အလုံး
      လေးပြန်လုံးလိုက်ပါ။ ကောက်ညှင်းမုန့်ညှက်က ပဲလုံးကို ဖုံးသွားပါလိမ့်မည်။ အဲဒီလိုအလုံးလေးတွေ လုပ်သွားပါ။ အစာသွပ်
       သွားပါ။ မုန့်ညှက်နှယ်ပြီးသားကို ပဲလုံးထက် နှစ်ဆ အရွယ် ယူရမှာဖြစ်ပါတယ်၊ ဒါမှ ပဲလုံးကို သေချဖုံးသွားမှာဖြစ်ပါတယ်။
       အထဲမှာ လေမခိုနေစေရန် သတိထားဖို့လိုပါမယ်။  သေချာလုံးပါ။ အဖြူလုံးလေးတွေရလာပါလိမ့်မယ်။
၃။   အားလုံးလုံးပြီးရင် ရေနွေးအိုး တစ်အိုး အသင့်တယ်ထားတဲ့ အထဲမှာ မုန့်ညှက်လုံးတွေကို ထည့်ပါ၊ ညင်ညင်သာသာ ထည့်ပါ။
      ကျက်ရင် အလုံးလေးတွေ အပေါ်ကို တက်လာပါလိမ့်မယ်၊ သျေချာ အထက်အောက်မွှေပေးပါ၊ လှည့်ပေးပါ၊ တအောင့်နေရင်
      အဲဒီ အထက်ကို တက်လာတဲ့ အလုံးလေးတွေကို ရေအေး ဇလုံထဲထည့်ပါ။ ရေအေးထဲ စိမ်ထားပါ။
၎။   ပြီးရင် အချိုရေပြုလုပ်ရမှာ ဖြစ်ပါတယ်။ ကြံသကာ သို့ မဟုတ် ထန်းလျက်ကို ရေနွေးထဲ ထည့်ကျိုပါ။ ရေတလီတာ အချို
      ၂၀၀ မှ ၃၀၀ ဂရမ် အထိ ကြံသကာ သို့  ထန်းလျက်ကို ထည့်ကျိုရမှာ ဖြစ်ပါတယ်။  ပြီးရင် ချင်း (ဂျင်း) တစ်ဥ အနေတော်
      ကို အခွံသင်ပြီး ခပ်ပါးပါးလေးတွေ နွှာပြီး ခပ်သေးသေးလေးတွေ အချောင်းပုံစံလေးတွေ ဖြတ်ပါ။ အချိုရည်အိုထဲ ထည့်ကျိုပါ။
      ၁၅ မိနစ် သို့ မဟုတ် ၂၀ မိနစ်ကျိုပါ။ စေးလာသည့်အထိ (ကြွက်မြီးတန်းခါနီးအထိကျိုလည်းရသည်)။ ပြီးရင် မုန့်လုံးရေပေါ်
     တွေကို အချိုရည်အိုးထဲ ထည့်လိုက်ပါ။ အချိုရည်အိုးကို မီးဖိုပေါ်က ချထားပြီးသား ဖြစ်ရပါမယ်။ မုန့်လုံးရေပေါ်ကို အချိုရည်
     ထဲသေချာ ထည့်ပြီး အပေါ်ကနေ နှမ်းလည်းဖြူးပေးနိုင်တယ်။ ပန်းကန်လုံး ထဲထည့်ပြီး စားသုံးနိုင်ပါပြီ။
     (Helen's Recipes (Vietnamese Food)ဟယ်လဲန် ရဲ့ ဗီယက်နမ် မုန့်လုံးရေပေါ် ပြုလုပ်နည်းကို ရမ်းသမ်း       ပြန်ဆိုထားခြင်း ဖြစ်ပါတယ်)

     
     ရောသမ ချစ်မိတ်ဆွေ အပေါင်းကို လေးစားလျက်
     (( ရောသမ ပေါက်စီ))

     
သူ့ ဗီဒီယိုက..

No comments:

Subscribe

လာလည်သူများ

free counters