♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 23, 2013

လူငယ်နှင့် အားကစား



လူငယ်နှင့် အားကစား

  • ·         ရခဲသော လူ့ဘ၀တွင် ဗလငါးတန်နှင့်ပြည်ဝရန်လိုပုံ

  • ·         ကျန်းမာရေးအတွက် အားကစားလိုက်စားသင့်ပုံ

  • ·         အားကစားနည်းအမျိုးမျိုး

"ရခဲပေစွ လူ့ဘ၀" ပာု မြတ်စွာဘုရား ပောာကြားတော်မူခဲ့သည်အတိုင်း လူအဖြစ်လူ့ဘ၀သည် ရဖို့မလွယ်ပါ။ ရခဲ့ပြန်လျှင်လည်း ကျန်းမာကြံ့ခိုင်သောခန္ဓာ၊ထက်မြက်သော ဆင်ခြင်တုံတရားတို့နှင့် ပြည်စုံမှသာလျှင် ရရှိရကျိုးနပ်ပေမည်။ ကာယဗလ၊ဉာဏဗလ၊မိတ္တဗလ၊ စာရိတ္တဗလနှင့် ဘောဂဗလ စသော ဗလငါးတန်ပြည့်ဝ
ရန်အရေးကြီးလှသည်။ ဗလငါးတန်ပြည်ဝရန် လူငယ်ဘ၀မှာပင် အားကစားလိုက်စားသင့်ပါသည်။
လူငယ်တို့ဘ၀တွင် အမျိုးအစားနှစ်မျိုး အကြမ်းသတ်မှတ်ကြည့်မည်ဆိုလျှင် လူမိုက်နှင့်လူလိမ္မာပာူ၍ လွယ်လွယ်ဆိုရပါမည်။ လူမိုက်ပာူသည်ကား ကျောင်းသားဘ၀ကပင် စာမကြိုးစားဘဲ ကျောင်းပြေး၊ စည်းမဲ့
ကမ်းမဲ့နေကြသူများဖြစ်၏။ လူလိမ္မာကား ရိုးရိုးသားသား ကြိုးကြိုးစားစားနှင့် အပတ်တကုတ်လေ့လာကျက်မှတ်
သူများ ဖြစ်သည်။ သို့သော် စာကိုချည်းဖိကြိုးစား၍ ကျက်မှတ်နေသူများသည် ကျန်းမာရေးချိုတဲ့တက်ပါသည်။
ကျန်းမာရေးချိုတဲ့လျှင် ပညာဉာဏ်မည်မျှပင် တော်နေကောင်းပါစေ ခါးတစ်ပိုင်းကျိုးသောမြွေ ကဲ့သို ခရီးဆက်
ရန်ခက်ပေလိမ့်မည်။

ထိုကြောင့် လူငယ်များမလွဲမသေ အားကစားလိုက်စားဖြစ်စေရန် စာသင်ကျောင်းများတွင်
အားကစားကို ဘာသာရပ်တစ်ခုအဖြစ်ထည့်သွင်းထားရှိရပါသည်။
ကိုယ်လက်လှုပ်ရှား အားကစားမပြုလုပ်သူတို့တွင် အချိုက ခန္ဓာကိုယ်ထွားကျိုင်းခြင်းမရှိ၊ပိန်ချိချိ ဖြစ်ကြပြီး၊
အချို့မှာ ၀မ်းဗိုက်ဆူဖြိုး အသားတိုးလျက်ရှိတက်ကြ၏။ နှစ်မျိုးစလုံးပင် အစွန်းရောက်နေပြီး အမြင်မတင့်တယ်ပါ
ပုံမှန်အနေအထားဖြင့် ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ရန် အားကစားလှုပ်ရှားမူကို မဖြစ်မနေ ဆောင်ရွက်ရပါသည်။ အားကစားလှုပ်ရှားမူဆိုရာတွင် အားကစားရုံများသို့ သွားရောက်၍ ပြေးခုန်ပစ်ခြင်း၊ အလေးမခြင်းတို့ကို ပြုရမည်ချည်းမပာုတ်ပါ၊နေ့စဉ်ပြုမြဲ ဝေယျာဝစ္စ ပြုလုပ်ရင်ကပင် အားကစားလေ့ကျင့်
ပြီးဖြစ်နေတက်ပါသည်။
ယနေ့ခေတ်တွင် ကျောင်းသားကျောင်းသူလူငယ်များသည် တီဗီ၊ဗီဒီယို၊ဂိမ်း၊ အင်တာနက် စသည်တို့တွင် အထူးဂရုပြုအာရုံစိုက်လာသောကြောင့်အားကစားလှုပ်ရှားမှုပြုနည်းပါလာပါသည်၊ဘောလုံးပွဲများခေတ်စားလာ
သောကြောင့် ဘောလုံးဝါသနားအိုးများ ထောင်သောင်းမက ပေါ်ပေါက်လာစေကာမှု၇၅%ခန့်မှာ ရုပ်မြင်သံကြား
မှလွှင့်ထုတ်သော ဘောလုံးပွဲများအပေါ်မှာသာအာရုံကျက်စားသူများ ဖြစ်နေပေသည်။ကလေးသူငယ်ချင်းနှင့်
လူငယ်အချို့တို့မှာ လက်တွေ့ဘောလုံးကန်ရင် ၀ါသနာရှိကြသော်လည်း နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်း မရရှိမှုကြောင့် အခက်အခဲ တွေ့ကြရသည်။သူတို့အား ဘောလုံးကွင်းများသို့ အချိန်သတ်မှတ်သွားရောက်
ကစားနိုင်စေရန် မိဘများက ခွင့်ပြုသင့်ပေသည်။
ရုပ်မြင်သံကြားနှင့်အင်တာနက်တို့မှ ရရှိသော ဗပာုသုတများမှာ စိတ်အာပာာရအတွက် ကောင်းမွန်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသိအမြင်များ တိုးစေပါသည်။သို့သော် တန်ဆေး၊လွန်ဘေး ဆိုသကဲ့သို့ အလွန်
အကျွံ စိတ်နှစ်မထားဘဲအနားယူရပါမည်။ အနားယူသည်ဆိုရ၌ တေးဂီတနားထောင်ခြင်း၊မိတ်ဆွေများနှင့်
စကားပြောခြင်းတို့ပါဝင်ပေသည်။သို့သော် ၎င်းတို့သည်လည်းအညောင်းထိုင်းရသောကိစ္စက များပေသည်။
အားကစားလှုပ်ရှားမှုသည် ကိုယ်လက်ပေါ့ပါးလရွှင်လန်းသွားစေသောအရာဖြစ်သည်၊
ဘောလုံး ဘတ်စကက်ဘော၊ရေကူး၊ကြက်တောင်ရိုက် အဝေးခုန်၊အမြင့်ခုန်စသဖြင့် အားကစားနည်းများစွာရှိ
သည်အနက် နှစ်သက်ရာတစ်မျိုးမျိုးကို လေ့လာလိုက်စားနိုင်ကြပါသည်။ထို့ပြင် ကရတေး၊ဂျူဒို၊စားပွဲတင်
တင်းနစ်၊ပောာကီစသော အားကစားနည်းမျိုးများလည်း စုံလင်စွာရှိပါသေးသည်။ မြန်မာလူမျိုးတို့အတွက်မှာမှု
အားကစားသည် ခေတ်ပေါ်ဖက်ရှင်တစ်ခု မပာုတ်ပါ။ရှေးလက်မွန်မဆွကပင် ရှိခဲ့ပါသည်။ ပြာသိုလ၌ ကျင်းပသော မြင်းခင်းပွဲတော်၊လူငယ်လူရွယ်မင်းညီမင်းသားတို့ မြင်းစီးမြင်းပေါ်မှ ဓာတ်ခုတ်၊လှံထိုး၊မြားပစ်
စသဖြင့် စိတ်ဓာတ်တက်ကြွဖွယ်ရှိလှပါသည်။တောင်ငူခေတ်တွင် ကူလီသဘင်ကျင်းပကစားလေ့ရှိကြသည်။
ကူလီသီးပာုခေါ်သော သစ်သားလုံးချောကိုပြေးနေသော မြင်းပေါ်မှနေ၍ အောက်မကျအောင် တုတ်တံဖြင့် ခတ်ကစားရသောနည်းပာု ဆိုပါသည်။
သာမာန်ပြည်သူတို့အတွက်လည်း ပိုက်ကျော်ခြင်း၊ခြင်းအလှခတ်၊ခြင်းအယိုင်ခတ် စသဖြင့် ခြင်းလုံးကစားနည်း
အမျိုးမျိုးရှိသည်။ ထုတ်ဆီးထိုးနည်းသည် မိန်းကလေးများ ကစားကြသော အားကစားဖြစ်သော်လည်း ယောက်ျားလေးများလည်း ပါဝင်ကစားလေ့ရှိကြပါသည်။ မြန်ဆန်၍ လှုပ်ရှားမှုအများဆုံးကစားနည်း ဖြစ်ပါသည်
ချောတိုင်တက်ပွဲ၊ခေါင်းအုံးရိုက်ပွဲအစရှိသော အားကစားနည်းများမှာ ကြံ့ခိုင်မှုလည်းရှိ၊ သက်လုံးလည်းကောင်း၊
ပျော်ရွှင်ဖွယ်လည်းဖြစ်သော အားကစားဖြစ်ပေသည်။
ယနေ့လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ကို ကာယဉာဏအားဖြင့် ဦးဆောင်သွားကြရမည်သူများဖြစ်သည်၊လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးမှတိုင်းပြည် ဘက်စုံတိုးတက်မည်။ထိုကြောင့်လူငယ်များသည် ကျန်းမာကြံ့ခိုင်သန်စွမ်းရန်  အားကစားကို မုချလိုက်နာ
ဆောင်ရွက်ရပါမည်။


ကျွန်တော်မောင်စိုးကိုဆက်သွယ်ဆိုရင်တော့ mgsoemin1995@gmail.com ကိုဆက်သွယ်နိုင်ပါတယ်ဗျာ……

No comments:

Subscribe

လာလည်သူများ

free counters