မောင်..
ဓူဝံ ကြယ်စင် တွေ မဆွတ်ခိုင်းပါဘူး။
မ အတွက်
အိမ်စည်းတန်းက ပွင့်နေတဲ့
စံပါယ်ပန်းလေးဘဲ ခူးခဲ့ပေးပါ။
ရောဘတ်တေလာလို အဲလီဇဘက်တေလာဖို့ 
စိန်ကြီိးကြီိးလက်စွပ် ကျမမလိုပါဘူး။
မောင် ဒုလဘ္ဘ ရဟန်းဝတ်တဲ့အခါ
ကျမ ရဟန်းအမ ဆုထူးဘဲပန်ပါရစေ။
မိဘုရားရဲ့စည်းစိမ် မလိုချင်ပါဘူး။
သက်ဆုံးတိုင် ရိုးမြေကျ ပေါင်းဖို့ ဘဲ ကတိပေးပါ။
ပန်းမွေ့ယာ ရွှေကော်ဇော
ဆင်စွယ် စံနန်းတော်..
ကျမ မဟေသီလို မပျော်ချင်ပါဘူး.
ချစ်သူနဲ့ဆို မြေတလင်း..
ကျမကျောခင်းနိုင်ပါတယ်.
ရွှေငွေ အရောင်အဝါ
ဘာမှ ကျမ မလိုပါဘူး.
ကန်ရေပြင်ပေါ် လှေ အတူတူလှော်ခတ်ရင်း
ကြာပန်းတွေခူး
ကြာဆစ်ကြိုး လည်ဆွဲလေးဘဲ ပေးလှဲ့ ပါ။
မတရားဆိုးသွမ်း လုယက်စားမှ
ဝမ်းဝ ခါးလှ၊ သခင်အားရ ကျွန်ပါးဝ
ကျမ မင်းကတော်လည်း မဖြစ်ပါရစေနဲ့ ။
အကြင်နာ နားလည်မှုအပေါင်း
အေးချမ်းသောဘ၀ရဲ့ သရဖူဆောင်း
ဆွမ်းဦးပေါင်းကလေး တူတူလောင်း
ဘ၀ ဆက်တိုင်းဘဲ မောင်နဲ့ ပေါင်းပါရစေ။
မ ( ၁၁။၇။၂၀၀၈)
Credit : http://honeysusukyaw.blogspot.co.uk/2008/11/blog-post_972.html
No comments:
Post a Comment