♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

July 25, 2015

" သမုဒ္ဒရာ ရေမျက်နှာပြင်အောက်မှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင် "

မော်လ်ဒိုက်စ်နိုင်ငံဟာ အလှအပ တရားတွေနဲ့ ပြည့်စုံနေတဲ့နေရာ တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာ့အလှဆုံး ပင်လယ်သမုဒ္ဒရာတွေကို မြင်တွေ့နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုနေရာမျိုးမှာ ထူးခြားတဲ့ စားသောက်ဆိုင် တစ်ဆိုင်ကို တည်ဆောက်ထားပါတယ်။ ဒီစားသောက်ဆိုင်ဟာ အိန္ဒိယ သမုဒ္ဒရာရဲ့
 ရေမျက်နှာပြင် ပေ ( ၂၀) အောက်မှာ တည်ရှိတာ ဖြစ်ပြီး၊ အရင်က နိုက်ကလပ် ဖွင့်လှစ်ခဲ့တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီနိုက်ကလပ်ဟာ ရေအောက်မှာ ပထမဆုံး တည်ဆောက်ထားခြင်း အဖြစ် မှတ်တမ်းတင် ထားပါတယ်။ နိုက်ကလပ် ဖွင့်လှစ်ခဲ့တဲ့ နေရာကို စားသောက်ဆိုင်အဖြစ် အသွင်ပြောင်းရာမှာ အကောင်းဆုံး အရာတွေနဲ့ ဖန်တီးခဲ့ပါတယ်။ စားသောက်နေရင်း အလွန်လှပတဲ့ ရှုခင်းတွေကို မြင်တွေ့ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီနေရာကို ရောက်ရှိဖို့ အလွန်မြန်လှတဲ့ စပိဘုတ်တွေ
 
စီးသွားရမှာ ဖြစ်ပြီး၊ သတ်မှတ်ထားတဲ့ နေရာရောက်ရင် လှေခါးထစ်တွေကနေ ဆင်းသွားရင် စားသောက်ဆိုင်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အရင်က နိုက်ကလပ်အဖြစ်လည်းကောင်း၊ နေ့လယ်စာ စားနိုင်တဲ့နေရာ အဖြစ်လည်းကောင်း ဖွင့်လှစ်ထားပေမယ့် လက်ရှိမှာတော့ မင်္ဂလာပွဲတွေအပြင် အစည်းအဝေးပွဲတွေနဲ့ အခြားပွဲတွေကိုလည်း လက်ခံကျင်းပ ပေးနေတယ်လို့ သိရပါတယ်။











Credit : http://messengernewsjournal.com/General/Eventure/detail.php?id=41019

No comments:

Subscribe

လာလည်သူများ

free counters